ဆာလာရဲ့ ထုတ်ဖော်ရှင်းပြချက်၊ နည်းပြတွေထက် ပါဝါကြီးနေတဲ့ ဒိုလေး၊ တူချယ် ပူလီဆစ်နဲ့ နံနက်ခင်း သတင်းများ
နယူးကာဆယ်အနေနဲ့ မန်ယူနဲ့ အဲဗာတန် ကစားသမားဟောင်း ဖယ်လိုင်နီကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဖယ်လိုင်နီ က လက်ရှိမှာ တရုတ်စူပါလိဂ်မှာကစားနေပြီး သူ့စာချုပ်က ၂၀၂၅ ခုနှစ်အထိ ရှိနေတာပါ။
ချဲလ်ဆီးနည်းပြတူချယ်က တိုက်စစ်ကစားသမား ပူလီဆစ်ကို အစွန်ခံစစ်သမား အဖြစ် ထားကစားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွ ယ်ခဲ့ပြီး ထိုနေရာဟာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ပူလီဆစ် က ဝင် ကစားပြီး ကူညီပေးနိုင်ကြောင်း၊ ပူလီဆစ်ကလည်း ပွဲကစားခွင့် လိုအပ်နေသူ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှုး ဆာလာကတော့ အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ်အတွက် သူ့ဘက်က မဖြစ်နိုင်လောက်တဲ့ လစာတွေ ရူးလောက်ဖွယ် တောင်းဆိုမှုတွေ မလုပ်ထားကြောင်း ထုတ်ဖော် ရှင်းလင်းလိုက်ပါတယ်။
အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လိုင်လီ တိုက်စစ်မူှး ဂျိုနသန်ဒေးဗစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက် နေကြောင်း သိရပါတယ်။ အာဆင်နယ် က အဓိကပစ်မှတ်ဗလာဟိုဗစ်ကို မခေါ်နိုင်ခဲ့ရင် ဂျိုနသန်ဒေးဗစ်ကို အစားထိုးခေါ်ယူသွားမှာ ဖြစ်ပါတယ်။
အေစီမီလန် ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူနိုင်ဖို့ စပါးအသင်းက အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ စပါးဟာ ကက်ဆီကို တစ်နှစ်လုပ်ခ ယူရို ၈သန်းနဲ့ အပိုကြေး ယူရို ၂ သန်းထည့်သွင်း ကမ်းလှမ်းသွားမှာဖြစ်ပြီး ဂျူဗီ၊ ပီအက်စ်ဂျီ တို့ထက် လက်ဦးမှု ရယူလိုနေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ အသင်းဟာ အဲဗာတန်နောက်ခံလူ ဒစ်ဂ်နေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗီလာအနေနဲ့ ဒစ်ဂ်နေးအတွက် ပေါင် ၂၅ သန်းအသုံးပြုသွားမှာဖြစ်ပြီး ဇန်နဝါရီမှာ ဂျရတ်ရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာတော့မှာပါ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ဂရုဗ်စ် ကတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ရာသီကုန်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ လမ်းခွဲသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

စီရော်နယ်ဒိုရဲ့ပုံရိပ်ဟာ မန်ယူမှာ နည်းပြတိုင်းထက် ကြီးမားနေတာကြ ပဿနာဖြစ်ကြောင်း၊ ပိုချက်တီနိုရောက်လာရင်လည်း သူ့ပုံရိပ်ဟာ ပိုချက်တီနိုထက် လွှမ်းမိုးနေမှာ ဖြစ်ကြောင်း ဂရုဗ်စ် က မှတ်ချက်ပြုခဲ့ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှုး ဒီပေးအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ ဒီပေးဟာ ဘာစီလိုနာမှာ ပျော်ရွှင်လျက်ရှိနေပြီး သူ့အရည်အသွေးကို သက်သေပြသွားဖု့ိ အာရုံစိုက် ထားပါတယ်။