BREAKING NEWS: ချယ်ဆီးက ဟာလန်းကို ခေါ်ယူဖို့ ဆက်သွယ်နေကြောင်း တူချယ် ပြော
ဒီအပတ် ချန်ပီယံလိဂ်ပွဲအကြို ဂျာမာန်သတင်းဌာနနဲ့ အင်တာဗျူးမှာ တူချယ်က ဒေါ့မွန်တိုက်စစ်သမားဟာလန်းနဲ့ တောက်လျှောက် ချိတ်ဆက်နေကြောင်း ထပ်မံ ဖွင့်ဟလာခဲ့ပြန်ပါတယ်။
ဒီနွေတုန်းက ချယ်ဆီးဟာ ဟာလန်းအတွက် ကမ်းလှမ်းမှုတွေ လုပ်ခဲ့သေးပေမယ့် ဒေါ့မွန်ဘက်က ပယ်ချခဲ့တာပါ။ အဲ့ကြောင့်ပဲ နောက်ပိုင်းမှာ အင်တာမီလန်မှ လူကာကူကို ပြောင်းလဲ ခေါ်ယူခဲ့ရတာဖြစ်တယ်။ ဒါပေမယ့်လို့ ချယ်ဆီးက ဟာလန်းကို ခေါ်ယူဖို့ကို လက်မလျော့သေးပါဘူး။
တူချယ်က “ ဟာလန်းကို စိတ်ဝင်စားတဲ့အကြောင်း ကျနော် နှစ်ကြိမ်လောက် စကားပြောခဲ့ဖူးပါတယ်။ ဒီနွေဈေးကွက်တုန်းက တစ်ကြိမ် အပါအဝင်ပေါ့။ ဒါပေမယ့်လို့ သူ့ကို ခေါ်ယူဖို့က လုံးဝ လက်တွေ့မကျဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။
သူက ကစားသမားကောင်း တစ်ယောက် ဖြစ်လို့ ကျနေ်ာတို့ သူနဲ့ တောက်လျောက် ချိတ်ဆက် ပြောဆိုဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ကျနေ်ာတို့ ပြိုင်ဘက်ကြီး တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်မှာ သူက အဓိက ကစားသမားပဲလေ။ ” လို့ ဟာလန်းနဲ့ ပတ်သတ်လို့ ချယ်ဆီး သဘောထားကို တူချယ်က ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်အတွက် လူကာကူကို ကလပ်စံချိန်တင်ကြေးပေးပြီး ခေါ်ယူထားခဲ့ပါပြီ။ ဒါပေမယ့်လို့ တူချယ်ကတော့ ချယ်ဆီးတိုက်စစ်ကို လူကာကူ၊ ဟာလန်း နှစ်ဦးတွဲထားဖို့ဆိုတာက မဖြစ်နိုင်လောက်တဲ့ ကိစ္စလို့တော့ မထင်ပါဘူး။
လူကာကူရှိနေပေမယ့် လာမယ့်ရာသီ စတမ်းဖိုဒ့်ဘရစ်မှာ ဟာလန်းကို မြင်ရမလားဆိုတဲ့ မေးခွန်းအတွက် တူချယ်က “ မင်းတို့ ဆိုလိုတာက လူကာကူနဲ့ ဟာလန်းကို တွဲဘက်ပေးဖို့လား?
အဲ့အကြောင်းကို ပြောလိုရပါတယ်။ အခုချိန်ထိတော့ အရမ်းကြီး အလေးအနက် ထားနေတာမျိုး မဟုတ်ဘူးပေါ့။ ဒါပေမယ့်လို့ လာမယ့် အပတ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြည့်ကြတာပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းက ဟာလန်းကို ရသွားမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်သွားဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။