အာတီတာကို ချိန်လာတဲ့ စီးတီး၊ ကိုဗစ်ကူးခံရတဲ့ အူဘာ၊ မလာချင်တဲ့ ဗလာဟိုဗစ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဖရိကဖလားပြိုင်ပွဲအတွက် ဂါဘွန်အသင်းနဲ့ အတူ ပူးပေါင်းပြီး ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်မှုး အူဘာမီးယန်းဟာ ကင်မရွန်း အရောက် စစ်ဆေးမှုမှာ ကိုဗစ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲကို မရွှေ့ဆိုင်းစေချင်ခဲ့ဘူးလို့ ပရီးမီးယားလိဂ် နောက်ခံလူဟောင်း ဒန်နီမေးလ်က ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ကလပ် ကမ္ဘာ့ဖလား သွားပြိုင်တုန်းက ယူ-၂၃အသင်းနဲ့ ကစားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့လီဗာပူးအသင်းတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက် နေလို့ ထိုပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

မန်စီးတီးကတော့ ဂွါဒီယိုလာရဲ့ နေရာကိုအ စားထိုးဖို့အတွက် အာဆင်နယ်နည်းပြ အာတီတာကို မျက်စိ ကျလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ဒီတစ်ခေါက် စာချုပ်ကုန်ချိန် ရောက်ရင် အသင်းကနေ ထွက်ခွာမယ်လို့ အတိအလင်း ထုတ်ပြောထားတာပါ။ ဒါကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ အာတီတာကို စတင် ပစ်မှတ်ထားလာတာပါ။

အာဆင်နယ်က ဗလာဟိုဗစ်ကို ပေါင် ၄၅ သန်းနဲ့ တော်ရဲရားကို အလိုက်ပေးပြီး ကမ်းလှမ်းထားခဲ့ပေမဲ့ ကစားသမားက ပြောင်းမလာချင်ကြောင်း သိရပါတယ်။ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဗလာဟိုဗစ်ဟာ အာဆင်နယ်ထက် အဆင့်မြင့်ပြီး ဆုဖလားတွေကို အချိန်တိုအတွင်း ရယူနိုင်တဲ့အသင်းကြီးကို ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်းဘန်းစ်က ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို စပါးနဲ့ အာဆင်နယ်တို့ အပြိုင် လုရမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ “မန်ယူက ပုံစံကောင်းမှာ ရှိမနေပါဘူး။ ဝက်စ်ဟမ်းက တည်ငြိမ်နေပေမဲ့ ကျွန်တော် ကတော့ အဆင့်လေးနေရာ အတွက် အာဆင်နယ်၊ စပါးတို့ပဲ လုရမယ်ထင်ပါတယ်”လို့ ဂျွန်ဘန်းစ်က သုံးသပ်ခဲ့ပါတယ်။

လိဒ်စ်ကစားသမားဟောင်း ဝီလန်းက ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုဟာ အာဆင်နယ်အတွက် ခေါ်ယူမှုကောင်း ဖြစ်လာမယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။ ကော်တင်ဟိုဟာ အတွေ့အကြုံများပြီး ကစားသမားကောင်း တစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး အာဆင်နယ်ရဲ့ ကစားပုံနဲ့ လိုက်ဖက်မှုရှိမယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဆိုစီဒက် တိုက်စစ်မှူး အီဆစ်ကို ခေါ်ယူသင့်တယ်လို့ ဆိုခဲ့ပါတယ်။ အီဆစ်ဟာ အရည်အသွေးမြင့်မားတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်အတွက် ခေါ်ယူမှု ကောင်းဖြစ်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အန်ကီတက်ချ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ဘရိုက်တန်နဲ့ ပဲလေ့စ်တို့က စိတ်ဝင်စားနေပါတယ်။ အန်ကီတက်ချ်အနေနဲ့အာဆင်နယ်ရဲ့ စာချုပ်သက်တမ်း တိုးမြှင့်မှုကို ငြင်းဆန်ထားပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ အာတီတာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး နှစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။