မန်ယူ အသင်းခေါင်းဆောင် လက်ပတ်ကို ဒိုလေး အစား တွန်မီနေး ကို ပေးသင့်တယ် ဆိုတဲ့ သရဲနီဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးအတွက် ရော်နယ်ဒို အစား ကွင်းလယ်လူ တွမ်မီနေးကိုပဲ ခန့်အပ်သင့်တယ်လို့ မန်ယူ ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က ပြောကြာလိုက်ပါတယ်။

ဝုဗ်နဲ့ ပွဲမှာ မန်ယူ လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းရား မပါဝင်နိုင်တာကြောင့် ရော်နယ်ဒို အား အသင်းခေါင်းဆောင် လက်ပတ် ပေးခဲ့ပြီး ရော်နယ်ဒိုပဲ အသင်းခေါင်းဆောင် ဖြစ်သင့်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ပေါလ်အင့်စ်ကတော့ တွမ်မီနေးကိုပဲ အသင်းခေါင်းဆောင် ရာထူး ပေးသင့်တယ်လို့ ပြောဆိုလိုက်တာပါ။

“ကျနော်သာ ဆိုရင် တွမ်မီနေးကိုပဲ ပေးမှာပါ။ အသင်းခေါင်းဆောင်ရာထူး အတွက် ကွင်းထဲက စွမ်းဆောင်ရည်ကို အခြေခံပြီး ပေးသင့်ပါတယ်”

“တွမ်မီနေးက အသက် (၂၅) နှစ်ရှိပြီး သူ့အတွက် ကောင်းမွန်တဲ့ အချိုးအကွေ့ဖြစ်နိုင်ပါတယ်။ ဘာလို့ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် ခန့်ရမှာလဲ?”

“ယူနိုက်တက် ရှုံးပြီးဆိုရင် ရော်နယ်ဒိုက အမြဲတမ်း ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတာပါ။ အသင်းခေါင်းဆောင် ဆိုတာ ဥပမာတရပ်ပါ။ တွမ်မီနေး ကစားပုံ၊ ပေးဆပ်မှုတွေကြောင့် သူ့ကိုပဲ အသင်းခေါင်းဆောင် ခန့်အပ်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

တွမ်မီနေးဟာ ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပီယာလို၊ ဇီဒန်း၊ ပေါလ်စခိုးလ်တို့နဲ့တောင် ခိုင်းနှိုင်းခံခဲ့ရသေးတာပါ။

ဒါပေမယ့် မန် ယူနိုက်တက် ကွင်းလယ်က တွမ်မီနေး၊ ဖရက်ဒ်၊ မာတစ်တို့က ဘယ်လိုပဲ တွဲဖက်ပါစေ၊ တည်ငြိမ်တဲ့ ပုံမှန်ခြေစွမ်း တခုကို ပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ ရာထူးအတြက္ ေရာ္နယ္ဒို အစား ကြင္းလယ္လူ တြမ္မီေနးကိုပဲ ခန႔္အပ္သင့္တယ္လို႔ မန္ယူ ကြင္းလယ္လူေဟာင္း ေပါလ္အင့္စ္က ေျပာၾကာလိုက္ပါတယ္။

ဝုဗ္နဲ႕ ပြဲမွာ မန္ယူ လက္ရွိ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းရား မပါဝင္နုိင္တာေၾကာင့္ ေရာ္နယ္ဒို အား အသင္းေခါင္းေဆာင္ လက္ပတ္ ေပးခဲ့ျပီး ေရာ္နယ္ဒိုပဲ အသင္းေခါင္းေဆာင္ ျဖစ္သင့္တယ္လို႔ ဆိုၾကသူေတြလည္း ရွိပါတယ္။

ဒါေပမယ့္ ေပါလ္အင့္စ္ကေတာ့ တြမ္မီေနးကိုပဲ အသင္းေခါင္းေဆာင္ ရာထူး ေပးသင့္တယ္လို႔ ေျပာဆိုလိုက္တာပါ။

“က်ေနာ္သာ ဆိုရင္ တြမ္မီေနးကိုပဲ ေပးမွာပါ။ အသင္းေခါင္းေဆာင္ရာထူး အတြက္ ကြင္းထဲက စြမ္းေဆာင္ရည္ကို အေျခခံၿပီး ေပးသင့္ပါတယ္”

“တြမ္မီေနးက အသက္ (၂၅) ႏွစ္ရွိၿပီး သူ႔အတြက္ ေကာင္းမြန္တဲ့ အခ်ိဳးအေကြ႕ျဖစ္ႏိုင္ပါတယ္။ ဘာလို႔ ေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္ ခန႔္ရမွာလဲ?”

“ယူႏိုက္တက္ ရႈံးၿပီးဆိုရင္ ေရာ္နယ္ဒိုက အၿမဲတမ္း ကြင္းထဲကေန စိတ္ပ်က္လက္ပ်က္နဲ႔ ထြက္သြားတာပါ။ အသင္းေခါင္းေဆာင္ ဆိုတာ ဥပမာတရပ္ပါ။ တြမ္မီေနး ကစားပုံ၊ ေပးဆပ္မႈေတြေၾကာင့္ သူ႔ကိုပဲ အသင္းေခါင္းေဆာင္ ခန႔္အပ္သင့္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

တြမ္မီေနးဟာ ဘန္ေလကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ပီယာလို၊ ဇီဒန္း၊ ေပါလ္စခိုးလ္တို႔နဲ႔ေတာင္ ခိုင္းႏႈိင္းခံခဲ့ရေသးတာပါ။

ဒါေပမယ့္ မန္ ယူႏိုက္တက္ ကြင္းလယ္က တြမ္မီေနး၊ ဖရက္ဒ္၊ မာတစ္တို႔က ဘယ္လိုပဲ တြဲဖက္ပါေစ၊ တည္ၿငိမ္တဲ့ ပုံမွန္ေျခစြမ္း တခုကို ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။