အသင်းပြောင်းဖို့ စောစော လုပ်ဖြစ်ရင် ဒေါ့မွန်ကြောင့်ပဲ လို့ ကြိုလေသံပစ်လိုက်ပြီ ဖြစ်တဲ့ ဟာလန်း
ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ သူနဲ့ ဒေါ့မွန်အသင်းရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေကြောင်း ဖရိုင်းဘတ်နဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ဟာလန်းဟာ ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦးထဲက တဦး အဖြစ် သတ်မှတ်ခံရအောင် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဒေါ့မွန်အသင်း ကနေ ထွက်ခွာဖွယ် ရှိနေသူလည်း ဖြစ်ပါတယ်။
လတ်တလောမှာ သူ့အနေနဲ့ အပြောင်းအရွှေ့ အကြောင်း မစဉ်းစားသေးပဲ အသင်းအတွက်သာ အာရုံစိုက် ပေးဆပ် ကစားဖို့ စီစဉ်ထားပေမယ့် ဒေါ့မွန်အသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတခု ပေးဖို့ ဖိအားပေးနေကြောင်း ဟာလန်းက ဆိုခဲ့ပါတယ်။

ဟာလန်းက – “ကျွန်တော်က ဒေါ့မွန်အသင်းကို လေးစားတာကြောင့် ပြီးခဲ့တဲ့ ၆လလုံးလုံး အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘယ်လိုစကားမျိုးကိုမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အသင်းဘက်က အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချဖို့ ကျွန်တော့်ကို ဖိအားပေးနေပါပြီ။
ကျွန်တော်ကတော့ အသင်းအတွက် အာရုံစိုက် ကစားပေးဖို့ပဲ တွေးထားတာပါ။ အခု အသင်းရဲ့ တာဝန်ရှိသူတွေက ကျွန်တော့်ကို အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ဖို့ အတင်း ဖိအားပေးလာပါတယ်။ ဒါကြောင့် မကြာခင်မှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျရေရာတဲ့ ဆုံးဖြတ်ချက် တခု ချပါတော့မယ်။
ကျွန်တော်က အသင်းအတွက် ၊ ပရိသတ်တွေ အတွက် အာရုံစိုက် ကစားချင်နေပေမယ့် ဒီပြဿနာကို အသင်းဘက်ကပဲ စခဲ့တာပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။
အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒေါ့မွန်အသင်းထံ ရောက်ရှိပြီးနောက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၇၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇၈ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂၈ကြိမ် အထိလည်း ပြုလုပ်ထားနိုင်ပါတယ်။

ZG
ေဒါ့မြန္အသင္းရဲ႕ အဓိက တိုက္စစ္မႉး အာလင္း ဟာလန္းကေတာ့ သူနဲ႔ ေဒါ့မြန္အသင္းရဲ႕ တာဝန္ရွိသူေတြ ၾကားထဲမွာ ေျဖရွင္းရမယ့္ ျပႆနာေတြ ရွိေနေၾကာင္း ဖ႐ိုင္းဘတ္နဲ႕ ပြဲစဥ္အၿပီးမွာ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။
ဟာလန္းဟာ ဆဲလ္ဘက္အသင္း ကေန ေဒါ့မြန္အသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉး ၃ဦးထဲက တဦး အျဖစ္ သတ္မွတ္ခံရေအာင္ ေျခစြမ္းေကာင္းေတြ ထုတ္ျပထားႏိုင္သူ ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ေဒါ့မြန္အသင္း ကေန ထြက္ခြာဖြယ္ ရွိေနသူလည္း ျဖစ္ပါတယ္။
လတ္တေလာမွာ သူ႔အေနနဲ႔ အေျပာင္းအေ႐ႊ႕ အေၾကာင္း မစဥ္းစားေသးပဲ အသင္းအတြက္သာ အာ႐ုံစိုက္ ေပးဆပ္ ကစားဖို႔ စီစဥ္ထားေပမယ့္ ေဒါ့မြန္အသင္းရဲ႕ တာဝန္ရွိသူေတြက သူ႔ကို အနာဂတ္နဲ႔ ပတ္သတ္ၿပီး တိက်တဲ့ အေျဖတခု ေပးဖို႔ ဖိအားေပးေနေၾကာင္း ဟာလန္းက ဆိုခဲ့ပါတယ္။
ဟာလန္းက – “ကြၽန္ေတာ္က ေဒါ့မြန္အသင္းကို ေလးစားတာေၾကာင့္ ၿပီးခဲ့တဲ့ ၆လလုံးလုံး အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သတ္ၿပီး ဘယ္လိုစကားမ်ိဳးကိုမွ မေျပာခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ အသင္းဘက္က အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သတ္ၿပီး ဆုံးျဖတ္ခ်က္ ခ်ဖို႔ ကြၽန္ေတာ့္ကို ဖိအားေပးေနပါၿပီ။
ကြၽန္ေတာ္ကေတာ့ အသင္းအတြက္ အာ႐ုံစိုက္ ကစားေပးဖို႔ပဲ ေတြးထားတာပါ။ အခု အသင္းရဲ႕ တာဝန္ရွိသူေတြက ကြၽန္ေတာ့္ကို အနာဂတ္နဲ႔ ပတ္သတ္ၿပီး တိက်တဲ့ ဆုံးျဖတ္ခ်က္ တခု ခ်မွတ္ဖို႔ အတင္း ဖိအားေပးလာပါတယ္။ ဒါေၾကာင့္ မၾကာခင္မွာ ကြၽန္ေတာ့္ရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး တိက်ေရရာတဲ့ ဆုံးျဖတ္ခ်က္ တခု ခ်ပါေတာ့မယ္။
ကြၽန္ေတာ္က အသင္းအတြက္ ၊ ပရိသတ္ေတြ အတြက္ အာ႐ုံစိုက္ ကစားခ်င္ေနေပမယ့္ ဒီျပႆနာကို အသင္းဘက္ကပဲ စခဲ့တာပါ” လို႔ ဖြင့္ဟ ေျပာျပသြားခဲ့တာပါ။
အသက္ ၂၁ႏွစ္ အ႐ြယ္ ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေဒါ့မြန္အသင္းထံ ေရာက္ရွိၿပီးေနာက္ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၇၇ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၇၈ဂိုး အထိ သြင္းယူထားႏိုင္သလို ဂိုးဖန္တီးမႈ ၂၈ႀကိမ္ အထိလည္း ျပဳလုပ္ထားႏိုင္ပါတယ္။