ဖီဖာ အကောင်းဆုံး နည်းပြများ၊ ဘေးလ်ကို ချိန်တဲ့ ကာဆယ်၊ ဒိုလေးကို ရောင်းဖို့ တိုက်တွန်းမှုနဲ့ နံနက်ခင်း သတင်းများ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ လည်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း မန်စီးတီးက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာ က အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီးလက်ရှိမှာ အသင်းဝန်ထမ်း ၁၄ ဦးနဲ့ ပထမအသင်း ကစားသမား ၇ ဦးတို့ဟာ ကိုဗစ်ကြောင့် သီးသန့် ခွဲနေထိုင်နေကြောင်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ် ဆီကနေ ကီရန် ထရစ်ပီယာ ကို ခေါ်ယူပြီးတဲ့နောက် နယူးကာဆယ် ဟာ ရီးရဲ မက်ဒရစ် တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ်။

ဖီဖာရဲ့ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးနည်းပြတူချယ်၊ မန်စီးတီး နည်းပြ ဂွါဒီယိုလာနဲ့ အီတလီနည်းပြ မန်စီနီတို့ ပါဝင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကတော့ အမှုဆောင် အက်ဝုဒ်ဝက် ဟာ ဇန်နဝါရီ အကုန်မှာ အသင်းနဲ့ လမ်းခွဲ တော့မှာ ဖြစ်ပြီး ရစ်ချတ် အာနိုး က အမှုဆောင်ချုပ်သစ် ဖြစ်လာတော့မှာ ဖြစ်တယ်လို့ မနေ့က ကြေညာသွားခဲ့ ပါတယ် ။

မန်ယူအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မူှး စီရော်နယ်ဒိုကို ပြန်ရောင်း လိုက်သင့်တယ်လို့ ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဆိုလိုက်ပြီး စီရော်နယ်ဒိုနဲ့ ကာဗာနီတို့ နှစ်ယောက်ကို ရှေ့မှာ တွဲထားတာက ပွဲတိုင်း အလုပ်မဖြစ်ကြောင်း၊ မန်ယူအနေနဲ့ လူငယ်တွေကို ဦးဆောင်ခိုင်းရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ် ဟာ မန်စီးတီး နဲ့ ပွဲစဉ်တုန်းက ကွင်းလယ်ဒိုင် ကို ဝိုင်းဝန်း စောဒကတက်မှု နဲ့ ပတ်သက်ပြီး အက်ဖ်အေ က ပေါင် ၂ သောင်း ဒဏ်ငွေ ချမှတ် လိုက်တယ်လို့ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဗီလာနည်းပြ ဂျရတ်ကတော့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ချီးကျူးခဲ့ပြီး ဘရာဇီးသားက အရည်အသွေးများစွာ ပြည့်နှက်နေတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စပါးဂိုးမားလိုရစ်ကတော့ ချဲလ်ဆီးနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး တိုးတက်ချင်တယ်ဆိုရင် ထိုပွဲစဉ်ကနေ သင်ယူမှုတွေ ပြုလုပ်ရမှာဖြစ်ကြောင်း၊ ဒုတိယအကျော့ကစားရဖို့ ကျန်နေသေးလို့ အခွင့်အရေး ရှိသေးကြောင်း၊ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်သေးကြောင်း ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ပါကွာတာကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ပါကွာတာဟာ ဒီရာသီမှာ စွမ်းရည်ကောင်းကို ပြသထားပြီး ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။

အာဆင်နယ်တိုက်စစ်မူှး အူဘာမီယန်ဟာ အာဖရိကဖလားပြိုင်ပွဲမတိုင်ခင် ကိုဗစ် ကူးစက်ခံလိုက်ရကြောင်း သတင်းတွေအရ သိရပါတယ်။ ဂါဘွန်အနေနဲ့ တနင်္လာနေ့မှာ အာဖရိကဖလားအဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပြီး အူဘာအနေနဲ့ လွဲချော်တော့မှာပါ။