အူဘာမီယန်း ကို ရောင်းလည်း ရောင်းချင်၊ ဈေးနှိမ်ခံရမှာလည်း စိုးရိမ်နေရတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းကတော့ တိုက်စစ်မှုး အူဘာမီယန်းကို အခု ဇန်နဝါရီ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချ ရှင်းထုတ်သွားချင်တဲ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ် ရှိနေပါတယ်။
ဒါပေမယ့် ကစားသမားရဲ့ စည်းကမ်းပိုင်း မလိုက်နာမှုတွေနဲ့ လတ်တလောကမှ အသင်းခေါင်းဆောင် တာဝန်ကနေပါ ဖယ်ရှား ခံထားရခြင်း တွေကြောင့် ကစားသမားရဲ့တန်ဖိုး ကျဆင်းကော ဈေးနှိမ်ခံရမှာကိုလည်း အာဆင်နယ် က စိတ်ပူလို့နေပါတယ်။

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ အသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာမှု အားနည်း တာတွေကြောင့် အာဆင်နယ်နည်းပြ အာတီတာက အူဘာမီယန်းကို အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကနေ ဖယ်ရှားခဲ့တဲ့အပြင် အသင်းရဲ့ ပွဲစဉ်တွေကိုမှာ ဆက်တိုက်ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အပြစ်ပေးမှုတွေအပြင် အခု ဆောင်းရာသီ ဈေးကွက်အတွင်းမှာပဲ အူဘာမီယန်းကို အသင်းကနေ ရောင်းထုတ် သွားချင်နေတာဖြစ်လို့ အူဘာမီယန်းကို ခေါ်ယူနိုင်ကြောင်း ဥရောပ ကလပ်အသင်းများစွာကို အသိပေးထားခဲ့တယ်လို့ ဒေးလီးမေးလ် ကနေ ဖော်ပြလာခဲ့ပါတယ်။
ဒါပေမယ့်လည်း ကစားသမားရဲ့ လတ်တလော အခြေအနေတွေကြောင့် အူဘာမီယန်းကို တန်ကြေး အနည်းငယ် လောက်နဲ့သာ ကမ်းလှမ်းလာမှာကို အာဆင်နယ်အသင်းဘက်က စိုးရိမ်လို့နေပါတယ်။
လက်ရှိမှာတော့ အူဘာမီယန်းကို ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး နယူးကာဆယ်ကလည်း အလိုရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၃၂)နှစ် အရွယ်ရှိ တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်ကနေ အာဆင်နယ် ထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၁၆၃)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး (၉၂)ဂိုး ထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

ZG
အာဆင္နယ္အသင္းကေတာ့ တိုက္စစ္မႈး အူဘာမီယန္းကို အခု ဇန္နဝါရီ ေစ်းကြက္အတြင္းမွာပဲ အသင္းကေန ေရာင္းခ် ရွင္းထုတ္သြားခ်င္တဲ့အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားသြားဖြယ္ ရွိေနပါတယ္။
ဒါေပမယ့္ ကစားသမားရဲ႕ စည္းကမ္းပိုင္း မလိုက္နာမႈေတြနဲ႔ လတ္တေလာကမွ အသင္းေခါင္းေဆာင္ တာဝန္ကေနပါ ဖယ္ရွား ခံထားရျခင္း ေတြေၾကာင့္ ကစားသမားရဲ႕တန္ဖိုး က်ဆင္းေကာ ေစ်းႏွိမ္ခံရမွာကိုလည္း အာဆင္နယ္ က စိတ္ပူလို႔ေနပါတယ္။
ဂါဘြန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား အူဘာမီယန္းဟာ အသင္းမွာ စည္းကမ္းပိုင္းဆိုင္ရာ လိုက္နာမႈ အားနည္း တာေတြေၾကာင့္ အာဆင္နယ္နည္းျပ အာတီတာက အူဘာမီယန္းကို အသင္းရဲ႕ အသင္းေခါင္းေဆာင္ တာဝန္ကေန ဖယ္ရွားခဲ့တဲ့အျပင္ အသင္းရဲ႕ ပြဲစဥ္ေတြကိုမွာ ဆက္တိုက္ခ်န္လွပ္ခဲ့တာ ျဖစ္ပါတယ္။
ဒီလို အျပစ္ေပးမႈေတြအျပင္ အခု ေဆာင္းရာသီ ေစ်းကြက္အတြင္းမွာပဲ အူဘာမီယန္းကို အသင္းကေန ေရာင္းထုတ္ သြားခ်င္ေနတာျဖစ္လို႔ အူဘာမီယန္းကို ေခၚယူႏိုင္ေၾကာင္း ဥေရာပ ကလပ္အသင္းမ်ားစြာကို အသိေပးထားခဲ့တယ္လို႔ ေဒးလီးေမးလ္ ကေန ေဖာ္ျပလာခဲ့ပါတယ္။
ဒါေပမယ့္လည္း ကစားသမားရဲ႕ လတ္တေလာ အေျခအေနေတြေၾကာင့္ အူဘာမီယန္းကို တန္ေၾကး အနည္းငယ္ ေလာက္နဲ႔သာ ကမ္းလွမ္းလာမွာကို အာဆင္နယ္အသင္းဘက္က စိုးရိမ္လို႔ေနပါတယ္။
လက္ရွိမွာေတာ့ အူဘာမီယန္းကို ဂ်ဳဗင္တပ္စ္အသင္းက စိတ္ဝင္စားေနၿပီး နယူးကာဆယ္ကလည္း အလိုရွိေနတယ္လို႔ သတင္းထြက္ေနပါတယ္။
အသက္(၃၂)ႏွစ္ အ႐ြယ္ရွိ တိုက္စစ္ကစားသမား အူဘာမီယန္းဟာ ၂၀၁၈ခုႏွစ္ကမွ ေဒါ့မြန္ကေန အာဆင္နယ္ထံ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အသင္းအတြက္ (၁၆၃)ပြဲ ပါဝင္ကစားထားၿပီး သြင္းဂိုး (၉၂)ဂိုး ထိကို သြင္းယူထားႏိုင္ခဲ့ပါတယ္။