ရာသီကုန်ရင် အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်တဲ့ အကြောင်းအရင်း ကို မာဖီ ထုတ်ဖော်
ဒီရာသီမှာ အာဆင်နယ်ဟာ အဝေးကွင်း စွမ်းဆောင်ရည်မကောင်းတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မယ်လို့ လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီက သုံးသပ်လိုက်ပါတယ်။
အာဆင်နယ်ဟာ ပွဲ ၂၀ ကစားပြီးချိန် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဝက်စ်ဟမ်း ၊ တော့တင်ဟမ် ၊ ယူနိုက်တက်တို့နဲ့ အားပြိုင်နေရပါတယ်။

ဒါပေမယ့် မန်စီးတီးကိုအရေးနိမ့်ပြီးနောက် အာဆင်နယ်ဟာ ၅ ပွဲဆက် အနိုင်ရလဒ် မဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ထက် တိုးတက်လာတယ်ဆိုပေမယ့် မာဖီက အာဆင်နယ်ဟာ အဝေးကွင်း စွမ်းဆောင်ရည်ပြဿနာ ရှိနေတယ်လို ယုံကြည်နေပါတယ်။
“ဒီရာသီ သူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတစ်ချို့ကို မြင်ခဲ့ရပါတယ်။ တိုးတက်မှုတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် တည်ငြိမ်တဲ့ အနေအထား ရှိလာနေပါတယ်။ အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းဆို အာဆင်နယ်က ခြေစွမ်း ကျတတ်ပါတယ်။ အဲ့တာက ပြဿနာဖြစ်လာနိုင်ပါတယ်။
မန်စီးတီး၊ ယူနိုက်တက် နဲ့ လီဗာပူးတို့ကို အရေးနိမ့်ထားခဲ့ပါတယ်။ အဲ့လိုပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့တာမှ ထိပ်ဆုံး ၄ သင်းနေရာကို စိန်ခေါ်နိုင်မှာပါ”လို့ မာဖီက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ထက် အိမ်ကွင်းမှာ အမှတ်ပိုယူထားနိုင်တဲ့အသင်းအဖြစ် မန်စီးတီးတစ်သင်းတည်းသာ ရှိတာဖြစ်ကာ အိမ်ကွင်း ၁၀ ပွဲမှာ ၂၂ မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ZG
ဒီရာသီမွာ အာဆင္နယ္ဟာ အေဝးကြင္း စြမ္းေဆာင္ရည္မေကာင္းတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္မယ္လို႔ လီဗာပူး ကစားသမားေဟာင္း ဒန္နီမာဖီက သုံးသပ္လိုက္ပါတယ္။
အာဆင္နယ္ဟာ ပြဲ ၂၀ ကစားၿပီးခ်ိန္ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ဝက္စ္ဟမ္း ၊ ေတာ့တင္ဟမ္ ၊ ယူႏိုက္တက္တို႔နဲ႔ အားၿပိဳင္ေနရပါတယ္။
ဒါေပမယ့္ မန္စီးတီးကိုအေရးနိမ့္ၿပီးေနာက္ အာဆင္နယ္ဟာ ၅ ပြဲဆက္ အႏိုင္ရလဒ္ မေဖာ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီကထက္ တိုးတက္လာတယ္ဆိုေပမယ့္ မာဖီက အာဆင္နယ္ဟာ အေဝးကြင္း စြမ္းေဆာင္ရည္ျပႆနာ ရွိေနတယ္လို ယုံၾကည္ေနပါတယ္။
“ဒီရာသီ သူတို႔ရဲ႕စြမ္းေဆာင္ရည္ေကာင္းတစ္ခ်ိဳ႕ကို ျမင္ခဲ့ရပါတယ္။ တိုးတက္မႈေတြလည္း ရွိလာပါတယ္။ ဒါ့အျပင္ တည္ၿငိမ္တဲ့ အေနအထား ရွိလာေနပါတယ္။ အိမ္ကြင္းေကာင္းေပမယ့္ အေဝးကြင္းဆို အာဆင္နယ္က ေျခစြမ္း က်တတ္ပါတယ္။ အဲ့တာက ျပႆနာျဖစ္လာႏိုင္ပါတယ္။
မန္စီးတီး၊ ယူႏိုက္တက္ နဲ႔ လီဗာပူးတို႔ကို အေရးနိမ့္ထားခဲ့ပါတယ္။ အဲ့လိုပြဲေတြမွာ စြမ္းေဆာင္ရည္ေကာင္းျပသႏိုင္ဖို႔ လိုအပ္ပါတယ္။ အဲ့တာမွ ထိပ္ဆုံး ၄ သင္းေနရာကို စိန္ေခၚႏိုင္မွာပါ”လို႔ မာဖီက ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္ထက္ အိမ္ကြင္းမွာ အမွတ္ပိုယူထားႏိုင္တဲ့အသင္းအျဖစ္ မန္စီးတီးတစ္သင္းတည္းသာ ရွိတာျဖစ္ကာ အိမ္ကြင္း ၁၀ ပြဲမွာ ၂၂ မွတ္အထိ ရယူထားႏိုင္ခဲ့ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။