အင်္ဂါနေ့ နေ့လည်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ ဘောလုံးသင်းတိုများ

အသက်(၂၀) သာ ရှိသေးတဲ့ ဘရာဇီးနဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားလေး မားကို့စ်ပါလိုဟာ ဘရာဇီးကလပ် ဖလူမင်နီစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ စပိန်လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်း ဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ အန်ဒရေဆေးဗားကို လိုက်ပ်ဇစ်အသင်းဆီ လက်လွတ်လိုက်ရတဲ့ ဖရန့်ဖတ်အသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့အတွက် အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းရဲ့ တိုက်စစ်မှူး ဆန်းတို့စ်ဘော်ရယ်ကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် ကိုင်တွယ်လို့နေတဲ့ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကနေ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂျွန်လန်းစထွမ်းကို အလွတ်ပြောင်းရွေ့ကြေး (၃)နှစ်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းမှာ (၄)နှစ်ဝန်းကျင်လောက်အထိကို ကျင်လည်ခဲ့တဲ့ မက်ဆီဒိုးနီးယားလက်ရွေးစင် တောင်ပံကစားသမားဖြစ်သူ အလီယိုစကီးဟာ လက်ရှိအချိန်မှာ လိဒ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရပြီဖြစ်ပြီး သက်တမ်းတိုးတော့မှာမဟုတ်ပဲ လက်တွဲဖြုတ်တော့မှာဖြစ်ကြောင်း လိဒ်စ်ယူနိုက်တက်ဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

မကြာခင်မှာ စတင်ကျင်းပသွားတော့မယ့် ၂၀၂၀ တိုကျိုအိုလံပစ်ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အီဂျစ်အိုလံပစ်အသင်းအတွက် အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို စေလွှတ်သွားမှာ မဟုတ်ပဲ အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေမှာသာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

ZG – အသက္(၂၀) သာ ရွိေသးတဲ့ ဘရာဇီးနဲ႔ ေပၚတူဂီလူငယ္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္ကစားသမားေလး မားကို႔စ္ပါလိုဟာ ဘရာဇီးကလပ္ ဖလူမင္နီစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ စပိန္လာလီဂါခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္အသင္း ဆီကို အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုျဖစ္ခဲ့ပါတယ္။

အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားျဖစ္သူ အန္ဒေရေဆးဗားကို လိုက္ပ္ဇစ္အသင္းဆီ လက္လြတ္လိုက္ရတဲ့ ဖရန႔္ဖတ္အသင္းဟာ တိုက္စစ္ပိုင္းကို ျပန္လည္အားျဖည့္ဖို႔အတြက္ အာဂ်င္တီးနား ထိပ္သီးကလပ္ ေရးဗားပလိတ္အသင္းရဲ႕ တိုက္စစ္မႉး ဆန္းတို႔စ္ေဘာ္ရယ္ကို (၄)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူလိုက္ၿပီျဖစ္တယ္လို႔ တရားဝင္ ထုတ္ျပန္လာခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ဂႏၲဝင္ကစားသမားေဟာင္းႀကီး စတီဗင္ဂ်ရတ္ ကိုင္တြယ္လို႔ေနတဲ့ စေကာ့တလန္ ထိပ္သီးကလပ္ ရိန္းဂ်ားအသင္းဟာ ရွက္ဖီးယူႏိုက္တက္အသင္းကေန စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့တဲ့ အဂၤလန္ ကြင္းလယ္ကစားသမား ဂြၽန္လန္းစထြမ္းကို အလြတ္ေျပာင္းေ႐ြ႕ေၾကး (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေခၚယူသြားခဲ့တယ္လို႔ သိရွိရပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းမွာ (၄)ႏွစ္ဝန္းက်င္ေလာက္အထိကို က်င္လည္ခဲ့တဲ့ မက္ဆီဒိုးနီးယားလက္ေ႐ြးစင္ ေတာင္ပံကစားသမားျဖစ္သူ အလီယိုစကီးဟာ လက္ရွိအခ်ိန္မွာ လိဒ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့ရၿပီျဖစ္ၿပီး သက္တမ္းတိုးေတာ့မွာမဟုတ္ပဲ လက္တြဲျဖဳတ္ေတာ့မွာျဖစ္ေၾကာင္း လိဒ္စ္ယူႏိုက္တက္ဘက္ကေန တရားဝင္ ထုတ္ျပန္လာခဲ့ပါတယ္။

မၾကာခင္မွာ စတင္က်င္းပသြားေတာ့မယ့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ရဲ႕ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ့္ အီဂ်စ္အိုလံပစ္အသင္းအတြက္ အသင္းရဲ႕ အီဂ်စ္တိုက္စစ္ကစားသမား မိုဟာမက္ဆာလာကို ေစလႊတ္သြားမွာ မဟုတ္ပဲ အသင္းရဲ႕ ရာသီႀကိဳအစီအစဥ္ေတြမွာသာ ထည့္သြင္းသြားမွာျဖစ္တယ္လို႔ လီဗာပူးလ္အသင္းဘက္ကေန ထုတ္ျပန္လာခဲ့ပါတယ္။