ပရိုဆန်တာတို့ လေးစားသမှုတို့ ဆိုတာ ဂျိုနဲ့လား မေးရမလို ထင်တိုင်း ပြုမူနေတဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ် ကူးစက်ခံခဲ့ရတုန်းက သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ အသင်း ကစားသမားဟောင်း ရိုသန်က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

မက်ဆီဟာ အားလပ်ရက်အတွက် မွေးရပ်မြေကို ပြန်သွားပြီးတဲ့နောက် ကိုဗစ် ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဒီလို အခြေအနေကို အသင်းနဲ့ နည်းပြဆီ တိုက်ရိုက် အစီရင်မခံခဲ့ပါဘူး။

ပိုချက်တီနိုနဲ့ အသင်းတာဝန်ရှိသူတွေဟာ မီဒီယာတွေက ဖော်ပြလာမှသာ မက်ဆီကိုဗစ် ကူးစက်ခံထားရတာကို သိရှိခဲ့ရပြီး ဒီအပေါ်မှာတော့ ရိုသန်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ရိုသန်က “နည်းပြဆိုတာ အားလုံးရဲ့ အထက်မှာ အမြဲတမ်းရှိရပါတယ်။ မင်းဘာသာမင်း ကြယ်ပွင့်ဖြစ်ဖြစ်၊ လူငယ် ကစားသမားဖြစ်ဖြစ် နည်းပြကိုတော့ လေးစားရမှာပါ။ ပိုချက်တီနိုက မက်ဆီနဲ့ ပတ်သက်လို့ အခြေအနေ အသေးစိတ်ကို မသိခဲ့ပါဘူး။ မက်ဆီ ဘယ်ရောက်နေမှန်းတောင် မသိခဲ့တာပါ”

“ဒါက ကောင်းတဲ့အပြုအမူမဟုတ်ပါဘူး။ မက်ဆီလို ကစားသမားမျိုးဆီကနေ ဒါမျိုးမြင်ရတော့ ကျနော် တော်တော် ရှော့ခ်ရသွားတယ်။ နည်းပြကို မလေးစားရင်တော့ မက်ဆီက ဘာအောင်မြင်မှုမှ ထပ်ရမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ အရင်တည်းက ပိုချက်တီနိုအပေါ် လေးစားမှုမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီနဲ့ ရင်းနှီးတဲ့ သတင်းစာကလည်း သူ့အပေါ် ပစ်မှတ်ထား ဝေဖန်နေတဲ့အပေါ် စိတ်ပျက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ZG

ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား မက္ဆီဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ကိုဗစ္ ကူးစက္ခံခဲ့ရတုန္းက သူ႔ရဲ႕ အျပဳအမူေတြနဲ႔ ပတ္သက္လို႔ အသင္း ကစားသမားေဟာင္း ႐ိုသန္က အျပင္းအထန္ ေဝဖန္လိုက္ပါတယ္။

မက္ဆီဟာ အားလပ္ရက္အတြက္ ေမြးရပ္ေျမကို ျပန္သြားၿပီးတဲ့ေနာက္ ကိုဗစ္ ကူးစက္ခံခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ ဒီလို အေျခအေနကို အသင္းနဲ႔ နည္းျပဆီ တိုက္႐ိုက္ အစီရင္မခံခဲ့ပါဘူး။

ပိုခ်က္တီႏိုနဲ႔ အသင္းတာဝန္ရွိသူေတြဟာ မီဒီယာေတြက ေဖာ္ျပလာမွသာ မက္ဆီကိုဗစ္ ကူးစက္ခံထားရတာကို သိရွိခဲ့ရၿပီး ဒီအေပၚမွာေတာ့ ႐ိုသန္က အျပင္းအထန္ ေဝဖန္ခဲ့ပါတယ္။

႐ိုသန္က “နည္းျပဆိုတာ အားလုံးရဲ႕ အထက္မွာ အၿမဲတမ္းရွိရပါတယ္။ မင္းဘာသာမင္း ၾကယ္ပြင့္ျဖစ္ျဖစ္၊ လူငယ္ ကစားသမားျဖစ္ျဖစ္ နည္းျပကိုေတာ့ ေလးစားရမွာပါ။ ပိုခ်က္တီႏိုက မက္ဆီနဲ႔ ပတ္သက္လို႔ အေျခအေန အေသးစိတ္ကို မသိခဲ့ပါဘူး။ မက္ဆီ ဘယ္ေရာက္ေနမွန္းေတာင္ မသိခဲ့တာပါ”

“ဒါက ေကာင္းတဲ့အျပဳအမူမဟုတ္ပါဘူး။ မက္ဆီလို ကစားသမားမ်ိဳးဆီကေန ဒါမ်ိဳးျမင္ရေတာ့ က်ေနာ္ ေတာ္ေတာ္ ေရွာ့ခ္ရသြားတယ္။ နည္းျပကို မေလးစားရင္ေတာ့ မက္ဆီက ဘာေအာင္ျမင္မႈမွ ထပ္ရမွာမဟုတ္ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မက္ဆီဟာ အရင္တည္းက ပိုခ်က္တီႏိုအေပၚ ေလးစားမႈမရွိဘူးလို႔ သတင္းေတြ ထြက္ေပၚေနၿပီး အသင္းပိုင္ရွင္ အယ္လ္ခီလိုင္ဖီနဲ႔ ရင္းႏွီးတဲ့ သတင္းစာကလည္း သူ႔အေပၚ ပစ္မွတ္ထား ေဝဖန္ေနတဲ့အေပၚ စိတ္ပ်က္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။