ငမွဲအသင်း မဟုတ်ကြောင်း နာမည်ကျော် ဟာလန်း ကို ခေါ်ပြပြီး သက်သေထူမယ့် ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီ အာလင်း ဟာလန်းကို ခေါ်ယူဖို့ လုံလောက်တဲ့ ဘဏ္ဍာရေး အခြေအနေကို ပိုင်ဆိုင်ထားကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ကြုံနေရတဲ့ ဘာစီလိုနာဟာ ယူရို ၁.၃၅ဘီလီယံ ပိုင်ဆိုင်ထားပြီး၂၀၂၁ခုနှစ် ဇန်နဝါရီနဲ့ ဩဂုတ်ကြား ကြွေးမီက ယူရို သန်း၂၀၀ထိ တက်လာခဲ့ပါတယ်။
ဘာစီလိုနာဟာ ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးခေါ်ယူမှုအဖြစ် ဖာရန် တောရက်စ်ကို ခေါ်ယူထားခဲ့ပေမဲ့ လစာ မပေးနိုင်သေးတဲ့ အခြေအနေမှာ ကစားသမားကို မှတ်ပုံမတင်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီ အခက်အခဲတွေက ဥက္ကဌ လာပေါ်တာကို ရပ်တန့်မသွားစေပဲ အပြောင်းရွှေ့ဈေးကွက်မှာ ဟာလန်းကို ခေါ်ယူမယ်ဆိုပြီး အသိပေး ကြေညာခဲ့ပါတယ်။

အသက် ၂၁နှစ်သားကို လာမယ့်နွေရာသီ ခေါ်ယူမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄ သန်း အထိ ပေးရမှာ ဖြစ်ပေမဲ့ ဘာစီလိုနာက ဟာလန်း ကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ဆိုခဲ့ပါတယ်။
ဘီဘီစီ သတင်းထောက် ဂူလီယံ အဆိုအရ ဘာစီလိုနာဟာ လာမယ့်နွေရာသီ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီတို့ကို ကျော်ဖြတ်ကာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာဟာ နော်ဝေသားကို ခေါ်ယူနိုင်ဖို့ ကော်တင်ဟို၊ အမ်တီတီ၊ ဆာဂျီနို ဒက်စ်၊ လန်ဂလက်၊ ဖရန်ကီ ဒီဂျောင်၊ ဘရိတ်ဝိတ်၊ မင်ဂွီဇာ၊ လုခ် ဒီဂျောင်တို့ကို အရောင်းစာရင်း တင်ထားတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ အလားတူ နူးကမ့်မှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပြုလုပ်ဖို့ အမေရိကန် ရင်းနှီးမြုပ်နှံမှုဘဏ်ကနေ ပေါင် ၁။၂၆ဘီလီယံ ချေးယူဖို့ သဘောတူထားကြောင်းလည်း သိရပါတယ်။
ဟာလန်းဟာ ဒေါ့မွန်ကို ရောက်လာပြီးနောက် ၇၄ပွဲကစားရာမှာ ၇၆ဂိုး သွင်းထားခဲ့ပါတယ်။ လာပေါ်တာဟာ ဘာကာ ဥက္ကဌအဖြစ် ပထမအကြိမ် တာဝန်ယူစဉ်က အီဘရာဟီမိုဗစ်ကို ခေါ်ယူခဲ့မှုနဲ့အတူ အေးဂျင့် ရွိုင်းအိုလာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ZG
ဘာစီလိုနာအသင္းဟာ လာမယ့္ေႏြရာသီ အာလင္း ဟာလန္းကို ေခၚယူဖို႔ လုံေလာက္တဲ့ ဘ႑ာေရး အေျခအေနကို ပိုင္ဆိုင္ထားေၾကာင္း သတင္းထြက္လာခဲ့ပါတယ္။ ဘ႑ာေရး အက်ပ္အတည္းနဲ႔ ႀကဳံေနရတဲ့ ဘာစီလိုနာဟာ ယူ႐ို ၁.၃၅ဘီလီယံ ပိုင္ဆိုင္ထားၿပီး၂၀၂၁ခုႏွစ္ ဇန္နဝါရီနဲ႔ ဩဂုတ္ၾကား ေႂကြးမီက ယူ႐ို သန္း၂၀၀ထိ တက္လာခဲ့ပါတယ္။
ဘာစီလိုနာဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ပထမဆုံးေခၚယူမႈအျဖစ္ ဖာရန္ ေတာရက္စ္ကို ေခၚယူထားခဲ့ေပမဲ့ လစာ မေပးႏိုင္ေသးတဲ့ အေျခအေနမွာ ကစားသမားကို မွတ္ပုံမတင္ႏိုင္ေသးပါဘူး။ ဒါေပမဲ့ ဒီ အခက္အခဲေတြက ဥကၠဌ လာေပၚတာကို ရပ္တန႔္မသြားေစပဲ အေျပာင္းေ႐ႊ႕ေစ်းကြက္မွာ ဟာလန္းကို ေခၚယူမယ္ဆိုၿပီး အသိေပး ေၾကညာခဲ့ပါတယ္။
အသက္ ၂၁ႏွစ္သားကို လာမယ့္ေႏြရာသီ ေခၚယူမယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၄ သန္း အထိ ေပးရမွာ ျဖစ္ေပမဲ့ ဘာစီလိုနာက ဟာလန္း ကို ေခၚယူႏိုင္စြမ္းရွိတယ္လို႔ ဆိုခဲ့ပါတယ္။
ဘီဘီစီ သတင္းေထာက္ ဂူလီယံ အဆိုအရ ဘာစီလိုနာဟာ လာမယ့္ေႏြရာသီ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ ပီအက္စ္ဂ်ီတို႔ကို ေက်ာ္ျဖတ္ကာ ဟာလန္းကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာဟာ ေနာ္ေဝသားကို ေခၚယူႏိုင္ဖို႔ ေကာ္တင္ဟို၊ အမ္တီတီ၊ ဆာဂ်ီႏို ဒက္စ္၊ လန္ဂလက္၊ ဖရန္ကီ ဒီေဂ်ာင္၊ ဘရိတ္ဝိတ္၊ မင္ဂြီဇာ၊ လုခ္ ဒီေဂ်ာင္တို႔ကို အေရာင္းစာရင္း တင္ထားတယ္လို႔ အဆိုပါသတင္းက ဆိုပါတယ္။ အလားတူ ႏူးကမ့္မွာ ျပန္လည္တည္ေဆာက္ေရး လုပ္ငန္းေတြ ျပဳလုပ္ဖို႔ အေမရိကန္ ရင္းႏွီးျမဳပ္ႏွံမႈဘဏ္ကေန ေပါင္ ၁။၂၆ဘီလီယံ ေခ်းယူဖို႔ သေဘာတူထားေၾကာင္းလည္း သိရပါတယ္။
ဟာလန္းဟာ ေဒါ့မြန္ကို ေရာက္လာၿပီးေနာက္ ၇၄ပြဲကစားရာမွာ ၇၆ဂိုး သြင္းထားခဲ့ပါတယ္။ လာေပၚတာဟာ ဘာကာ ဥကၠဌအျဖစ္ ပထမအႀကိမ္ တာဝန္ယူစဥ္က အီဘရာဟီမိုဗစ္ကို ေခၚယူခဲ့မႈနဲ႔အတူ ေအးဂ်င့္ ႐ြိဳင္းအိုလာနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ပိုင္ဆိုင္ထားခဲ့ပါတယ္။