ကစားမယ့်သူ မရှိလို့ ခုမှ ပွဲရွှေ့ခိုင်းနေတဲ့ အာဆင်နယ်ကို ဝေဖန်လိုက်တဲ့ နဗီးလ်

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ည ခါးသီးမြို့ခံ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။ အာဆင်နယ်အသင်းမှာ အာဖရိကဖလား ပြိုင်ပွဲကို လွှတ်ထားရတဲ့ ကစားသမားတွေ ရှိနေတဲ့ အပြင် ကိုဗစ် ကူးထားသူ၊ ဒဏ်ရာရနဲ့ ပွဲပယ်တွေကြောင့် အခက်တွေ့နေပါတယ်။

ပါတေး၊ အယ်လ်နီနီ၊ ပီပီနဲ့ အူဘာမီယန်းတို့လို ကစားသမားတွေကို အာဖရိကဖလားပြိုင်ပွဲ သွားကစားနေပြီး တိုမီယာစု တီယာနေး ဆာခါ စမစ်ရိုး ချမ်ဘာ စီဒရစ်တို့ကလည်း ဒဏ်ရာပြသာနာ အသီးသီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ချာကာက အနီကတ်ပြစ်ဒဏ် ထိထားခဲ့သလို နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အိုဒီဂတ်မှာလည်း ကိုဗစ်ပိုး ကူးစက်ခံထားရတာပါ။

ဒါပေမယ့် မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ ကိုဗစ်ကူးလို့ အဓိက မဟုတ်ဘဲ သူ့ဘာသာ ကစားနိုင်တဲ့ သူတွေ မရှိတာနဲ့ ပွဲရွှေ့စေချင်နေတဲ့ အာဆင်နယ် လုပ်ရပ် အပေါ် ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။

နဗီးလ်က “ပရီးမီးယားလိဂ်မှာတင်မကပဲ EFL ပြိုင်ပွဲမှာ ပါဝင်ကစားနေရတဲ့ အသင်းတိုင်းက သူတို့အသင်းရဲ့ ပွဲစဉ်တွေအတိုင်း ကစားကို ကစားရမယ်ဆိုတာ ကျွန်တော် အရိုးသားဆုံး ယုံကြည် ထားပါတယ်။

အာဆင်နယ်ကနေ ဘာလိုဂန်က အငှားနဲ့ ထွက်သွားတာ။ မီလန်နိုင်းစ်က အငှားနဲ့ ထွက်ခွာသွားတာ။ ချာကာ အနီကတ်ပြသခံရတာ။ ဒါတွေအားလုံးက တခြားသူတွေရဲ့ အပြစ်မှ မဟုတ်တာ။ ဒါကို ပွဲစဉ်တွေကို ဖျက်ပေးလို့ မရနိုင်ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

နဗီးလ်က သူဟာ အာဆင်နယ်အသင်း တစ်သင်းတည်းကိုသာ ဝေဖန်ပြောဆိုနေတာ မဟုတ်ပေမယ့် အာဆင်နယ်ရဲ့ လန်ဒန်ဒါဘီပွဲမတိုင်ခင် ဒီပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားမှုကိုတော့ ပယ်ချသင့်ကြောင်း အခြား ကလ ပ်အသင်းတွေလည်း ဒီလို အခြေအနေမျိုးနဲ့ပဲ ဆက်လက်ဖြတ်သန်းနေရတာကြောင့် ကစားဖို့ သတ်မှတ်ထားတဲ့ ပွဲတွေကို ယှဉ်ပြိုင် ကစားသင့်ကြောင်း မှတ်ချက်ပြု သွားခဲ့ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ည ခါးသီးၿမိဳ႕ခံ စပါးအသင္းနဲ႔ ရင္ဆိုင္ရမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ေ႐ႊ႕ဆိုင္းေပးဖို႔ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြထံ ေတာင္းဆိုထားပါတယ္။ အာဆင္နယ္အသင္းမွာ အာဖရိကဖလား ျပိဳင္ပြဲကို လႊတ္ထားရတဲ့ ကစားသမားေတြ ရွိေနတဲ့ အျပင္ ကိုဗစ္ ကူးထားသူ၊ ဒဏ္ရာရနဲ႕ ပြဲပယ္ေတြေၾကာင့္ အခက္ေတြ႔ေနပါတယ္။

ပါေတး၊ အယ္လ္နီနီ၊ ပီပီနဲ႔ အူဘာမီယန္းတို႔လို ကစားသမားေတြကို အာဖရိကဖလားၿပိဳင္ပြဲ သြားကစားေနျပီး တိုမီယာစု တီယာေနး ဆာခါ စမစ္႐ိုး ခ်မ္ဘာ စီဒရစ္တို႔ကလည္း ဒဏ္ရာျပသာနာ အသီးသီးနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါ့အျပင္ ကြင္းလယ္လူ ခ်ာကာက အနီကတ္ျပစ္ဒဏ္ ထိထားခဲ့သလို ေနာက္ထပ္ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အိုဒီဂတ္မွာလည္း ကိုဗစ္ပိုး ကူးစက္ခံထားရတာပါ။

ဒါေပမယ့္ မန္ယူ ကစားသမားေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ ကိုဗစ္ကူးလို႔ အဓိက မဟုတ္ဘဲ သူ႔ဘာသာ ကစားနုိင္တဲ့ သူေတြ မရွိတာနဲ႕ ပြဲေရႊ႕ေစခ်င္ေနတဲ့ အာဆင္နယ္ လုပ္ရပ္ အေပၚ ေဝဖန္ ေထာက္ျပသြားခဲ့ပါတယ္။

နဗီးလ္က “ပရီးမီးယားလိဂ္မွာတင္မကပဲ EFL ၿပိဳင္ပြဲမွာ ပါဝင္ကစားေနရတဲ့ အသင္းတိုင္းက သူတို႔အသင္းရဲ႕ ပြဲစဥ္ေတြအတိုင္း ကစားကို ကစားရမယ္ဆိုတာ ကြၽန္ေတာ္ အ႐ိုးသားဆုံး ယုံၾကည္ ထားပါတယ္။

အာဆင္နယ္ကေန ဘာလိုဂန္က အငွားနဲ႔ ထြက္သြားတာ။ မီလန္ႏိုင္းစ္က အငွားနဲ႔ ထြက္ခြာသြားတာ။ ခ်ာကာ အနီကတ္ျပသခံရတာ။ ဒါေတြအားလုံးက တျခားသူေတြရဲ႕ အျပစ္မွ မဟုတ္တာ။ ဒါကို ပြဲစဥ္ေတြကို ဖ်က္ေပးလို႔ မရႏိုင္ဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

နဗီးလ္က သူဟာ အာဆင္နယ္အသင္း တစ္သင္းတည္းကိုသာ ေဝဖန္ေျပာဆိုေနတာ မဟုတ္ေပမယ့္ အာဆင္နယ္ရဲ႕ လန္ဒန္ဒါဘီပြဲမတိုင္ခင္ ဒီပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုထားမႈကိုေတာ့ ပယ္ခ်သင့္ေၾကာင္း အျခား ကလ ပ္အသင္းေတြလည္း ဒီလို အေျခအေနမ်ိဳးနဲ႔ပဲ ဆက္လက္ျဖတ္သန္းေနရတာေၾကာင့္ ကစားဖို႔ သတ္မွတ္ထားတဲ့ ပြဲေတြကို ယွဥ္ျပိဳင္ ကစားသင့္ေၾကာင္း မွတ္ခ်က္ျပဳ သြားခဲ့ပါတယ္။