ယူရို သန်း ၁၅ဝ တန်ကနေ ၁၈ သန်း တန် ကစားသမားအဖြစ် ကျဆင်းသွားတဲ့ အီဒင်ဟာဇက်

အီဒင်ဟာဇက် ဟာ ဈေးကွက်တန်ကြေးမှာ အဆမတန် ကျဆင်းလာနေပြီး ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလိုနေပြီ ဖြစ်ကြောင်း စပိန်ဘက်က သတင်းတွေမှာ ဖော်ပြလာပါတယ်။ ထိုသတင်း ကို ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနဲ့ အတူ ရှိနေကျ စိတ်ချရတဲ့ သတင်းထောက် တစ်ဦး ဖြစ်တဲ့ Sacha Tavolieiri က ဖော်ထုတ်ခဲ့တာပါ။

ဟာဇက်ဟာ ၂ဝ၁၉ မှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်ထံ ပြောင်းရွှေ့ကြေး ပေါင် ၁ဝ၃ သန်းနဲ့ ပြောင်းခဲ့တာပါ။ အဲဒီနောက် စပိန်မြေမှာ မျှော်လင့်သလို အစွမ်း မပြနိုင်ဘဲ တောက်လျောက် ရုန်းကန်နေရပါတယ်။

ဒါကြောင့် ဘယ်လ်ဂျီယံသားဟာ ရာသီကုန် နွေမှာ ဖြစ်ဖြစ် အသင်းပြောင်းဖို့ စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ ဟာဇက် အသင်းပြောင်းဖြစ်ရင် ၎င်းရဲ့ ဖြစ်နိုင်ဖွယ် လားရာတွေက အသင်းဟောင်း ချဲလ်ဆီး အပြင် ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် အသင်းတို့လည်း ရှိနေပါတယ်။

လန်ဒန်ကနေ ထွက်ခွာလာချိန်က ဟာဇက်ရဲ့ တန်ကြေးