ပရီးမီးယားလိဂ် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်ဟောင်းကို ဇန်နဝါရီမှာ ခေါ်ဖို့ ချိန်ထားတဲ့ နယူးကာဆယ်

ချမ်းသာကြွယ်ဝတဲ့ ပိုင်ရှင်သစ်တွေ ရထားပြီ ဖြစ်တဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ လာမယ့်ဈေးကွက်အတွင်းမှာပဲ အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

လတ်တလောမှာလည်း အာဆင်နယ် ကစားသမားဟောင်း မက်ဇတ်အိုဇေးနဲ့ပါ သတင်းတွေ ပြန်ထွက်လာခဲ့ပြီး အိုဇေးကို နယူးကာဆယ်အသင်းရဲ့ အဝယ်စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။

ဂျာမနီကွင်းလယ်ကစားသမား အိုဇေးဟာ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

ကွင်းလယ်ဖန်တီးရှင် ကစားသမား အိုဇေးဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အချိန် အတော်ကြာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် သူ့ကို အခုလို နယူးကာဆယ်အသင်းကနေ ခေါ်ယူချင်နေတာဖြစ်ပြီး လာမယ့်ဆောင်းဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

အိုဇေးဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလကတည်းက အာဆင်နယ်ကနေ ဖီနာဘာချီအသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၂၀)အထိ ပါဝင်ကစားထားနိုင်ခဲ့သလို သွင်းဂိုး(၃)ဂိုးကိုလည်း သွင်းယူထားပါတယ်။

အိုဇေးဟာ ဖီနာဘာချီအသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦး ဖြစ်နေသလို ပရိသတ်အချစ်တော် ကစားသမားလည်း ဖြစ်နေတာကြောင့် အသင်းဘက်က အိုဇေးကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိတဲ့အပြင် အိုဇေးနဲ့ ဖီနာဘာချီအသင်းရဲ့ကြား စာချုပ်သက်တမ်းက ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိနေသေးတာကြောင့် အိုဇေးကို ခေါ်ယူဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့် နယူးကာဆယ်အသင်းက အိုဇေးအပြင် ဖီနာဘာချီ ဂိုးသမားဖြစ်သူကိုပါ ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။ လက်ရှိမှာတော့ စတိဘရုစ်နဲ့ လမ်းခွဲလိုက်တဲ့ နယူးကာဆယ်အသင်းဟာ နည်းပြသစ် ရှာဖွေချိတ်ဆက်နေပါတယ်။

ZG

ခ်မ္းသာၾကြယ္၀တဲ့ ပိုင္ရွင္သစ္ေတြ ရထားျပီ ျဖစ္တဲ့ နယူးကာဆယ္ ယူႏိုက္တက္အသင္းဟာ လာမယ့္ေစ်းကြက္အတြင္းမွာပဲ အသင္းအတြက္ ကစားသမား အင္အားျဖည့္တင္းမႈေတြကို လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။ လတ္တေလာမွာလည္း အာဆင္နယ္ ကစားသမားေဟာင္း မက္ဇတ္အိုေဇးနဲ႔ပါ သတင္းေတြ ျပန္ထြက္လာခဲ့ၿပီး အိုေဇးကို နယူးကာဆယ္အသင္းရဲ႕ အဝယ္စာရင္းထဲ ထည့္သြင္းထားတယ္လို႔ သိရွိရပါတယ္။

ဂ်ာမနီကြင္းလယ္ကစားသမား အိုေဇးဟာ ရီးရဲလ္မက္ဒရစ္နဲ႔ အာဆင္နယ္အသင္းေတြမွာ ပါဝင္ကစားခဲ့ဖူးတဲ့ နာမည္ေက်ာ္ ေဘာလုံးသမားတစ္ဦးျဖစ္ၿပီး လက္ရွိမွာေတာ့ တူရကီထိပ္သီးကလပ္ ဖီနာဘာခ်ီအသင္းမွာ ပါဝင္ကစားေနတာ ျဖစ္ပါတယ္။

ကြင္းလယ္ဖန္တီးရွင္ ကစားသမား အိုေဇးဟာ အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ အခ်ိန္ အေတာ္ၾကာ က်င္လည္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရွိ ၾကယ္ပြင့္ ကစားသမားတစ္ဦး ျဖစ္ေနတာေၾကာင့္ သူ႔ကို အခုလို နယူးကာဆယ္အသင္းကေန ေခၚယူခ်င္ေနတာျဖစ္ၿပီး လာမယ့္ေဆာင္းေစ်းကြက္အတြင္းမွာပဲ ကမ္းလွမ္းမႈေတြ စတင္လုပ္ေဆာင္ဖြယ္ ရွိေနပါတယ္။

အိုေဇးဟာ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလကတည္းက အာဆင္နယ္ကေန ဖီနာဘာခ်ီအသင္းဆီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲစဥ္ေပါင္း (၂၀)အထိ ပါဝင္ကစားထားႏိုင္ခဲ့သလို သြင္းဂိုး(၃)ဂိုးကိုလည္း သြင္းယူထားပါတယ္။

အိုေဇးဟာ ဖီနာဘာခ်ီအသင္းရဲ႕ အေရးအပါဆုံးေသာ ကစားသမားတစ္ဦး ျဖစ္ေနသလို ပရိသတ္အခ်စ္ေတာ္ ကစားသမားလည္း ျဖစ္ေနတာေၾကာင့္ အသင္းဘက္က အိုေဇးကို ေရာင္းထုတ္သြားဖို႔ အစီအစဥ္ မရွိတဲ့အျပင္ အိုေဇးနဲ႔ ဖီနာဘာခ်ီအသင္းရဲ႕ၾကား စာခ်ဳပ္သက္တမ္းက ၂၀၂၄ခုႏွစ္အထိ သက္တမ္းရွိေနေသးတာေၾကာင့္ အိုေဇးကို ေခၚယူဖို႔ဆိုတာက ခက္ခဲႏိုင္ပါတယ္။

ဒါေပမယ့္ နယူးကာဆယ္အသင္းက အိုေဇးအျပင္ ဖီနာဘာခ်ီ ဂိုးသမားျဖစ္သူကိုပါ ေခၚယူဖို႔ ပစ္မွတ္ ထားေနပါတယ္။ လက္ရွိမွာေတာ့ စတိဘရုစ္နဲ႕ လမ္းခြဲလိုက္တဲ့ နယူးကာဆယ္အသင္းဟာ နည္းျပသစ္ ရွာေဖြခ်ိတ္ဆက္ေနပါတယ္။