ရီးရဲလ်မက်ဒရစ်တောင် လက်လျှော့လိုက်ရတဲ့ ချဲလ်ဆီ နောက်ခံလူ ရူဒီဂါရဲ့ လစာ တောင်းဆိုမှု
ရီးရဲလ်မက်ဒရစ်အ သင်းဟာ ရာသီကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် နောက်ခံလူ ရူဒီဂါ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေကနေ နောက်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၈နှစ် အရွယ် ခံစစ်သမား ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆လထဲကို ရောက်လာပြီဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁သိန်း ၄သောင်း နဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပါတယ်။

ရူဒီဂါရဲ့ အေးဂျင့်တွေဟာ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ် အပါအဝင် အသင်း တော်တော်များများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်ခဲ့ပေမဲ့ ၂ဦး၂ဖက်ကြား ဆွေးနွေးမှုက တိုးတက်လာခြင်း မရှိဘူးလို့ စပိန် မာကာ သတင်းဌာနက ဆိုပါတယ်။
ရူဒီဂါဟာ ဘာနေဗြူးမှာ ကစားဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း အထိ တောင်းဆိုခဲ့ပေမဲ့ မက်ဒရစ် တာဝန်ရှိသူတွေ ဘက်ကတော့ အဆိုပါ ပမာဏ ထိ ပေးချေလိုခြင်း မရှိပါဘူး။ ဒါ့အပြင် ရီးရဲလ်က လက်ရှိ ခံစစ်အတွဲဖြစ်တဲ့ အလာဘာနဲ့ မီလီတာအိုတို့ အတွဲရဲ့ ကစားပုံကို ကျေနပ်နေတာပါ။
နောက်ဆုံးမှာတော့ ရီးရဲလ်တို့ ရူဒီဂါကို ခေါ်ယူရေး ကြိုးပမ်းမှုကနေ နှုတ်ထွက်သွားတာကြောင့် ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ဂျူဗီတို့ အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာခဲ့ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးမှာ ၄နှစ်ခွဲကြာ ကစားခဲ့ပြီး ၁၆၆ပွဲကျော် ပါဝင် ကစားပေးခဲ့ကာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

ZG
ရီးရဲလ္မက္ဒရစ္အ သင္းဟာ ရာသီကုန္မွာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ေတာ့မယ့္ ေနာက္ခံလူ ႐ူဒီဂါ ကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြကေန ေနာက္ဆုတ္သြားခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၂၈ႏွစ္ အရြယ္ ခံစစ္သမား ဟာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၆လထဲကို ေရာက္လာၿပီျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၁သိန္း ၄ေသာင္း နဲ႔ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားခဲ့ပါတယ္။
ရူဒီဂါရဲ႕ ေအးဂ်င့္ေတြဟာ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္စ္၊ ရီးရဲလ္မက္ဒရစ္ အပါအဝင္ အသင္း ေတာ္ေတာ္မ်ားမ်ားနဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ရူဒီဂါကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက ဦးေဆာင္ခဲ့ေပမဲ့ ၂ဦး၂ဖက္ၾကား ေဆြးေႏြးမႈက တိုးတက္လာျခင္း မရွိဘူးလို႔ စပိန္ မာကာ သတင္းဌာနက ဆိုပါတယ္။
႐ူဒီဂါဟာ ဘာေနျဗဴးမွာ ကစားဖို႔အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္း အထိ ေတာင္းဆိုခဲ့ေပမဲ့ မက္ဒရစ္ တာဝန္ရွိသူေတြ ဘက္ကေတာ့ အဆိုပါ ပမာဏ ထိ ေပးေခ်လိုျခင္း မရွိပါဘူး။ ဒါ့အျပင္ ရီးရဲလ္က လက္ရွိ ခံစစ္အတြဲျဖစ္တဲ့ အလာဘာနဲ႔ မီလီတာအိုတို႔ အတြဲရဲ႕ ကစားပုံကို ေက်နပ္ေနတာပါ။
ေနာက္ဆုံးမွာေတာ့ ရီးရဲလ္တို႔ ႐ူဒီဂါကို ေခၚယူေရး ႀကိဳးပမ္းမႈကေန ႏႈတ္ထြက္သြားတာေၾကာင့္ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗီတို႔ အတြက္ ႀကီးမားတဲ့ အခြင့္အေရး ျဖစ္လာခဲ့ပါတယ္။ ႐ူဒီဂါဟာ ခ်ဲလ္ဆီးမွာ ၄ႏွစ္ခြဲၾကာ ကစားခဲ့ၿပီး ၁၆၆ပြဲေက်ာ္ ပါဝင္ ကစားေပးခဲ့ကာ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးခဲ့ပါတယ္။