ပီအက်စ်ဂျီ၊ ရီးရဲလ်၊ ဘိုင်ယန်၊ ဂျူဗင် စတဲ့ ဥရောပ ဒိတ်ဒိတ်ကြဲတွေနဲ့ တန်းစီ ဆွေးနွေးနေတဲ့ ချဲလ်ဆီး ခံစစ်မှုး

ရာသီကုန်ရင် ချဲလ်ဆီးနဲ့ စာချုပ်ကုန်ဆုံးပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာတော့မယ့် နောက်ခံလူ ရူဒီဂါဟာ ဒီ ဇန်နဝါရီမှာ အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ် စတဲ့ အင်္ဂလန် ပြင်ပ ဥရောပ ဒိတ်ဒိတ်ကြဲကလပ်အသင်းတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဂျာမနီလက်ရွေးစင် ရူဒီဂါဟာ ယခုရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ချဲလ်ဆီးက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားမှုကလည်း အဆင်မပြေဖြစ်နေပါတယ်။

ရူဒီဂါက သူ့အနာဂတ်နဲ့ပတ်သက်လို့ အတိအကျပြောတာမျိုးမရှိသေးပေမယ့် ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး မက်ဒရစ်မှာ ချဲလ်ဆီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကော်တွိုက်စ်၊ ဟာဇက်တို့နဲ့ ပြန်လည် လက်တွဲဖွယ်ရှိနေပါတယ်။

စကိုင်းစပေါ့ သတင်းဌာနရဲ့ဖော်ပြချက်အရ ရူဒီဂါဟာ နွေရာသီမှာ အသင်းပြောင်းရွှေ့ရေးအတွက် ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ် တို့နဲ့ အလွတ်သဘောမျိုး ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးက စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်သေးသလို ကစားသမားကိုယ်တိုင်ကလည်း စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့ အကြောင်းကို မငြင်းဆန်ခဲ့ပေမယ့် ချဲလ်ဆီးက တစ်ပတ်လုပ်ခလစာ ပေါင် ၁၄၀၀၀၀ နဲ့ပဲ ကမ်းလှမ်းချိန်မှာ ရီးရဲလ်က အဲဒီ လစာရဲ့နှစ်ဆအထိ ကမ်းလှမ်းထားပါတယ်။

ချဲလ်ဆီးမှာ အဓိက နောက်ခံလူ ၄ဦးစလုံး ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားက ၁နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ရူဒီဂါ၊ ခရစ္စတီယန်ဆန်နဲ့ အက်စ်ပီလီကျူတာတို့ကတော့ အခြေအနေ မပြောင်းလဲသေးဘူး လို့ သိရပါတယ်။

ZG

ရာသီကုန္ရင္ ခ်ဲလ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးျပီး ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ႐ူဒီဂါဟာ ဒီ ဇန္နဝါရီမွာ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေရးအတြက္ ရီးရဲလ္၊ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္ စတဲ့ အဂၤလန္ ျပင္ပ ဥေရာပ ဒိတ္ဒိတ္ၾကဲကလပ္အသင္းေတြနဲ႕ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ ႐ူဒီဂါဟာ ယခုရာသီအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးက သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားမႈကလည္း အဆင္မေျပျဖစ္ေနပါတယ္။

႐ူဒီဂါက သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ အတိအက်ေျပာတာမ်ိဳးမရွိေသးေပမယ့္ ရီးရဲလ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး မက္ဒရစ္မွာ ခ်ဲလ္ဆီး အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ေကာ္တြိဳက္စ္၊ ဟာဇက္တို႔နဲ႔ ျပန္လည္ လက္တြဲဖြယ္ရွိေနပါတယ္။

စကိုင္းစေပါ့ သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ႐ူဒီဂါဟာ ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ေရးအတြက္ ရီးရဲလ္၊ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္ တို႔နဲ႔ အလြတ္သေဘာမ်ိဳး ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးက စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ ေမွ်ာ္လင့္ခ်က္ကို မစြန႔္လႊတ္ေသးသလို ကစားသမားကိုယ္တိုင္ကလည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္တဲ့ အေၾကာင္းကို မျငင္းဆန္ခဲ့ေပမယ့္ ခ်ဲလ္ဆီးက တစ္ပတ္လုပ္ခလစာ ေပါင္ ၁၄၀၀၀၀ နဲ႔ပဲ ကမ္းလွမ္းခ်ိန္မွာ ရီးရဲလ္က အဲဒီ လစာရဲ႕ႏွစ္ဆအထိ ကမ္းလွမ္းထားပါတယ္။

ခ်ဲလ္ဆီးမွာ အဓိက ေနာက္ခံလူ ၄ဦးစလုံး ရာသီအကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားက ၁ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ ႐ူဒီဂါ၊ ခရစၥတီယန္ဆန္နဲ႔ အက္စ္ပီလီက်ဴတာတို႔ကေတာ့ အေျခအေန မေျပာင္းလဲေသးဘူး လို႔ သိရပါတယ္။