မန်ယူ ကစားတာ ဘယ်လောက်ကောင်းကောင်း နိုင်ပွဲမရရင် အလကားပဲ ဆိုတဲ့ ဖာနန်ဒက်စ်ရဲ့ ပွဲပြီးစကား
အက်စတွန်ဗီလာ အသင်းကို ၂-၂ နဲ့ သရေကျတဲ့ ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်က မန်ယူအသင်းအနေနဲ့ ခြေစွမ်း ဘယ်လောက်ကောင်းကောင်း ပွဲမနိုင်ရင် အလကားပဲလို့ ပြောဆို လိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ် ရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် ရမ်ဆေး၊ ကော်တင်ဟို တို့ရဲ့ချေပဂိုးတွေကြောင့် တဖက်(၂)ဂိုးစီ သရေကျခဲ့တာပါ။

ဒီပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် က “ကျွန်တော်တို့ဟာ ဒီထက် ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ။ ကန်သွင်းတာတွေရော ပေးပို့မှုတွေရော မကောင်းခဲ့တော့ ဘောလုံးပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး ယုံကြည်မှု တွေပါ ပျောက်ဆုံးခဲ့ပါတယ်”
“ဒီနေ့ စွမ်းဆောင်မှုက ဒီရလဒ်ထက် ပိုကောင်းခဲ့သင့်တာပါ။ ဒီထက်ပိုပြီး ထိုက်တန်တဲ့ ရလဒ်ကို ရခဲ့သင့်တာ။ ဒါပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်ဖို့ လိုတယ်ဆိုတာတော့ ပွဲအပြီးမှာ သိခဲ့ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ ပိုကောင်းခဲ့ပေမယ့် ပွဲမနိုင်တဲ့အခါမှာတော့ အလကားပါပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲရလဒ်ကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ (၁)ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးနေတာလည်းဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အဆင့်(၇)နေရာမှာပဲ ဆက်လက်ရပ်တည်နေခဲ့တာပါ။
မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ မှာတော့ ဘရန်ဖိုဒ့် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ZG
အက္စတြန္ဗီလာ အသင္းကို ၂-၂ နဲ႕ သေရက်တဲ့ ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္စ္က မန္ယူအသင္းအေနနဲ႕ ေျခစြမ္း ဘယ္ေလာက္ေကာင္းေကာင္း ပြဲမႏိုင္ရင္ အလကားပဲလို႔ ေျပာဆို လိုက္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ မေန႔က ကစားခဲ့တဲ့ ဗီလာ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ ရဲ႕သြင္းဂိုး(၂)ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္ ရမ္ေဆး၊ေကာ္တင္ဟို တို႔ရဲ႕ေခ်ပဂိုးေတြေၾကာင့္ တဖက္(၂)ဂိုးစီ သေရက်ခဲ့တာပါ။
ဒီပြဲမွာ အသင္းေခါင္းေဆာင္ အျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ က “ကြၽန္ေတာ္တို႔ဟာ ဒီထက္ ဂိုးေတြ ပိုသြင္းႏိုင္ခဲ့သင့္တာပါ။ ကန္သြင္းတာေတြေရာ ေပးပို႔မႈေတြေရာ မေကာင္းခဲ့ေတာ့ ေဘာလုံးပိုင္ဆိုင္မႈေတြ ဆုံးရႈံးၿပီး ယုံၾကည္မႈ ေတြပါ ေပ်ာက္ဆုံးခဲ့ပါတယ္”
“ဒီေန႔ စြမ္းေဆာင္မႈက ဒီရလဒ္ထက္ ပိုေကာင္းခဲ့သင့္တာပါ။ ဒီထက္ပိုၿပီး ထိုက္တန္တဲ့ ရလဒ္ကို ရခဲ့သင့္တာ။ ဒါေပမယ့္ ဒီထက္ပိုေကာင္းေအာင္ လုပ္ဖို႔ လိုတယ္ဆိုတာေတာ့ ပြဲအၿပီးမွာ သိခဲ့ရပါတယ္။ ဒီပြဲက ကြၽန္ေတာ္တို႔ ပိုေကာင္းခဲ့ေပမယ့္ ပြဲမႏိုင္တဲ့အခါမွာေတာ့ အလကားပါပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဒီပြဲရလဒ္ေၾကာင့္ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄)ပြဲမွာ (၁)ပြဲသာ အႏိုင္ရတဲ့အထိ ရလဒ္ေတြ ဆိုးေနတာလည္းျဖစ္ပါတယ္။ ဒီပြဲရလဒ္ေၾကာင့္ အဆင့္(၇)ေနရာမွာပဲ ဆက္လက္ရပ္တည္ေနခဲ့တာပါ။
မန္ယူအသင္းဟာ လာမယ့္ ဇန္နဝါရီ ၂၀ ရက္ေန႔ မွာေတာ့ ဘရန္ဖိုဒ့္ အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ယွဥ္ၿပိဳင္ ရမွာ ျဖစ္ပါတယ္။