စတိုင်ကတော့ ရီးရဲလ် လိုလိုပဲ၊ ကန်လိုက်မှ ရပ်ကွက်အဆင့် ခြေစွမ်းလို့ အာဆင်နယ်ကို ရွိုင်ကိန်း ဖဲ့ပြီ

ညက နောတင်ဟမ်ဖောရက်စ် အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အာဆင်နယ် အသင်း က ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ပြုလုပ်နေတဲ့ မန်ယူ ကစားသမားဟောင်းကြီး ရွိုင်ကိန်း ကတော့ ညက အပေါ်အောက် အဖြူဆွတ်ဆွတ် ဝတ် ကစားသွားတဲ့ အာဆင်နယ် အသင်းကို ရီးရဲလ်မက်ဒရစ် လိုလိုနဲ့ အပျော်တမ်း အသင်း ခြေစွမ်းပဲ လို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် အတွက် တလုံးတည်းသော ဂိုးကို လူစားဝင် တိုက်စစ်ကစားသမား ဂရာဘန် က သွင်းယူသွားခဲ့တာပါ။ အာဆင်နယ် အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေကောင်းနေခဲ့တာကြောင့် ဒီပွဲမှာ ချန်ပီယံရှစ်ကလပ်ကို အနိုင်ရပြီး နောက်တဆင့် တက်မယ်လို့ အားလုံးက တွေးထင်ခဲ့ကြပေမယ့် အထင်နဲ့ လွဲခဲ့တာလည်းဖြစ်ပါတယ်။

ရွိုင်ကိန်းက “တကယ့်အမှိုက်ပါပဲ၊(၂)သင်းလုံးကို ဝေဖန်ရပါမယ်။ အာဆင်နယ် ရဲ့အရည်အသွေးပိုင်းကိုလည်း ကြည့်လိုက်ပါဦး သူတို့ဟာ ရီးရဲလ်လို ဂျာစီကို ဝတ်ဆင်ထားခဲ့တာပါ။ခြေစွမ်းကတော့ ရပ်ကွက်အဆင့်ပါပဲ”

“အလွန် ညံ့ဖျင်းလွန်းပါတယ်။ဘောလုံးပေးပို့မှုတွေ၊ဆုံးဖြတ်ချက်ချတာတွေဟာ တကယ်ကို စိတ်ပျက်စရာအမှိုက်တွေပါပဲ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဆုဖလား ရယူနိုင်ခြေရှိတဲ့ ဖလားတွေအဖြစ် အက်ဖ်အေဖလားနဲ့ ကာရာဘောင်း ဖလား (၂)ခုရှိတဲ့ အထဲမှာ အက်ဖ်အေဖလား ပြိုင်ပွဲက ထွက်ခွာသွားရတာ လည်း ဖြစ်ပါတယ်။ ကာရာဘောင်းဖ လားမှာတော့ အကြိုဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ကြားရက်မှာ လီဗာပူးလ် အသင်းနဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZG

ညက ေနာတင္ဟမ္ေဖာရက္စ္ အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္မွာ အာဆင္နယ္ အသင္း က ၁ ဂိုး-ဂိုးမရွိနဲ႔ ရံႈးျပီး ျပိဳင္ပြဲကေန ထြက္ခဲ့ရျပီ ျဖစ္ပါတယ္။

ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ျပဳလုပ္ေနတဲ့ မန္ယူ ကစားသမားေဟာင္းၾကီး ႐ြိဳင္ကိန္း ကေတာ့ ညက အေပၚေအာက္ အျဖဴဆြတ္ဆြတ္ ဝတ္ ကစားသြားတဲ့ အာဆင္နယ္ အသင္းကို ရီးရဲလ္မက္ဒရစ္ လိုလိုနဲ႕ အေပ်ာ္တမ္း အသင္း ေျခစြမ္းပဲ လို႔ ေဝဖန္ ေျပာဆိုလိုက္ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ အတြက္ တလုံးတည္းေသာ ဂိုးကို လူစားဝင္ တိုက္စစ္ကစားသမား ဂရာဘန္ က သြင္းယူသြားခဲ့တာပါ။ အာဆင္နယ္ အသင္းဟာ ေနာက္ပိုင္းပြဲေတြမွာ ရလဒ္ေတြေကာင္းေနခဲ့တာေၾကာင့္ ဒီပြဲမွာ ခ်န္ပီယံရွစ္ကလပ္ကို အႏိုင္ရၿပီး ေနာက္တဆင့္ တက္မယ္လို႔ အားလုံးက ေတြးထင္ခဲ့ၾကေပမယ့္ အထင္နဲ႔ လြဲခဲ့တာလည္းျဖစ္ပါတယ္။

႐ြိဳင္ကိန္းက “တကယ့္အမႈိက္ပါပဲ၊(၂)သင္းလုံးကို ေဝဖန္ရပါမယ္။ အာဆင္နယ္ ရဲ႕အရည္အေသြးပိုင္းကိုလည္း ၾကည့္လိုက္ပါဦး သူတို႔ဟာ ရီးရဲလ္လို ဂ်ာစီကို ဝတ္ဆင္ထားခဲ့တာပါ။ေျခစြမ္းကေတာ့ ရပ္ကြက္အဆင့္ပါပဲ”

“အလြန္ ညံ့ဖ်င္းလြန္းပါတယ္။ေဘာလုံးေပးပို႔မႈေတြ၊ဆုံးျဖတ္ခ်က္ခ်တာေတြဟာ တကယ္ကို စိတ္ပ်က္စရာအမႈိက္ေတြပါပဲ”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီရာသီမွာ ဆုဖလား ရယူႏိုင္ေျခရွိတဲ့ ဖလားေတြအျဖစ္ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္း ဖလား (၂)ခုရွိတဲ့ အထဲမွာ အက္ဖ္ေအဖလား ၿပိဳင္ပြဲက ထြက္ခြာသြားရတာ လည္း ျဖစ္ပါတယ္။ ကာရာေဘာင္းဖ လားမွာေတာ့ အႀကိဳဗိုလ္လုပြဲအဆင့္ကို ေရာက္ရွိေနခဲ့တာပါ။

အာဆင္နယ္ အသင္းဟာ ၾကားရက္မွာ လီဗာပူးလ္ အသင္းနဲ႔ ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲ ကစားရမွာျဖစ္ၿပီး ဒါၿပီးရင္ေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ စပါး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။