အမှတ်ပေးဇယားမှာ အာဆင်နယ်က ချဲလ်ဆီး အထက် ရပ်တည်နိုင်မယ် ဆိုတဲ့ ပီတစ် သုံးသပ်မှု
ဂန်းနားဟောင်းကြီး ပီတစ် က အာဆင်နယ်ရဲ့ လက်တစ်လော ပုံစံကောင်း ပြသနေမှု၊ ချဲလ်ဆီး အသင်း ရလဒ်ပိုင်း ကျဆင်း နေမှု တို့ကြောင့် အာဆင်နယ် က ရာသီကုန်မှာ ချဲလ်ဆီး အသင်း အထက်မှာ ရပ်တည် နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ အတွင်းမှာတော့ ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာ အထိ တက်လှမ်း နိုင်ခဲ့ကာ အဆင့် ၂ နေရာက ချဲလ်ဆီး အသင်း နဲ့ ရမှတ် ၈ မှတ် အကွာမှာ ရှိနေပါတယ်။
ချဲလ်ဆီး အသင်းကတော့ အောက်တိုဘာလတုန်းက အမှတ်ပေးဇယား ထိပ်ဆုံး မှာ ရပ်တည် နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ သရေကျပြီးနောက် ထိပ်ဆုံး က မန်စီးတီး နဲ့ ရမှတ် ၁၀ မှတ် အထိ ကွာဟ သွားခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး ပီတစ် က” အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းထဲ ဝင်နိုင်သလား ? ဒီမေးခွန်းကို ပြီးခဲ့တဲ့ နှစ်လကသာ မေးရင် အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့က အံ့ဩဖွယ် ဖြစ်ရပ်တွေ ဖြစ်လာမှလို့ပဲ ဖြေမိမှာပါ။ ”
” ဒါပေမယ့် ပြီးခဲ့တဲ့လတွေ အတွင်း အာဆင်နယ် အသင်း လုပ်ပြ ခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် သူတို့မှာ အခွင့်အရေးကောင်း ရှိနေတယ်လို့ ဆိုနိုင်ပါတယ် ။ သူတို့ရဲ့ ရာသီအစက အတော်လေး ဆိုးရွားခဲ့ပါတယ်၊ ဒါပေမယ့် ခြောက်လ အကြာမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တဲ့ အခွင့်အရေး ရှိနေပါပြီ။ ”
” အခု အချိန်မှာ အားလုံးက စိတ်ပြောင်းသွားကြပါပြီ၊ ယုံကြည်မှုတွေလည်း ပြန်ရလာကြပြီ၊ အာဆင်နယ် အသင်း ဒဏ်ရာ ပြဿနာတွေ မများလာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒဏ်ရာ ပြဿနာက အာဆင်နယ် အတွက် ကြီးမားတဲ့ ပြဿနာ တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ”
” ချဲလ်ဆီး အသင်း လက်တစ်လော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် သူတို့ အမှတ်တွေ ထပ်လျှော့ဖို့ မျှော်လင့်လို့ ရနိုင်ပါတယ်။
ဒီလိုသာ ဖြစ်လာခဲ့ရင် အာဆင်နယ် အသင်း အနေနဲ့ အဆင့် ၃ နေရာကိုပါ ပစ်မှတ် ထားနိုင်ပါပြီ၊ အာဆင်နယ် ကစားသမားတွေ အတွက် အခွင့်အလမ်းကောင်းတွေရှိနေပါတယ်၊ သူတို့ အမိအရ ရယူနိုင်ဖို့ လိုတယ် ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ZG
