ပူလီဆစ်၊ ဆောနီဂွက်ဇ်၊ လူကာကူ၊ အီမာဆင်၊ အော်စကာတို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးနည်းပြတူချယ်က တိုက်စစ်ကစားသမား ပူလီဆစ်ကို Wing Back အဖြစ် ထားကစားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး သူတို့အနေနဲ့ Wing Back နေရာဟာ ဒဏ်ရာပြဿနာတွေရှိနေကြောင်း၊ ပူလီဆစ်ဟာအဲဒီနေရာမှာ ကစားပြီး မိမိတို့ကို ကူညီပေးနိုင်ကြောင်း၊ ပူလီဆစ်ဟာ ပွဲကစားခွင့်လိုအပ်နေသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြတူချယ်က ကွင်းလယ်လူ ဆောနီဂွတ်ဇ်ရဲ့ တိုးတက်လာမှုကို ချီးကျူးခဲ့ပြီး ဆောနီဂွတ်ဇ်ဟာ အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမှာဖြစ်ကြောင်း၊ ဆောနီဂွတ်ဇ်အနေနဲ့ တစ်ပွဲချင်းစီမှာ ယုံကြည်ချက် တက်လာတာကို တွေ့မြင်နေရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က တိုက်စစ်မှူး လူကာကူအနေနဲ့ ပရိသတ်တွေရဲ့ အမြင်ပြန်ကြည်လာစေဖို့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်ကြောင်း၊ တိုက်စစ်မှူး တစ်ယောက်အတွက် သွင်းဂိုးတွေကအလိုအပ်ဆုံးဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး အမေ့ခံကစားသမား လီဝစ်ဘက်ကာကို ခေါ်ယူနိုင်ဖို့ လိဂ်ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ သူ့ရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပါတယ်။

နော့ဝှစ်ချ်နည်းပြဒန်းစမစ်ချ်က ကွင်းလယ်ကြယ်ပွင့် ဂယ်လ်မောအနေနဲ့ ဇန်နဝါရီမှာ ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့မှာ မဟုတ်ကြောင်း၊ ဒဏ်ရာအခြေအနေဟာ ချဲလ်ဆီးကို ပြန်သွားစေနိုင်လောက်တဲ့ အကြောင်းရင်း မဟုတ်ဘဲ လာမဲ့ ၃ ပတ် အတွင်း ပြန်ကစားနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ လိုင်ယွန်ထံ အငှားချထားတဲ့ နောက်ခံလူ အီမာဆင်ကို လျော်ကြေး ပေါင် ၃.၃ သန်း ပေးချေပြီး ပြန်ခေါ်မယ် လို့ ကမ်းလှမ်းခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ အစွန်နောက်ခံလူ ပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး အီမာဆင်ကို ပြန်ခေါ်ဖို့ ကြိုးပမ်းနေတာပါ။

ချဲလ်ဆီး နည်းပြတူချယ်က သူတို့အနေနဲ့ ကာရာဘောင်ဖလား ပထမအကျော့မှာ စပါးကို နှစ်ဂိုးပြတ် အနိုင် ရရှိထားခဲ့ပေမဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ခြေတစ်ဖက် လှမ်းထားနိုင်ခြင်း မရှိသေးကြောင်း၊ ဒုတိယ အကျော့ကို အပြည့်အ၀ အာရုံ စိုက်ပြီး ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးကစားသမားဟောင်း အော်စကာကို အံ့အားသင့်ဖွယ် ဆက်သွယ်မှုပြုလုပ်လာကြောင်း သိရပါတယ်။ အော်စကာ ဟာ တရုတ်စူပါလိဂ်မှာ ကစားလျက်ရှိနေပြီးသူ့ရဲ့လစာပမဏကြောင့် ဘာစီအနေနဲ့ ခေါ်ယူနိုင်ဖို့ ခဲယဉ်းနေပါတယ်။