မန်စီးတီးနဲ့ အမှတ် အရမ်းပြတ်နေပေမယ့် ပရီးမီးယားလိဂ်ဖလား လက်မလျှော့သေးတဲ့ ကလော့ပ်

လီဗာပူး နည်းပြ ယာဂင် ကလော့ပ်ဟာ ဇယားထိပ်က မန်စီးတီးအသင်းကို လိုက်မီဖို့ ခက်ခဲနေသေးမေဲ့ ပရီးမီးယားလိဂ် ဖလားကို လုံး၀ လက်လျော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချဲလ်ဆီးကို နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၂ပွဲဆက် နိုင်ပြီး နောက်ကအသင်းတွေအနေနဲ့ လိုက်မီဖို့ တော်တော်လေး ခက်ခဲနေခဲ့ပါတယ်။

ကလော့ပ်နဲ့ လီဗာပူးအတွက် မျှော်လင့်ချက် သိပ်မကျန်တော့ပေမဲ့ ဂျာမန်သားကတော့ အခွင့်အရေး ကျန်တာ၊ မကျန်တာကို သိပ်ပြီး စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။

ကလော့ပ်က “အပြင်က ဘယ်သူ့ကိုမှ ယုံကြည်ပါဆိုပြီး စည်းရုံးနေစရာ မလိုပါဘူး။ သူတို့ ယုံချင် ယုံပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ဆိုရင် ပျော်ရွှင်စွာ ကစားရမှာ ဖြစ်ပြီး အရာလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ အစွမ်းကုန် ဆက်သွားဖို့ အသင့်ဖြစ်နေပါပြီ”

“ဒီအခြေအနေက ဆုဖလားအကြောင်း ပြောရမယ့် အခြေအနေ မဟုတ်ပဲ ၁ပွဲကျန်နဲ့ ၁၁မှတ်ကွာနေပါတယ်။ ပုံမှန်အားဖြင့် ဘာမှဖြစ်မလာနိုင်ပေမဲ့ အခုခေတ်မှာ ပုံမှန်ဆိုတာ ဘာလဲ။ ကျွန်တော်တို့ လမ်းကြောင်းအတိုင်း ဆက်သွားရမှာဖြစ်ပြီး အဲ့ဒီအပြင် လုပ်စရာ မရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီတပတ် ဘရန့်ဖို့ဒ်ကို ၃ဂိုးပြတ် နိုင်ခဲ့ပြီးနောက် စီးတီးနဲ့ ၁၁မှတ်ကွာနေပေမဲ့ ပွဲစဉ် ၁ပွဲ ကစားဖို့ ကျန်နေ ပါသေးတယ်။

ZG

လီဗာပူး နည္းျပ ယာဂင္ ကေလာ့ပ္ဟာ ဇယားထိပ္က မန္စီးတီးအသင္းကို လိုက္မီဖို႔ ခက္ခဲေနေသးေမဲ့ ပရီးမီးယားလိဂ္ဖလားကို လုံး၀ လက္ေလ်ာ့မွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ခ်ဲလ္ဆီးကို ႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၁၂ပြဲဆက္ ႏိုင္ၿပီး ေနာက္ကအသင္းေတြအေနနဲ႔ လိုက္မီဖို႔ ေတာ္ေတာ္ေလး ခက္ခဲေနခဲ့ပါတယ္။

ကေလာ့ပ္နဲ႔ လီဗာပူးအတြက္ ေမွ်ာ္လင့္ခ်က္ သိပ္မက်န္ေတာ့ေပမဲ့ ဂ်ာမန္သားကေတာ့ အခြင့္အေရး က်န္တာ၊ မက်န္တာကို သိပ္ၿပီး စိတ္မဝင္စားဘူးလို႔ ဆိုပါတယ္။

ကေလာ့ပ္က “အျပင္က ဘယ္သူ႔ကိုမွ ယုံၾကည္ပါဆိုၿပီး စည္း႐ုံးေနစရာ မလိုပါဘူး။ သူတို႔ ယုံခ်င္ ယုံပါလိမ့္မယ္။ ကြၽန္ေတာ္တို႔နဲ႔ဆိုရင္ ေပ်ာ္႐ႊင္စြာ ကစားရမွာ ျဖစ္ၿပီး အရာလုံးအတြက္ တိုက္ပြဲဝင္သြားမွာပါ။ ကြၽန္ေတာ္တို႔ အစြမ္းကုန္ ဆက္သြားဖို႔ အသင့္ျဖစ္ေနပါၿပီ”

“ဒီအေျခအေနက ဆုဖလားအေၾကာင္း ေျပာရမယ့္ အေျခအေန မဟုတ္ပဲ ၁ပြဲက်န္နဲ႔ ၁၁မွတ္ကြာေနပါတယ္။ ပုံမွန္အားျဖင့္ ဘာမွျဖစ္မလာႏိုင္ေပမဲ့ အခုေခတ္မွာ ပုံမွန္ဆိုတာ ဘာလဲ။ ကြၽန္ေတာ္တို႔ လမ္းေၾကာင္းအတိုင္း ဆက္သြားရမွာျဖစ္ၿပီး အဲ့ဒီအျပင္ လုပ္စရာ မရွိပါဘူး”လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီတပတ္ ဘရန႔္ဖို႔ဒ္ကို ၃ဂိုးျပတ္ ႏိုင္ခဲ့ၿပီးေနာက္ စီးတီးနဲ႔ ၁၁မွတ္ကြာေနေပမဲ့ ပြဲစဥ္ ၁ပြဲ ကစားဖို႔ က်န္ေန ပါေသးတယ္။