ဗလာဟိုဗစ်၊ ချီးကျူးခံရတဲ့ တိုမီယာဆု၊ စမစ်ရိုးအတွက် ဖြေရှင်းချက်နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ဂန္ထဝင်ဟောင်း ကီဗင်ကမ်းဘဲလ်က ဂျပန်နောက်ခံလူ တိုမီယာဆုကို ဂန္ထဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ဒိုင်ယွန်၊ လော်ရန်တို့နဲ့ ခိုင်းနှိုင်းခဲ့ပြီး တိုမီယာဆုဟာ ပွဲအပေါ် လွှမ်းမိုးမှု ရှိသူဖြစ်ကြောင်း၊ တိုမ်ီယာဆုဟာ အမြင့်ဘောတွေ အားကောင်းပြီး ရင်ဆိုင်ရခက်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက စမစ်ရိုး အနေနဲ့ နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခြင်းနဲ့ ပတ်သက်ပြီး စမစ်ရိုး ဟာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေပြီး ပုံမှန် လေ့ကျင့်ခွင့် မရခဲ့တာကြောင့်လို့ ဖြေရှင်းခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကသူတို့အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ အီဒူးနဲ့ သူ့အဖွဲ့ဟာ အစွမ်းကုန်ကြိုးပမ်းလျက်ရှိနေကြောင်း၊ သူတိုအနေနဲ့ဘာကို လိုအပ်သလဲဆိုတာ တိတိကျကျသိကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ မာရီက သူ့အနာဂတ်ကို စဉ်းစားလျက်ရှိနေပြီ ဖြစ်ပါတယ်။ မာရီအနေနဲ့ဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး ဘရာဇီးကလပ် ဖလာမင်ဂိုကို အငှားနဲ့ ပြန်ဖွယ် ရှိနေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကအသင်းမှာ လေ့ကျင့်ခန်း လာဆင်းနေတဲ့ ကွင်းလယ်လူဟောင်း ဝီလ်ရှိုှုင်းယားကို ပြန်ခေါ်မှာ မဟုတ်ကြောင်း ထပ်မံ ဖွင့်ဟခဲ့ပါတယ်။

စပါးတိုက်စစ်မူှးဟောင်း ဒါရင်းဘန့်က အာဆင်နယ်တိုက်စစ်မှူး အန်ကီတက်ချ်ကို ပဲလေ့စ်က ခေါ်ယူဖို့ ကြိုးပမ်းနေတာ အနည်းငယ် အံ့အားသင့်မိကြောင်း၊ ပဲလေ့စ်မှာ အန်တီကီနဲ့ အီဒူရတ်တို့ ရှိနေကြောင်း၊ အန်ကီတက်ချ်ဟာ ပဲလေ့စ်ထက် စာရင် ဘရိုက်တန်နဲ့ ပိုပြီး လိုက်ဖက်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အက်သလက်တီကိုကတော့ အာဆင်နယ်နောက်ခံလူ ဆီဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ အက်သလက်တီကို မက်ဒရစ်က နယူးကာဆယ်ကို ရောက်သွားတဲ့ ထရစ်ပီယာရဲ့ နေရာမှာ အစားထိုးဖို့စီစဉ်နေပြီး ဈေးသက်သာစွာရမဲ့ ဆီဒရစ်ကို ပစ်မှတ်ထားနေတာပါ။

ပဲလေ့စ်နည်းပြ ဗီအဲရာက သူ့အနေနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ရမ်ဆေးကို အသင်းထံ ခေါ်ဆောင်လိုကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။