ချဲလ်ဆီးကို နိုင်တဲ့ ပွဲက အာဆင်နယ်ကို နိုင်တဲ့ ပွဲထက် ပိုတန်ပြီး ပိုချိုတယ် ဆိုတဲ့ စီးတီးနည်းပြ ပက်
ပြီးခဲ့တဲ့ စနေက အစောပွဲကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာ မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းအီတီဟတ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ချန်ပီယံလမ်းကြောင်းပေါ်မှာ ချဲလ်ဆီး ၊ လီဗာပူးတို့က စီးတီးကိုဖိအားပေးနေတာ ဖြစ်ပေမယ့် မနေ့ကပွဲမှာ တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ အီတီဟတ်မှာ မန်စီးတီးရဲ့ စိတ်ကြိုက်ထိန်းချုပ်ကစားခြင်းနှင့်အတူ ဒီဘရိုင်းရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

စီးတီး နည်းပြပက်ကတော့ ချဲလ်ဆီးကိုနိုင်ပြီး ရခဲ့တဲ့ အမှတ်သုံးမှတ်က အာဆင်နယ်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲထက် ပိုချိုမြိန်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလ အစောပိုင်းမှာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ရိုဒရီရဲ့ သွင်းဂိုးနဲ့အတူ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ စီးတီးတို့ အနိုင်ရခဲ့တာပါ။
“ပွဲမစခင်က ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ထိုက်တန်ရင် နိုင်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ထိုက်တန်ခဲ့တယ်။ ဘောလုံးမှာ မျှတရင် ကျွန်တော်ကျေနပ်နှစ်သက်ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ ဒါပေမယ့်အဲ့ပွဲက ကျွန်တော်တို့နိုင်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ”
“ကျွန်တော်တို့ ဇယားရဲ့ အလယ်နဲ့ အောက်က အသင်းတွေနဲ့လဲ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ၁၂ ပွဲ ဆက် နိုင်ပွဲဆိုတာကို ရယူထားနိုင်ခဲ့ပါတယ်။အာဆင်နယ်နဲ့က ကံကောင်းခဲ့တာဆိုပေမယ့် ကျန်တဲ့ပွဲတွေကတော့ ထိုက်တန်စွာနိုင်ခဲ့တာပါ။” လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ZG
ျပီးခဲ့တ့ဲ့ စေနက အေစာပြဲကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲႀကီးပြဲေကာင္းမွာ မန္စီးတီးအသင္းဟာ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းအီတီဟတ္မွာ တစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ ခ်ဲလ္ဆီး ၊ လီဗာပူးတို႔က စီးတီးကိုဖိအားေပးေနတာ ျဖစ္ေပမယ့္ မေန႔ကပြဲမွာ တူခ်ယ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ အီတီဟတ္မွာ မန္စီးတီးရဲ႕ စိတ္ႀကိဳက္ထိန္းခ်ဳပ္ကစားျခင္းႏွင့္အတူ ဒီဘ႐ိုင္းရဲ႕ တစ္လုံးထဲေသာ သြင္းဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။
စီးတီး နည္းျပပက္ကေတာ့ ခ်ဲလ္ဆီးကိုႏိုင္ၿပီး ရခဲ့တဲ့ အမွတ္သုံးမွတ္က အာဆင္နယ္အသင္းကိုအႏိုင္ရခဲ့တဲ့ပြဲထက္ ပိုခ်ိဳၿမိန္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒီလ အေစာပိုင္းမွာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ႐ိုဒရီရဲ႕ သြင္းဂိုးနဲ႔အတူ ႏွစ္ဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ စီးတီးတို႔ အႏိုင္ရခဲ့တာပါ။
“ပြဲမစခင္က ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲကို ႏိုင္ဖို႔ထိုက္တန္ရင္ ႏိုင္ခ်င္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ထိုက္တန္ခဲ့တယ္။ ေဘာလုံးမွာ မွ်တရင္ ကြၽန္ေတာ္ေက်နပ္ႏွစ္သက္ပါတယ္။ အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့အတြက္ ကြၽန္ေတာ္ေပ်ာ္ပါတယ္။ ဒါေပမယ့္အဲ့ပြဲက ကြၽန္ေတာ္တို႔ႏိုင္ဖို႔ မထိုက္တန္ခဲ့ပါဘူး။ ”
“ကြၽန္ေတာ္တို႔ ဇယားရဲ႕ အလယ္နဲ႔ ေအာက္က အသင္းေတြနဲ႔လဲ ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး ၁၂ ပြဲ ဆက္ ႏိုင္ပြဲဆိုတာကို ရယူထားႏိုင္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔က ကံေကာင္းခဲ့တာဆိုေပမယ့္ က်န္တဲ့ပြဲေတြကေတာ့ ထိုက္တန္စြာႏိုင္ခဲ့တာပါ။” လို႔ ဂြာဒီယိုလာက ေျပာခဲ့ပါတယ္။