ရန်နစ်နဲ့ဆို ထွက်မယ့်အသင်းသားများ၊ ပရီးမီးယားလိဂ် ပြန်လာမယ့် ထရစ်ပီယာနဲ့ ကော်တင်ဟိုနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်ယူ နည်းပြ ရန်နစ်ဟာ အ၀တ်လဲခန်းအတွင်းမှာ ကစားသမားတွေနဲ့ ပြဿနာတချို့ရင်ဆိုင်ရနေကြောင်း သိရပါတယ်။ မန်ယူ ကစားသမားတွေက ရန်နစ်ရဲ့နည်းစနစ်ပိုင်းကို အထင်ကြီးမှု မရှိ ဖြစ်နေကြပြီး ရန်နစ်သာ ဆက်ရှိမယ်ဆိုရင် ကစားသမား ၁၁ ဦးခန့်က အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြကြောင်း Mirror က ဖော်ပြထားပါတယ်။
ရီးရဲမက်ဒရစ်အနေနဲ့ ချဲလ်ဆီး နောက်ခံလူရူဒီဂါကို ခေါ်ယူရေး လက်လျှော့လိုက်ပြီဖြစ်ကြောင်း မာကာက ဖော်ပြ ထားပါတယ်။ ရူဒီဂါအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းတောင်းဆိုခဲ့ပြီးရီးရဲအနေနဲ့ အဲဒီပမာဏကို ပေးချေလိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးကစားသမားသမားဟောင်း မီကာရတ်ချက်က လီဗာပူး တိုက်စစ်မှူး ဆာလတ်ဟာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုလို အဆင့်မျိုး ရှိသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်ဟာ ဆာလတ်အတွက် အခမ်းနားဆုံး ဆိုရင် လာမဲ့နှစ်မှာ့ ပိုပြီးတောက်ပနိုင်ပြီး ဘလွန်းဒီအော ဆုရယူနိုင်ဖို့ အခွင့်အရေး ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ။် ဒါပေမဲ့ အမ်ဘာပေကိုယ်တိုင်ကတော့ သူ့အနေနဲ့ ဇန်န၀ါရီမှာ ရီးရဲကိုပြောင်းမှာ မဟုတ်ဘူးလို့ ဖွင့်ဟထားပါတယ်။
အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာအနေနဲ့ ပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်းဖာဘရီဇီယိုက ဖော်ပြထားပါတယ။် ထရစ်ပီယာအနေနဲ့ ယူကေမှာ ဆေးစစ်ဖို့ ခံယူထားပြီး နယူးကာဆယ်ပိုင်ရှင်သစ်တွေရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်လာမှာပါ။
ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်အနေနနဲ့ နူးကမ့်မှာသာ ဆက်နေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဘာစီလိုနာ အနေနဲ့ အပြောင်းအရွှေ့ဘတ်ဂျက်ရအောင် ဆာဂျီနိုဒက်စ်ကိုရောင်းထုတ်လိုနေတာပါ။လက်ရှိမှာတော့ အမေရိကန်ကြယ်ပွင့်ကို ဘိုင်ယန်၊ အက်သလက်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အက်သလက်တီတို တိုက်စစ်မှူးဆွာရက်ဇ် ဟာ ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း အီတလီသတင်း က ဖော်ပြထားပါတယ်။ ဂျူဗင်တပ် ဟာ အတိတ်မှာတုန်းက မိုရာတာ အစား ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ဗီလာနဲ့ အဲဗာတန်တို့က စိတ်ဝင်စားလျက်ရှိနေကြောင်း Goal က ဖော်ပြထားပါတယ်။ ဘာစီလိုနာအနေနဲ့ ၂၉ နှစ်အရွယ်ကစားသမားကို ဇန်န၀ါရီမှာ ရှင်းထုတ်လိုနေပြီး သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အလွန်နီးစပ်နေပါတယ်။

ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာအနေနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဒွန်ုနာရမ်မာဟာ လက်ရှိမှာ သီးသန့် နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပီအက်စ်ဂျီက မက်ဆီအပါအ၀င် ကစားသမား ၄ ဦး ကိုဗစ် ကူးစက်ခံခဲ့ရတာပါ။
မန်ယူ ဂိုးသမားဒီဂီယာက နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ချီးကျူးခဲ့ပြီး ဖီးလ်ဂျုံးစ်အနေနဲ့ သူ့ကိုယ်သူ ဂုဏ်ယူသင့်ကြောင်း၊ ၀ုဖ်နဲ့ပွဲက ဖီလ်ဂျုံးစ်ရဲ့စွမ်းရည်အပေါ် ပျော်ရွှင်မိပြီး သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူဟောင်း ၀ီလ်ရှိုင်းယားက သူ့အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး ဇန်န၀ါရီမှာ ကမ်းလှမ်းမှု တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ စပါးအသင်းဆီက ကမ်းလှမ်းမှုကိုတော့ မလိုလားဘူးလို့ အရွှန်းဖောက်ခဲ့ပါတယ်။