မန်ယူ လူငယ်ကစားသမားတွေက သူ့ကို ဆန့်ကျင်နေကြကြောင်း ဖွင့်ဟဝန်ခံလာတဲ့ ရော်နယ်ဒို
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းမှာရှိတဲ့ လူငယ် ကစားသမားတွေနဲ့ ပတ်သက်လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူး အစီအစဉ်မှာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုက ဒီအင်တာဗျူး အစီအစဉ်မှာ အသင်းရဲ့ လက်ရှိအနေအထား၊ နည်းပြရန်းနစ်၊ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ အသင်းတွင်း ပြဿနာရှိနေတယ်လို့ သုံးသပ်နေသူတွေရှိပြီး အခု ရော်နယ်ဒိုရဲ့ ပြော စကားတွေ ကလည်း သူ့အပေါ် မကျေလည်မှုတွေ ရှိနေကြတယ် ဆိုတာ ရိပ်စားမိနိုင်ပါတယ်။

ရော်နယ်ဒိုက “ကျနော် (၁၈) (၁၉) (၂၀) အရွယ်လောက်ကို ပြန်သတိရပါသေးတယ်။ တချို့ စီနီယာ ကစားသမား တွေက ကျနော်နဲ့ စကားပြောပြီး သက်သေပြဖို့ လိုအပ်တယ်လို့ တွန်းအားပေးကြပါတယ်။ အချို့ကတော့ အဲ့ဒီလို မဟုတ်ဘဲ လက်မခံကြပါဘူး။ သူတို့ကို ဝေဖန်တယ်ဆိုရင်ပေါ့။ တခါတလေ ကိုင်တွယ်ရ အတော်လေး ခက်ခဲပါတယ်”
“ဘာလို့လဲဆိုတော့ လူငယ် ကစားသမားတွေက ခင်ဗျားနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ လုပ်တဲ့အခါမျိုးတွေမှာပေါ့။ ခင်ဗျား သူတို့နဲ့ ဟန်ချက်ညီအောင် စကားပြောဖို့ လိုအပ်ပါတယ်။ ကျနော့် အမြင်ကို ပြောရရင် သူတို့ ကိုယ့်ဘာသာ ကိုယ်ပဲ လုပ်သင့်ပါတယ်”
“မှန်ကြည့်ပြီး ကိုယ့်ဘာသာကိုယ် ပေးဆပ်ရမယ်လို့ ပြောသင့်ပါတယ်။ ကျနော်တို့ဆီမှာ အောင်ပွဲရအောင် အများကြီး ကြိုးစားရမှာဖြစ်ပြီး ဒီအပေါ်မှာလည်း ယုံကြည်ချက်ရှိရပါမယ်။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဒါက အိပ်မက်ဆိုး ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုက အသင္းမွာရွိတဲ့ လူငယ္ ကစားသမားေတြနဲ႔ ပတ္သက္လို႔ စကိုင္းစေပါ့နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ ဖြင့္ဟေျပာၾကားလာခဲ့ပါတယ္။ ေရာ္နယ္ဒိုက ဒီအင္တာဗ်ဴး အစီအစဥ္မွာ အသင္းရဲ႕ လက္ရွိအေနအထား၊ နည္းျပရန္းနစ္၊ ကစားသမားေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္မွာ အသင္းတြင္း ျပႆနာရွိေနတယ္လို႔ သုံးသပ္ေနသူေတြရွိၿပီး အခု ေရာ္နယ္ဒိုရဲ႕ ေျပာ စကားေတြ ကလည္း သူ႔အေပၚ မေက်လည္မႈေတြ ရွိေနၾကတယ္ ဆိုတာ ရိပ္စားမိႏိုင္ပါတယ္။
ေရာ္နယ္ဒိုက “က်ေနာ္ (၁၈) (၁၉) (၂၀) အ႐ြယ္ေလာက္ကို ျပန္သတိရပါေသးတယ္။ တခ်ိဳ႕ စီနီယာ ကစားသမား ေတြက က်ေနာ္နဲ႔ စကားေျပာၿပီး သက္ေသျပဖို႔ လိုအပ္တယ္လို႔ တြန္းအားေပးၾကပါတယ္။ အခ်ိဳ႕ကေတာ့ အဲ့ဒီလို မဟုတ္ဘဲ လက္မခံၾကပါဘူး။ သူတို႔ကို ေဝဖန္တယ္ဆိုရင္ေပါ့။ တခါတေလ ကိုင္တြယ္ရ အေတာ္ေလး ခက္ခဲပါတယ္”
“ဘာလို႔လဲဆိုေတာ့ လူငယ္ ကစားသမားေတြက ခင္ဗ်ားနဲ႔ ဆန႔္က်င္ဘက္ေတြခ်ည္းပဲ လုပ္တဲ့အခါမ်ိဳးေတြမွာေပါ့။ ခင္ဗ်ား သူတို႔နဲ႔ ဟန္ခ်က္ညီေအာင္ စကားေျပာဖို႔ လိုအပ္ပါတယ္။ က်ေနာ့္ အျမင္ကို ေျပာရရင္ သူတို႔ ကိုယ့္ဘာသာ ကိုယ္ပဲ လုပ္သင့္ပါတယ္”
“မွန္ၾကည့္ၿပီး ကိုယ့္ဘာသာကိုယ္ ေပးဆပ္ရမယ္လို႔ ေျပာသင့္ပါတယ္။ က်ေနာ္တို႔ဆီမွာ ေအာင္ပြဲရေအာင္ အမ်ားႀကီး ႀကိဳးစားရမွာျဖစ္ၿပီး ဒီအေပၚမွာလည္း ယုံၾကည္ခ်က္ရွိရပါမယ္။ အဲ့ဒီလိုမွ မဟုတ္ဘူးဆိုရင္ေတာ့ ဒါက အိပ္မက္ဆိုး ျဖစ္လာမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။