မန်ယူက အဆင့် ၅၊ ၆၊ ၇ လုနေရမယ့် အသင်း မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ စကိုင်းစပေါ့ ရုပ်သံနဲ့ အင်တာဗျူး မှာ သူအနေနဲ့ မန်ယူအသင်းထံ ပြန်လာတာက အဆင့် ၅၊ ၆၊ ၇ နေရာတွေလောက် တိုက်ပွဲဝင်ဖို့အတွက် မဟုတ်ဘဲ မန်ချက်စတာကလပ်ဟာ အနည်းဆုံး အဆင့်(၃)အတွင်း ဝင်ရောက်နိုင်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ယူ အသင်းရဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက အခုလိ ပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့တွေ လက်ရှိမှာ အရာတွေ အများကြီးကို ပြောင်းလဲနိုင်နေပါပြီ။ ဒါပေမယ့် ကျွန်တော်က နည်းပြတစ်ဦး မဟုတ်ပဲနဲ့ ကစားသမားတစ်ယောက်သာ ဖြစ်နေတာကြောင့်မို့ တိကျတဲ့ နည်းလမ်းတွေကိုတော့ ကျွန်တော် မသိပါဘူး။ တကယ်လို့ ကျွန်တော်က ဒီနည်းလမ်းတွေကို သိနေတယ်ဆိုရင်တောင် ထုတ်ဖော်ပြောဆိုဖို့က ကျင့်ဝတ်တွေနဲ့ မညီမှာဆိုတော့ ပြောလို့ မရပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း အရေးပါတဲ့ ဆုဖလားတွေနဲ့ သက်ဆိုင်နေသေးတာဖြစ်လို့ ကျွန်တော်တို့တွေ ပြောင်းလဲနိုင်ရမယ်။ ကလပ်အသင်းကိုလည်း အဆင့်(၅)(၆)(၇) နေရာတွေအတွက် တိုက်ပွဲဝင်နေတာမျိုးတွေ မဖြစ်စေချင်ပါဘူး”

“ကျွန်တော် ဒီကို ရောက်ရှိနေတာက နိုင်ပွဲတွေ ရယူဖို့ ယှဉ်ပြိုင်ကြဖို့အတွက်ပါပဲ။ ကျွန်တော်တို့တွေ ဒီလို ယှဉ်ပြိုင်နိုင်မယ် လို့ ထင်ထားရပေမယ့် လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အနေအထားကို မရောက်နေပါဘူး။

ဒါပေမယ့် ကျွန်တော်တို့တွေ တိုးတတ်လာဖို့ ရှိနေသေးတဲ့အပြင်ကို ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲနိုင် ခဲ့မယ် ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် တို့တွေ ဆီမှာ မှန်ကန်တဲ့ ခံယူချက်တွေ စိတ်နေစိတ်ထားတွေ ရှိနေရမယ်။ ပွဲတစ်ပွဲအတွင်း ရုန်းကန်မှုတွေ ရှိလာတဲ့ အခါမျိုးမှာ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့် ဖြစ်နေရပါမယ်။

ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး(၃)သင်းထဲ ဝင်ရောက်နိုင်ဖို့ စိတ်ဓါတ်မျိုး ရှိမနေတာကိုတော့ ကျွန်တော် ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး” လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ ၾကယ္ပြင့္ တိုက္စစ္မႈး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ စကိုင္းစေပါ့ ႐ုပ္သံနဲ႔ အင္တာဗ်ဴး မွာ သူအေနနဲ႔ မန္ယူအသင္းထံ ျပန္လာတာက အဆင့္ ၅၊ ၆၊ ၇ ေနရာေတြေလာက္ တိုက္ပြဲဝင္ဖို႔အတြက္ မဟုတ္ဘဲ မန္ခ်က္စတာကလပ္ဟာ အနည္းဆုံး အဆင့္(၃)အတြင္း ဝင္ေရာက္ႏိုင္သင့္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

မန္ယူ အသင္းရဲ႕ လက္ရွိ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေရာ္နယ္လ္ဒိုက အခုလိ ေျပာဆိုခဲ့တာပါ။

“ကြၽန္ေတာ္တို႔ေတြ လက္ရွိမွာ အရာေတြ အမ်ားႀကီးကို ေျပာင္းလဲႏိုင္ေနပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္က နည္းျပတစ္ဦး မဟုတ္ပဲနဲ႔ ကစားသမားတစ္ေယာက္သာ ျဖစ္ေနတာေၾကာင့္မို႔ တိက်တဲ့ နည္းလမ္းေတြကိုေတာ့ ကြၽန္ေတာ္ မသိပါဘူး။ တကယ္လို႔ ကြၽန္ေတာ္က ဒီနည္းလမ္းေတြကို သိေနတယ္ဆိုရင္ေတာင္ ထုတ္ေဖာ္ေျပာဆိုဖို႔က က်င့္ဝတ္ေတြနဲ႔ မညီမွာဆိုေတာ့ ေျပာလို႔ မရပါဘူး။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာလည္း အေရးပါတဲ့ ဆုဖလားေတြနဲ႔ သက္ဆိုင္ေနေသးတာျဖစ္လို႔ ကြၽန္ေတာ္တို႔ေတြ ေျပာင္းလဲႏိုင္ရမယ္။ ကလပ္အသင္းကိုလည္း အဆင့္(၅)(၆)(၇) ေနရာေတြအတြက္ တိုက္ပြဲဝင္ေနတာမ်ိဳးေတြ မျဖစ္ေစခ်င္ပါဘူး”

“ကြၽန္ေတာ္ ဒီကို ေရာက္ရွိေနတာက ႏိုင္ပြဲေတြ ရယူဖို႔ ယွဥ္ၿပိဳင္ၾကဖို႔အတြက္ပါပဲ။ ကြၽန္ေတာ္တို႔ေတြ ဒီလို ယွဥ္ၿပိဳင္ႏိုင္မယ္ လို႔ ထင္ထားရေပမယ့္ လက္ရွိမွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံး အေနအထားကို မေရာက္ေနပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ တိုးတတ္လာဖို႔ ရွိေနေသးတဲ့အျပင္ကို ကြၽန္ေတာ္တို႔ရဲ႕ စိတ္ေနစိတ္ထားေတြကို ေျပာင္းလဲႏိုင္ ခဲ့မယ္ ဆိုရင္ေတာ့ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရယူႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ကြၽန္ေတာ္ တို႔ေတြ ဆီမွာ မွန္ကန္တဲ့ ခံယူခ်က္ေတြ စိတ္ေနစိတ္ထားေတြ ရွိေနရမယ္။ ပြဲတစ္ပြဲအတြင္း ႐ုန္းကန္မႈေတြ ရွိလာတဲ့ အခါမ်ိဳးမွာ ဒါေတြကို ရင္ဆိုင္ႏိုင္ဖို႔ အဆင္သင့္ ျဖစ္ေနရပါမယ္။

ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံး(၃)သင္းထဲ ဝင္ေရာက္ႏိုင္ဖို႔ စိတ္ဓါတ္မ်ိဳး ရွိမေနတာကိုေတာ့ ကြၽန္ေတာ္ ဘယ္နည္းနဲ႔မွ လက္မခံႏိုင္ဘူး” လို႔ ထုတ္ေဖာ္ေျပာဆို သြားခဲ့ပါတယ္။