တနင်္လာနေ့က စပြီး မန်ယူ ပြန်လာပြီလို့ ကြွေးကြော်လိုက်တဲ့ ကပ္ပတိန် မက်ဂွဲရား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက သူ့အသင်းဟာ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရမှုတွေကို စိတ်ပျက်နေပြီး ဒီတနင်္လနေ့ အက်ဖ်အေဖလားပွဲက စလို့ ရလဒ်ကောင်းတွေ ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန် တက်ကြဖို့ အသင်းဖော်တွေအား လှုံ့ဆော်ရင်း ကြွေးကြော်လိုက်ပါတယ်။

မက်ဂွဲရားက တနင်္လာနေ့ညမှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာပွဲက စတင်ကာ ရလဒ်ကောင်းတွေကို ပြန်ပြီး ရယူလိုနေခြင်း ဖြစ်ပါတယ်။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်က လိဂ်မှာ ဒုတိယရခဲ့တဲ့ အသင်းပါ။ ဒီနှစ်ဆို ပိုကောင်းတဲ့ ပိုအင်အားတောင့်တဲ့ လူစာရင်းတောင် ဖြစ်လာပြီ။ ဒီတော့ ကျနော်တို့ မှန်ကန်တဲ့ ပုံစံ ပြသရပါမယ်။

ကျနော်တို့ အသင်းမှာ တကယ့် ကစားသမားကြီးတွေ ရှိတယ်။ ခေါင်းဆောင်တွေ။ ဒီတော့ ကျနော် ထပ်ခါ ထပ်ခါ ပြောရလွန်းလို့ အာလည်း ပေါက်နေပါပြီ။ ဒီအတိုင်း ဆက်သွားလို့တော့ မရဘူး။ ကျနော်တို့ မှန်ကန်တဲ့ ပုံစံ ပြသနိုင်ဖို့ လိုပြီ။ တနင်္လာနေ့ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလားပွဲ က စလို့ သေချာ လုပ်ကြပါစို့။

ကျနော်တို့ အားလုံး စိတ်လည်းတိုတယ်၊ ကိုယ့် အကောင်းဆုံး ပုံစံတွေ လုပ်ပြချင်တယ်။ ဘယ်သူတွေ ဘာပြောနေနေ ကွင်းထဲမှာ အသင်းလိုက် စိတ်ဓာတ်နဲ့ ပုံစံကောင်း ရရင် ဒါက ဖြစ်လာနိုင်ပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် အနေနဲ့ ဝေဖန်မှုတွေ ရှိလာရင်တောင် ခေါင်းမော့ပြီး ကောင်းစွာ တုန့်ပြန် ပြနိုင်ရပါမယ်။ တချိန်တည်းမှာပဲ အပြင်က ဆူညံသံတွေကို လျစ်လျူရှုပြီး ထရိန်နင်မှာ ကိုယ့်အလုပ် ကိုယ် အာရုံစိုက်ဖို့လည်း လိုတယ်။

ကျနေ်ာတို့ အားလုံး သေချာ အတူသာ အားထုတ်ရင် ရလဒ်ကောင်းတွေ တောက်လျောက် ပြန်ရနိုင်မယ် ဆိုတာ အားလုံး သိကြပါတယ်။ အဲဒီကျရင် အခု ပြောတာတွေ အားလုံးကို ချေပပြီးသား ဖြစ်သွားလိမ့်မယ်။ ” လို့ မက်ဂွဲရားက ပြောဆိုခဲ့ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက သူ႔အသင္းဟာ ရလဒ္ဆိုးေတြၾကား ႐ုန္းကန္ေနရမႈေတြကို စိတ္ပ်က္ေနျပီး ဒီတနလၤေန႔ အက္ဖ္ေအဖလားပြဲက စလို႔ ရလဒ္ေကာင္းေတြ ယူျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ တက္ၾကဖို႔ အသင္းေဖာ္ေတြအား လွံဳ႕ေဆာ္ရင္း ေၾကြးေၾကာ္လိုက္ပါတယ္။

မက္ဂြဲရားက တနလၤာေန႔ညမွာ ယွဥ္ၿပိဳင္ရမယ့္ အက္စတြန္ဗီလာပြဲက စတင္ကာ ရလဒ္ေကာင္းေတြကို ျပန္ၿပီး ရယူလိုေနျခင္း ျဖစ္ပါတယ္။

” မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က လိဂ္မွာ ဒုတိယရခဲ့တဲ့ အသင္းပါ။ ဒီႏွစ္ဆို ပိုေကာင္းတဲ့ ပိုအင္အားေတာင့္တဲ့ လူစာရင္းေတာင္ ျဖစ္လာၿပီ။ ဒီေတာ့ က်ေနာ္တို႔ မွန္ကန္တဲ့ ပုံစံ ျပသရပါမယ္။

က်ေနာ္တို႔ အသင္းမွာ တကယ့္ ကစားသမားႀကီးေတြ ရွိတယ္။ ေခါင္းေဆာင္ေတြ။ ဒီေတာ့ က်ေနာ္ ထပ္ခါ ထပ္ခါ ေျပာရလြန္းလို႔ အာလည္း ေပါက္ေနပါၿပီ။ ဒီအတိုင္း ဆက္သြားလို႔ေတာ့ မရဘူး။ က်ေနာ္တို႔ မွန္ကန္တဲ့ ပုံစံ ျပသႏိုင္ဖို႔ လိုၿပီ။ တနလၤာေန႔ အက္စတြန္ဗီလာနဲ႔ အက္ဖ္ေအဖလားပြဲ က စလို႔ ေသခ်ာ လုပ္ၾကပါစို႔။

က်ေနာ္တို႔ အားလုံး စိတ္လည္းတိုတယ္၊ ကိုယ့္ အေကာင္းဆုံး ပုံစံေတြ လုပ္ျပခ်င္တယ္။ ဘယ္သူေတြ ဘာေျပာေနေန ကြင္းထဲမွာ အသင္းလိုက္ စိတ္ဓာတ္နဲ႔ ပုံစံေကာင္း ရရင္ ဒါက ျဖစ္လာႏိုင္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ ကစားသမား တစ္ေယာက္ အေနနဲ႔ ေဝဖန္မႈေတြ ရွိလာရင္ေတာင္ ေခါင္းေမာ့ၿပီး ေကာင္းစြာ တုန႔္ျပန္ ျပႏိုင္ရပါမယ္။ တခ်ိန္တည္းမွာပဲ အျပင္က ဆူညံသံေတြကို လ်စ္လ်ဴရႈၿပီး ထရိန္နင္မွာ ကိုယ့္အလုပ္ ကိုယ္ အာ႐ုံစိုက္ဖို႔လည္း လိုတယ္။

က်ေန္ာတို႔ အားလုံး ေသခ်ာ အတူသာ အားထုတ္ရင္ ရလဒ္ေကာင္းေတြ ေတာက္ေလ်ာက္ ျပန္ရႏိုင္မယ္ ဆိုတာ အားလုံး သိၾကပါတယ္။ အဲဒီက်ရင္ အခု ေျပာတာေတြ အားလုံးကို ေခ်ပၿပီးသား ျဖစ္သြားလိမ့္မယ္။ ” လို႔ မက္ဂြဲရားက ေျပာဆိုခဲ့ပါတယ္။