ရန်နစ်နဲ့ အဆင်မပြေနိုင်တဲ့ ဒိုလေး၊ ပရိသတ်တွေ ရွေးတဲ့ ကစားကွက်၊ ကာဗာနီ၊ အိုင်ကာဒီတို့နဲ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်မှာ မပျော်ရွှင် ဖြစ်နေပြီး အသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမား ၁၇ ယောက်ထိ ရှိလာပြီ လို့ ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

ဘာစီလိုနာအနေနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူနိုင်ဖို့ ခက်ခဲလျက်ရှိနေကြောင်း မာကာ သတင်းဌာနက ဖော်ပြထားပါတယ်။ မန်ယူနည်းပြ ရန်နစ် က ကာဗာနီကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘဲ ဆက်လက် ထိန်းထားဦးမှာပါ။

ရီယို ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ရာထူးကို မက်ဂွဲရား အသင်းရောက်ပြီး မကြာခင် ပေးအပ်ခဲ့တာက စောလွန်းခဲ့တယ် လို့ မှတ်ချက်ပြုလိုက်ပြီး ဒီဂီယာက တာဝန်ယူသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ဟာ ကောလဟလ သတင်းတွေ ထွက်ပေါ်နေသလို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ခေါ်ယူဖို့ စီစဉ်နေခြင်းမရှိကြောင်း စကိုင်းစပေါ့ ဂျာမနီ က ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှုး အိုင်ကာဒီ ကို ခေါ်ဖို့ စောင့်ကြည့်နေကြောင်း ပြင်သစ် နာမည်ကြီး L’Equipe သတင်းဌာနက ဆိုပါတယ်။ ဒီလထဲမှာ မာရှယ် ဒါမှမဟုတ် ကာဗာနီ ထွက်ခွာရင် အိုင်ကာဒီကို ခေါ်ဖို့ ယူနိုက်တက်က ရည်ရွယ်ထားတာပါ။

မန်ယူပရိသတ်တွေကတော့ နည်းပြရန်နစ်ကို လက်ရှိကျင့်သုံးနေတဲ့ ၄-၂-၂-၂ ကစားကွက်ကို စွန့်လွှတ်ပြီး ၄-၃-၃ ကို ပြောင်းလဲ ကစားဖို့ အလိုရှိနေပါတယ်။

မန်ချက်စတာ အခြေစိုက် MEN သတင်းဌာန က မန်ယူအနေနဲ့ ဘယ် ကစားကွက်ကို သုံးသင့်လဲ လို့ ပရိသတ်တွေထံ စစ်တမ်းကောက်ယူခဲ့ရာ ၄-၃-၃ စုစုပေါင်း ၅၇ ရာခိုင်နှုန်းရရှိကာ မဲ အရေအတွက်အများဆုံးဖြစ်ခဲ့တာပါ။ ၄-၂-၃-၁ က ၃၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီးလက်ရှိရန်နစ်ကျင့်သုံးနေတဲ့ ၄-၂-၂-၂ က မဲအရေအတွက် ၆ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်နဲ့ တိုက်စစ်မူှး စီရော်နယ်ဒိုတို့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဆပ်တန်က သုံးသပ်လိုက်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့ခွန်အားကို ချွေတာကစားပြီး မိနစ် ၉၀ ပြည့် ဖိအားပေး ကစားတတ်သူ မဟုတ်ကြောင်း၊ ဒါက ရန်နစ်လို နည်းပြမျိုးအတွက် ယုံကြည်ပေးဖို့ ခက်ခဲနိုင်ကြောင်း ဆက်တန်က မှတ်ချက်ပြုခဲ့ပါတယ်။

နည်းပြ ရန်းနစ်ဟာ ဒီရာသီအတွက် သူ့ရဲ့ အစီအစဉ်တွေမှာ အာမတ် ဒီရယ်လို မပါဘူးလို့ အသိပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ၎င်းကို အငှားချဖို့ ကြိုးစားသွားမှာပါ။