ချဲလ်ဆီး ကြယ်ပွင့်ဟောင်း ဟာဇက်ကို ခေါ်ချင်နေတဲ့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်

လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ် ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလာတို့ကို အာဖရိက ဖလားပြိုင်ပွဲဆီ စေလွှတ်ခဲ့ရတာကြောင့် အားနည်းသွားမယ့် တိုက်စစ်ပိုင်း အတွက် ချဲလ်ဆီး ကြယ်ပွင့်ဟောင်း လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဖရိကဖလား ပြိုင်ပွဲကို ယခုလ ၉ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၇ရက်နေ့ အထိ တလနီးပါး ကြာအောင် ကျင်းပဖို့ ရှိနေပြီး လီဗာပူးအသင်းဟာ ထိုပြိုင်ပွဲဆီ ဆာလာ ၊ မာနေး ၊ နာဘီကီတာ ၊ မာတစ် စတဲ့ အသင်းရဲ့ အဓိက ကစားသမားတွေကို စေလွှတ်ထားရပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ နာဘီကီတာနဲ့ နောက်ခံလူ မာတစ်တို့ရဲ့ နေရာတွေကို အရန်သင့် အစားထိုးနိုင်မယ့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ဆာလာနဲ့ မာနေးတို့ရဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့ ခက်ခဲနေပြီး မာနေးနဲ့ ဆာလာတို့ မရှိချိန်မှာ တိုက်စစ်ပိုင်းက ရွေးချယ်စရာ မကျန်တော့ပဲ ဖာမီနို ၊ အော်ရီဂီနဲ့ ဂျိုတာတို့ အတွဲကိုသာ အသုံးပြုရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံရဖူးတဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟာဇက်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။

စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ကလော့ပ်က ဟာဇက်ကို ခပ်မြန်မြန် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေ ကတော့ ဟာဇက်ကို ခေါ်ယူဖို့ အနည်းငယ် တွန့်ဆုတ်နေကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင် ဟာဇက်ဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ဒဏ်ရာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ရီးရဲလ်မက်ဒရစ် အသင်းက ဟာဇက် အတွက် ယူရို ၃၀သန်း ပေးချေမယ့် အသင်း ရှိနေရင် ဟာဇက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ZG

လီဗာပူးအသင္းရဲ႕ နည္းျပ ကေလာ့ပ္ ကေတာ့ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ႏွစ္ဦး ျဖစ္တဲ့ ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလာတို႔ကို အာဖရိက ဖလားၿပိဳင္ပြဲဆီ ေစလႊတ္ခဲ့ရတာေၾကာင့္ အားနည္းသြားမယ့္ တိုက္စစ္ပိုင္း အတြက္ ခ်ဲလ္ဆီး ၾကယ္ပြင့္ေဟာင္း လက္ရွိ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမား အီဒင္ ဟာဇက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အာဖရိကဖလား ျပိဳင္ပြဲကို ယခုလ ၉ရက္ေန႔ ကေန ေဖေဖာ္ဝါရီလ ၇ရက္ေန႔ အထိ တလနီးပါး ၾကာေအာင္ က်င္းပဖို႔ ရွိေနၿပီး လီဗာပူးအသင္းဟာ ထိုျပိဳင္ပြဲဆီ ဆာလာ ၊ မာေနး ၊ နာဘီကီတာ ၊ မာတစ္ စတဲ့ အသင္းရဲ႕ အဓိက ကစားသမားေတြကို ေစလႊတ္ထားရပါတယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္လူ နာဘီကီတာနဲ႔ ေနာက္ခံလူ မာတစ္တို႔ရဲ႕ ေနရာေတြကို အရန္သင့္ အစားထိုးႏိုင္မယ့္ ကစားသမားေတြကို ပိုင္ဆိုင္ထားေပမယ့္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ႏွစ္ဦး အျဖစ္ ေျခစြမ္းျပ ကစားေနတဲ့ ဆာလာနဲ႔ မာေနးတို႔ရဲ႕ ကြက္လပ္ကို ျဖည့္တင္းဖို႔ ခက္ခဲေနၿပီး မာေနးနဲ႔ ဆာလာတို႔ မရွိခ်ိန္မွာ တိုက္စစ္ပိုင္းက ေ႐ြးခ်ယ္စရာ မက်န္ေတာ့ပဲ ဖာမီႏို ၊ ေအာ္ရီဂီနဲ႔ ဂ်ိဳတာတို႔ အတြဲကိုသာ အသုံးျပဳရဖို႔ ရွိေနပါတယ္။

ဒါေၾကာင့္ပဲ လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ကေလာ့ပ္ဟာ တခ်ိန္က ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေတာင္ပံတိုက္စစ္ ကစားသမား အျဖစ္ သတ္မွတ္ခံရဖူးတဲ့ ရီးရဲလ္မက္ဒရစ္ ၾကယ္ပြင့္ အီဒင္ ဟာဇက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ၿပီး ဟာဇက္ကို ရာသီဝက္အငွား + ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္နဲ႔ ကမ္းလွမ္းဖို႔ ဆႏၵရွိေနပါတယ္။

စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ El Nacional သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ကေလာ့ပ္က ဟာဇက္ကို ခပ္ျမန္ျမန္ ေခၚယူေပးဖို႔ အသင္းရဲ႕ တာဝန္ရွိသူေတြထံ ေတာင္းဆိုထားၿပီး လီဗာပူးအသင္းရဲ႕ တာဝန္ရွိသူေတြ ကေတာ့ ဟာဇက္ကို ေခၚယူဖို႔ အနည္းငယ္ တြန႔္ဆုတ္ေနေၾကာင္း သိရပါတယ္။

အသက္ ၃၀အ႐ြယ္ ဘယ္လ္ဂ်ီယံ အသင္းေခါင္းေဆာင္ အီဒင္ ဟာဇက္ဟာ တခ်ိန္က ကမာၻ႔အေကာင္းဆုံး ကစားသမားေတြ ထဲက တဦး အျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ဒဏ္ရာေတြေၾကာင့္ ပုံမွန္ ေျခစြမ္းေကာင္း တရပ္ကို ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး ရီးရဲလ္မက္ဒရစ္ အသင္းက ဟာဇက္ အတြက္ ယူ႐ို ၃၀သန္း ေပးေခ်မယ့္ အသင္း ရွိေနရင္ ဟာဇက္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားပါတယ္။