တူချယ် ပါဝါပြချင်တယ် ဆိုပေမယ့် လီဗာပူးနဲ့ပွဲမှ လူကာကူ ကို ချန်ခဲ့ရသလား လို့ မချင့်မရဲ ဖြစ်နေသူ

ညက လီဗာပူး အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူကာကူကို အသင်းရဲ့ ချဲလ်ဆီး လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ နည်းပြ တူချယ်လ်အား အာဆင်နယ် အသင်းတိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် ကတော့ ဝေဖန်လိုက်ပါတယ်။

လူကာကူ ဟာ ချဲလ်ဆီး အသင်းမှာ မပျော်ရွှင်ဘူးဆိုတာ အပါအဝင် ဖြေကြားခဲ့တဲ့ အင်တာဗျုးတွေနဲ့ ပတ်သက်ပြီး နည်းပြ တူချယ်လ် က ဒေါသထွက်နေခဲ့တာပါ။ ဒီလိုပြောဆိုခဲ့တာတွေကြောင့် လီဗာပူး နဲ့ ပွဲကြီးပွဲကောင်းမှာတောင် ချဲလ်ဆီး အသင်းနည်းပြ က ပွဲထွက်ရော အရန်ုမှာပါ အသုံးမပြုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကတော့ တူချယ်လ် အနေနဲ့ လူကာကူ ကို အခုလို ချန်လှပ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကီဗင်ကမ်းဘဲလ် က “တူချယ်လ် အနေနဲ့ သူ့ရဲ့ပါဝါကို ပြသရမယ်ဆိုတာကို နားလည်ပါတယ်။ ခင်ဗျား အနေနဲ့ အနိုင် ရဖို့အတွက် လက်နက်တွေ အကုန်လိုပါတယ်။ ထိပ်ဆုံးက မန်စီးတီးကို ကြည့်လိုက်မယ်ဆိုရင် (၁၁)မှတ် လောက်အထိ ကွာဟနေတာပါ”

“ဒီပွဲက အဓိက ပြိုင်ဘက် တစ်သင်းကို ခင်ဗျားရဲ့ အိမ်ကွင်းမှာ အနိုင်ကစားရမယ့် ဖြစ်ပြီး ဒီလိုပွဲမှာမှ အဓိက တိုက်စစ်မှူး ကို ချန်ထားခဲ့တာ။ ဒါက မမှန်ပါဘူး ။ခင်ဗျားသူ့ကို ကစားခိုင်းရမှာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန် ကနေ ရောက်ရှိလာတဲ့ လူကာကူ ဟာ စီးရီးအေ ကလပ်အသင်းထံ ပြန်သွားချင်တယ်လို့ လည်း ပြောထားပါတယ်။

ချဲလ်ဆီး အသင်းနည်းပြ တူချယ်လ် ကတော့ ဒီနေ့မှာ လူကာကူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အတည်ပြုထားပြီး ကစားသမားအနေနဲ့ အသင်းအတွက် ပြန်လည်ကစားရဖွယ်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

လူကာကူ ဟာ ချယ်လ်ဆီး အသင်းကို ရောက်ရောက်ချင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာ အခြေအနေတွေကြောင့် ပွဲကစားခွင့် ပြန်လည်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လူကာကူ ဟာ ချဲလ်ဆီး အသင်းအတွက် (၁၈)ပွဲကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ZG

ညက လီဗာပူး အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လူကာကူကို အသင္းရဲ႕ ခ်ဲလ္ဆီး လူစာရင္းကေန ခ်န္လွပ္ခဲ့တဲ့ နည္းျပ တူခ်ယ္လ္အား အာဆင္နယ္ အသင္းတိုက္စစ္မႉးေဟာင္း ကီဗင္ကမ္းဘဲလ္ ကေတာ့ ေဝဖန္လိုက္ပါတယ္။

လူကာကူ ဟာ ခ်ဲလ္ဆီး အသင္းမွာ မေပ်ာ္႐ႊင္ဘူးဆိုတာ အပါအ၀င္ ေျဖၾကားခဲ့တဲ့ အင္တာဗ်ဳးေတြနဲ႔ ပတ္သက္ၿပီး နည္းျပ တူခ်ယ္လ္ က ေဒါသထြက္ေနခဲ့တာပါ။ ဒီလိုေျပာဆိုခဲ့တာေတြေၾကာင့္ လီဗာပူး နဲ႔ ပြဲႀကီးပြဲေကာင္းမွာေတာင္ ခ်ဲလ္ဆီး အသင္းနည္းျပ က ပြဲထြက္ေရာ အရန္ုမွာပါ အသုံးမျပဳခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ တိုက္စစ္မႉးေဟာင္း ကေတာ့ တူခ်ယ္လ္ အေနနဲ႔ လူကာကူ ကို အခုလို ခ်န္လွပ္ခဲ့တာဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

ကီဗင္ကမ္းဘဲလ္ က “တူခ်ယ္လ္ အေနနဲ႔ သူ႔ရဲ႕ပါဝါကို ျပသရမယ္ဆိုတာကို နားလည္ပါတယ္။ ခင္ဗ်ား အေနနဲ႔ အႏိုင္ ရဖို႔အတြက္ လက္နက္ေတြ အကုန္လိုပါတယ္။ ထိပ္ဆုံးက မန္စီးတီးကို ၾကည့္လိုက္မယ္ဆိုရင္ (၁၁)မွတ္ ေလာက္အထိ ကြာဟေနတာပါ”

“ဒီပြဲက အဓိက ၿပိဳင္ဘက္ တစ္သင္းကို ခင္ဗ်ားရဲ႕ အိမ္ကြင္းမွာ အႏိုင္ကစားရမယ့္ ျဖစ္ၿပီး ဒီလိုပြဲမွာမွ အဓိက တိုက္စစ္မႉး ကို ခ်န္ထားခဲ့တာ။ ဒါက မမွန္ပါဘူး ။ ခင္ဗ်ား သူ႔ကို ကစားခိုင္းရမွာပါ”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီကမွ အင္တာမီလန္ ကေန ေရာက္ရွိလာတဲ့ လူကာကူ ဟာ စီးရီးေအ ကလပ္အသင္းထံ ျပန္သြားခ်င္တယ္လို႔ လည္း ေျပာထားပါတယ္။

ခ်ဲလ္ဆီး အသင္းနည္းျပ တူခ်ယ္လ္ ကေတာ့ ဒီေန႔မွာ လူကာကူနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္မွာ ျဖစ္တယ္လို႔ အတည္ျပဳထားၿပီး ကစားသမားအေနနဲ႔ အသင္းအတြက္ ျပန္လည္ကစားရဖြယ္ရွိတယ္လို႔လည္း ေျပာဆိုထားပါတယ္။

လူကာကူ ဟာ ခ်ယ္လ္ဆီး အသင္းကို ေရာက္ေရာက္ခ်င္းမွာ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဒဏ္ရာ အေျခအေနေတြေၾကာင့္ ပြဲကစားခြင့္ ျပန္လည္ရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ လူကာကူ ဟာ ခ်ဲလ္ဆီး အသင္းအတြက္ (၁၈)ပြဲကစားထားၿပီး (၇)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။