ဘာစီလိုနာက လစာထက် အဆ ၅ဝ ပိုပေးပြီး ကွင်းလယ်ကြယ်ပွင့်လေး ဂါဗီ ကို ခေါ်မယ့် လီဗာပူး

ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းကတော့ ဒီ ဇန်နဝါရီ ဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ် ကစားသမားလေး ဂါဗီကို သူ လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခ လစာထက် အဆပေါင်း (၅၀)လောက် များပြားတဲ့ လစာမျိုးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာအသင်းဘက်ကနေလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ပြေလည်နိုင်ဖို့အတွက် အသက်(၁၇)နှစ် အရွယ် ဆယ်ကျော်သက် အရွယ် လူငယ်ကစားသမားလေး ဂါဗီကို ရောင်းထုတ်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဂါဗီဟာ အသက်(၁၁)နှစ် တည်းက ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာပဲ ဘာစီလိုနာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သလို စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းက ဂါဗီကို ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုစဉ် ဂါဗီရဲ့ စာချုပ်လျှော်ကြေးအဖြစ် ယူရို သန်း(၅၀)သာ သတ်မှတ်ထားမိခဲ့လို့ ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ဂါဗီကို ယူရိုသန်း(၅၀)နဲ့ အရခေါ်ယူဖို့ စီစဉ်လာကြတာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ လီဗာပူး အသင်းလည်း ပါဝင်လို့နေပါတယ်။

လီဗာပူး အသင်းဘက်က စပိန် ဆယ်ကျော်သက် ကြယ်ပွင့်လေး ဂါဗီကို သူရဲ့စာချုပ်လျှော်ကြေးအတိုင်း ယူရိုသန်း(၅၀)အပြင် သူရဲ့တစ်ပတ်လုပ်ခကိုလည်း ယူရို(၉၆၀၀၀) အထိပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဂါဗီကို လီဗာပူး နဲ့အပြိုင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူ အသင်းတွေ ကလည်း အလိုရှိနေကြတဲ့အတွက် အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရဖွယ်ပါ။ ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ အလားအလာကောင်းတဲ့ ကြယ်ပွင့်ကစားသမားလေးကို စာချုပ်သက်တမ်းတိုးမှုသာ ပြုလုပ်ချင်နေပြီး သူရဲ့စာချုပ် ဖျက်သိမ်းကြေး ကိုပါ တိုးမြှင့်ချင်နေပါတယ်။

ZG

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူး အသင္းကေတာ့ ဒီ ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ ဘာစီလိုနာအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကြင္းလယ္ ကစားသမားေလး ဂါဗီကို သူ လက္ရွိ ရရွိေနတဲ့ တစ္ပတ္လုပ္ခ လစာထက္ အဆေပါင္း (၅၀)ေလာက္ မ်ားျပားတဲ့ လစာမ်ိဳးနဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနပါတယ္။

ဘာစီလိုနာအသင္းဘက္ကေနလည္း ဘ႑ာေရး အက်ပ္အတည္းေတြ ေျပလည္ႏိုင္ဖို႔အတြက္ အသက္(၁၇)ႏွစ္ အ႐ြယ္ ဆယ္ေက်ာ္သက္ အ႐ြယ္ လူငယ္ကစားသမားေလး ဂါဗီကို ေရာင္းထုတ္ရဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

ဂါဗီဟာ အသက္(၁၁)ႏွစ္ တည္းက ဘာစီလိုနာအသင္းရဲ႕ လာမာစီယာ အကယ္ဒမီကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး ၂၀၂၁ခုႏွစ္မွာပဲ ဘာစီလိုနာ စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့သလို စပိန္လက္ေ႐ြးစင္အသင္းမွာပါ ေ႐ြးခ်ယ္ခံထားရပါတယ္။

ဒါေပမယ့္ ဘာစီလိုနာအသင္းက ဂါဗီကို ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုစဥ္ ဂါဗီရဲ႕ စာခ်ဳပ္ေလွ်ာ္ေၾကးအျဖစ္ ယူ႐ို သန္း(၅၀)သာ သတ္မွတ္ထားမိခဲ့လို႔ ဥေရာပထိပ္တန္း ကလပ္အသင္းေတြကေန ဂါဗီကို ယူ႐ိုသန္း(၅၀)နဲ႔ အရေခၚယူဖို႔ စီစဥ္လာၾကတာ ျဖစ္ပါတယ္။ ဒီအသင္းေတြထဲမွာ လီဗာပူး အသင္းလည္း ပါဝင္လို႔ေနပါတယ္။

လီဗာပူး အသင္းဘက္က စပိန္ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္ေလး ဂါဗီကို သူရဲ႕စာခ်ဳပ္ေလွ်ာ္ေၾကးအတိုင္း ယူ႐ိုသန္း(၅၀)အျပင္ သူရဲ႕တစ္ပတ္လုပ္ခကိုလည္း ယူ႐ို(၉၆၀၀၀) အထိပါ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဂါဗီကို လီဗာပူး နဲ႔အၿပိဳင္ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီးနဲ႔ မန္ယူ အသင္းေတြ ကလည္း အလိုရွိေနၾကတဲ့အတြက္ အၿပိဳင္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ရဖြယ္ပါ။ ဘာစီလိုနာအသင္းကလည္း သူတို႔ရဲ႕ အလားအလာေကာင္းတဲ့ ၾကယ္ပြင့္ကစားသမားေလးကို စာခ်ဳပ္သက္တမ္းတိုးမႈသာ ျပဳလုပ္ခ်င္ေနၿပီး သူရဲ႕စာခ်ဳပ္ ဖ်က္သိမ္းေၾကး ကိုပါ တိုးျမႇင့္ခ်င္ေနပါတယ္။