တချိန်က ပရီးမီးယားလိဂ် ကြယ်ပွင့် ဖြစ်ခဲ့ပေမယ့် ခုတော့ မာန်ချပြီး ပြန်လာရဖွယ် ရှိတဲ့ ဆန်းချက်ဇ်
အင်တာမီလန် အသင်းက သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ အလက်ဆစ် ဆန်းချက်ဇ်ကို အသင်းကနေ ရှင်းထုတ် သွားဖို့အတွက် အစီအစဉ် ရှိနေရာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းဆီ ဆက်သွယ်လို့ထားပြီး ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးလောက်နဲ့ပါ လက်လွတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အသက်(၃၃)နှစ် အရွယ်ရှိ ချီလီတိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ အာဆင်နယ်၊ မန်ယူ အသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒိုမီနစ် ကဲလ်ဗတ်လီဝင်၊ ရစ်ချာလီဆန် တို့ထဲက တစ်ဦးဦးကို ဆုံးရှုံးရဖွယ် ရှိလို့နေတဲ့ အဲဗာတန် အသင်း အနေနဲ့ အသင်းရဲ့တိုက်စစ်အတွက် ဆန်းချက်ဇ်နဲ့ ပြန်လည် ဖြည့်တင်းနိုင်မှာပါ။

အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဆုပါ ရယူထားနိုင်ဖူးတဲ့ ဆန်းချက်ဇ်ဟာ ဒီနှစ် ဘောလုံးရာသီအတွင်း အသင်း အတွက် စီးရီးအေ (၁၂)ပွဲထိကို ကစားထားရပေမယ့်လည်း (၃)ပွဲကိုသာ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့်ရခဲ့ပြီး ကျန်ပွဲစဉ်တွေကိုတော့ လူစားဝင်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။
အင်တာမီလန်အသင်းအနေနဲ့ တစ်ပတ်ကို ပေါင်(၁)သိန်းကျော်လောက် ပေးချေနေရတဲ့ ဆန်းချက်ဇ်ကို အသင်းမှာ ဆက်လက် မထားရှိချင်တော့တာကြောင့် အဲဗာတန်အသင်းဆီ ဆက်သွယ်ပြီး ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ခေါ်ယူမလား ဆိုကာ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အင်တာအသင်းဟာလည်း ချီလီကစားသမားကြီး ဆန်းချက်ဇ်ကို မန်ယူ အသင်းကနေ အငှားခေါ်ယူမှုကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ အပြီးသတ် ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့် လက်ရှိ အင်တာနည်းပြ ဆီမြွန်အင်ဇာဂီ ကိုယ်တိုင် ဆန်းချက်ဇ်ကို သိပ်သဘောကျခြင်း မရှိတာကြောင့် အခုလို စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းကနေ ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းကလည်း ဆောင်းဈေးကွက်ထဲမှာ ကစားသမားခေါ်ယူမှု (၂)ကြိမ် ပြုလုပ်ထားပေမယ့် FFP စည်းမျဉ်း အရ ငွေကြေး အရှံးပေါ်နေလို့ အသင်းရဲ့ ကစားသမားတွေကို ပြန်ရောင်းချဖို့ လိုအပ်နေသလို ကစားသမား ခေါ်ယူမှု ကိုလည်း ပြောင်းရွှေ့ကြေး မပါဝင်တဲ့ ခေါ်ယူမှုကိုသာ လုပ်ဆောင်နိုင်မှာဖြစ်လို့ ဆန်းချက်ဇ်က အဲဗာတန် အတွက် သင့်တော်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ZG
အင္တာမီလန္ အသင္းက သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမားျဖစ္သူ အလက္ဆစ္ ဆန္းခ်က္ဇ္ကို အသင္းကေန ရွင္းထုတ္ သြားဖို႔အတြက္ အစီအစဥ္ ရွိေနရာ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းျဖစ္တဲ့ အဲဗာတန္အသင္းဆီ ဆက္သြယ္လို႔ထားၿပီး ဆန္းခ်က္ဇ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးေလာက္နဲ႔ပါ လက္လြတ္သြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
အသက္(၃၃)ႏွစ္ အ႐ြယ္ရွိ ခ်ီလီတိုက္စစ္ကစားသမား ဆန္းခ်က္ဇ္ဟာ အာဆင္နယ္၊ မန္ယူ အသင္းေတြနဲ႔ ပရီးမီးယားလိဂ္မွာ က်င္လည္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရွိ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ ဒိုမီနစ္ ကဲလ္ဗတ္လီဝင္၊ ရစ္ခ်ာလီဆန္ တို႔ထဲက တစ္ဦးဦးကို ဆုံးရႈံးရဖြယ္ ရွိလို႔ေနတဲ့ အဲဗာတန္ အသင္း အေနနဲ႔ အသင္းရဲ႕တိုက္စစ္အတြက္ ဆန္းခ်က္ဇ္နဲ႔ ျပန္လည္ ျဖည့္တင္းႏိုင္မွာပါ။
အင္တာမီလန္အသင္းနဲ႔ စီးရီးေအခ်န္ပီယံဆုုပါ ရယူထားႏိုင္ဖူးတဲ့ ဆန္းခ်က္ဇ္ဟာ ဒီႏွစ္ ေဘာလုံးရာသီအတြင္း အသင္း အတြက္ စီးရီးေအ (၁၂)ပြဲထိကို ကစားထားရေပမယ့္လည္း (၃)ပြဲကိုသာ ပြဲထြက္ ကစားသမား အျဖစ္ ကစားခြင့္ရခဲ့ၿပီး က်န္ပြဲစဥ္ေတြကိုေတာ့ လူစားဝင္အျဖစ္နဲ႔သာ ကစားခဲ့ရပါတယ္။
အင္တာမီလန္အသင္းအေနနဲ႔ တစ္ပတ္ကို ေပါင္(၁)သိန္းေက်ာ္ေလာက္ ေပးေခ်ေနရတဲ့ ဆန္းခ်က္ဇ္ကို အသင္းမွာ ဆက္လက္ မထားရွိခ်င္ေတာ့တာေၾကာင့္ အဲဗာတန္အသင္းဆီ ဆက္သြယ္ၿပီး ဆန္းခ်က္ဇ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ ေခၚယူမလား ဆိုကာ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။
အင္တာအသင္းဟာလည္း ခ်ီလီကစားသမားႀကီး ဆန္းခ်က္ဇ္ကို မန္ယူ အသင္းကေန အငွားေခၚယူမႈကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ အၿပီးသတ္ ေခၚယူခဲ့တာျဖစ္ၿပီး ၂၀၂၃ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ ဒါေပမယ့္ လက္ရွိ အင္တာနည္းျပ ဆီႁမြန္အင္ဇာဂီ ကိုယ္တိုင္ ဆန္းခ်က္ဇ္ကို သိပ္သေဘာက်ျခင္း မရွိတာေၾကာင့္ အခုလို စာခ်ဳပ္သက္တမ္း မကုန္ဆုံးခင္မွာပဲ အသင္းကေန ရွင္းထုတ္သြားခ်င္ေနတာ ျဖစ္ပါတယ္။
အဲဗာတန္အသင္းကလည္း ေဆာင္းေစ်းကြက္ထဲမွာ ကစားသမားေခၚယူမႈ (၂)ႀကိမ္ ျပဳလုပ္ထားေပမယ့္ FFP စည္းမ်ဥ္း အရ ေငြေၾကး အရွံးေပၚေနလို႔ အသင္းရဲ႕ ကစားသမားေတြကို ျပန္ေရာင္းခ်ဖို႔ လိုအပ္ေနသလို ကစားသမား ေခၚယူမႈ ကိုလည္း ေျပာင္းေ႐ႊ႕ေၾကး မပါဝင္တဲ့ ေခၚယူမႈကိုသာ လုပ္ေဆာင္ႏိုင္မွာျဖစ္လို႔ ဆန္းခ်က္ဇ္က အဲဗာတန္ အတြက္ သင့္ေတာ္တဲ့ ေခၚယူမႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။