ဂန္းနားေဟာင္းၾကီး ပီတစ္ က အာဆင္နယ္ရဲ႕ လက္တစ္ေလာ ပုံစံေကာင္း ျပသေနမႈ၊ ခ်ဲလ္ဆီး အသင္း ရလဒ္ပိုင္း က်ဆင္း ေနမႈ တို႔ေၾကာင့္ အာဆင္နယ္ က ရာသီကုန္မွာ ခ်ဲလ္ဆီး အသင္း အထက္မွာ ရပ္တည္ ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အာဆင္နယ္ အသင္းဟာ ဒီဇင္ဘာလ အတြင္းမွာေတာ့ ၅ ပြဲဆက္တိုက္ ႏိုင္ပြဲ ရယူၿပီး အမွတ္ေပး ဇယား အဆင့္ ၅ ေနရာ အထိ တက္လွမ္း ႏိုင္ခဲ့ကာ အဆင့္ ၂ ေနရာက ခ်ဲလ္ဆီး အသင္း နဲ႔ ရမွတ္ ၈ မွတ္ အကြာမွာ ရွိေနပါတယ္။
ခ်ဲလ္ဆီး အသင္းကေတာ့ ေအာက္တိုဘာလတုန္းက အမွတ္ေပးဇယား ထိပ္ဆုံး မွာ ရပ္တည္ ႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲ သေရက်ၿပီးေနာက္ ထိပ္ဆုံး က မန္စီးတီး နဲ႔ ရမွတ္ ၁၀ မွတ္ အထိ ကြာဟ သြားခဲ့ပါတယ္။
အာဆင္နယ္ ကစားသမားေဟာင္းၾကီး ပီတစ္ က” အာဆင္နယ္ အသင္း ထိပ္ဆုံး ေလးသင္းထဲ ဝင္ႏိုင္သလား ? ဒီေမးခြန္းကို ၿပီးခဲ့တဲ့ ႏွစ္လကသာ ေမးရင္ အာဆင္နယ္ အသင္း ထိပ္ဆုံး ေလးသင္းထဲ ဝင္ဖို႔က အံ့ဩဖြယ္ ျဖစ္ရပ္ေတြ ျဖစ္လာမွလို႔ပဲ ေျဖမိမွာပါ။ ”
” ဒါေပမယ့္ ၿပီးခဲ့တဲ့လေတြ အတြင္း အာဆင္နယ္ အသင္း လုပ္ျပ ခဲ့တာေတြကို ၾကည့္ျခင္းအားျဖင့္ သူတို႔မွာ အခြင့္အေရးေကာင္း ရွိေနတယ္လို႔ ဆိုႏိုင္ပါတယ္ ။ သူတို႔ရဲ႕ ရာသီအစက အေတာ္ေလး ဆိုး႐ြားခဲ့ပါတယ္၊ ဒါေပမယ့္ ေျခာက္လ အၾကာမွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရႏိုင္တဲ့ အခြင့္အေရး ရွိေနပါၿပီ။ ”
” အခု အခ်ိန္မွာ အားလုံးက စိတ္ေျပာင္းသြားၾကပါၿပီ၊ ယုံၾကည္မႈေတြလည္း ျပန္ရလာၾကၿပီ၊ အာဆင္နယ္ အသင္း ဒဏ္ရာ ျပႆနာေတြ မမ်ားလာဖို႔ပဲ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္၊ ဒဏ္ရာ ျပႆနာက အာဆင္နယ္ အတြက္ ႀကီးမားတဲ့ ျပႆနာ တစ္ရပ္ ျဖစ္လာႏိုင္ပါတယ္။ ”
” ခ်ဲလ္ဆီး အသင္း လက္တစ္ေလာ ျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ေတြေၾကာင့္ သူတို႔ အမွတ္ေတြ ထပ္ေလွ်ာ့ဖို႔ ေမွ်ာ္လင့္လို႔ ရႏိုင္ပါတယ္။
ဒီလိုသာ ျဖစ္လာခဲ့ရင္ အာဆင္နယ္ အသင္း အေနနဲ႔ အဆင့္ ၃ ေနရာကိုပါ ပစ္မွတ္ ထားႏိုင္ပါၿပီ၊ အာဆင္နယ္ ကစားသမားေတြ အတြက္ အခြင့္အလမ္းေကာင္းေတြရွိေနပါတယ္၊ သူတို႔ အမိအရ ရယူႏိုင္ဖို႔ လိုတယ္ ။ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။