လမ်းပျောက်နေတဲ့ ရက်ရှ်ဖို့ဒ် ကို ဘယ်လို လုပ်ကြမလဲ လို့ မေးခွန်းထုတ်လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရွိုင်ကိန်းက မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးအနေနဲ့ ကစားနေရလို့ လမ်းပျောက်ပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ စနေညက အက်စတွန်ဗီလာနဲ့ သရေကျခဲ့တဲ့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက ခြေစွမ်းကတော့ ကိန်းအတွက် ပြောစရာကျန်နေသေးပုံပါပဲ။ မန်ယူ ဂန္တဝင်ကြီးက အင်္ဂလန်တိုက်စစ်မှူးရဲ့ အခြေအနေက အိမ်ထဲမှာ လူမရှိပဲ မီးဖွင့်ထားသလို ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ကိန်းက “ ရက်ရှ်ဖို့ဒ်က ဘာဖြစ်နေတာလဲ၊ မန်ယူနိုက်တက်ကရော ဒါကိုဒီတိုင်း ထားတော့မှာလား။ ခြေစွမ်းကောင်းပြီး ငယ်ရွယ်တဲ့ ကစားသမားတွေအတွက် အသင်းက တာဝန်ယူနိုင်ရမှာပေါ့။

ပြီးခဲ့တဲ့နှစ်တွေမှာ သူက အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့တာပဲ၊ ကွင်းတွင်းကွင်းပြင် သူ့ရဲ့ စွမ်းဆောင်ရည် တွေက အရမ်းကိုကောင်းခဲ့တာ ဒါပေမယ့် အခုအခြေအနေက တစ်ခုခု လွဲချော်နေတယ်ဆိုတာ သေချာတယ်။ တနင်္လာည က သူ့ကိုစောင့်ခဲ့ပေမယ့် သူ့ပုံစံက လူမရှိပဲနဲ့ မီးဖွင့်ထားတဲ့ အိမ်လိုမျိုး တစ်ခုခုပျောက်ဆုံးနေတာ သေချာတယ်။

တစ်ခါတစ်လေ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းက ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။ ဒီယုံကြည်မှုကြောင့်ပဲ ကွင်းထဲရော ကွင်းပြင်မှာပါ အပြောင်းအလဲတွေဖြစ်သွားနိုင်တယ်။ ကျွန်တော့်အမြင်အရတော့ မန်ချက်စတာယူနိုက်တက်က တစ်ခုခု ပျောက်ဆုံးနေပြီ၊ လိုအပ်နေတာတွေလည်း အများကြီးပဲ။ ” ဆိုပြီး ပြောခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ၅ မှတ် ကွာဟလျက်ရှိပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ႀကီး ႐ြိဳင္ကိန္းက မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ တိုက္စစ္မႉးအေနနဲ႔ ကစားေနရလို႔ လမ္းေပ်ာက္ၿပီး ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ရက္ရွ္ဖို႔ဒ္ဟာ စေနညက အက္စတြန္ဗီလာနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။

ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက ေျခစြမ္းကေတာ့ ကိန္းအတြက္ ေျပာစရာက်န္ေနေသးပုံပါပဲ။ မန္ယူ ဂႏၲဝင္ႀကီးက အဂၤလန္တိုက္စစ္မႉးရဲ႕ အေျခအေနက အိမ္ထဲမွာ လူမရွိပဲ မီးဖြင့္ထားသလို ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ကိန္းက “ ရက္ရွ္ဖို႔ဒ္က ဘာျဖစ္ေနတာလဲ၊ မန္ယူႏိုက္တက္ကေရာ ဒါကိုဒီတိုင္း ထားေတာ့မွာလား။ ေျခစြမ္းေကာင္းၿပီး ငယ္႐ြယ္တဲ့ ကစားသမားေတြအတြက္ အသင္းက တာဝန္ယူႏိုင္ရမွာေပါ့။

ၿပီးခဲ့တဲ့ႏွစ္ေတြမွာ သူက အသင္းအတြက္ အေကာင္းဆုံးကစားေပးခဲ့တာပဲ၊ ကြင္းတြင္းကြင္းျပင္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ ေတြက အရမ္းကိုေကာင္းခဲ့တာ ဒါေပမယ့္ အခုအေျခအေနက တစ္ခုခု လြဲေခ်ာ္ေနတယ္ဆိုတာ ေသခ်ာတယ္။ တနလၤာည က သူ႔ကိုေစာင့္ခဲ့ေပမယ့္ သူ႔ပုံစံက လူမရွိပဲနဲ႔ မီးဖြင့္ထားတဲ့ အိမ္လိုမ်ိဳး တစ္ခုခုေပ်ာက္ဆုံးေနတာ ေသခ်ာတယ္။

တစ္ခါတစ္ေလ လူငယ္ကစားသမားေတြရဲ႕ ေျခစြမ္းက ယုံၾကည္မႈနဲ႔လည္း ဆိုင္တယ္။ ဒီယုံၾကည္မႈေၾကာင့္ပဲ ကြင္းထဲေရာ ကြင္းျပင္မွာပါ အေျပာင္းအလဲေတြျဖစ္သြားႏိုင္တယ္။ ကြၽန္ေတာ့္အျမင္အရေတာ့ မန္ခ်က္စတာယူႏိုက္တက္က တစ္ခုခု ေပ်ာက္ဆုံးေနၿပီ၊ လိုအပ္ေနတာေတြလည္း အမ်ားႀကီးပဲ။ ” ဆိုၿပီး ေျပာခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာနဲ႔ ၅ မွတ္ ကြာဟလ်က္ရွိပါတယ္။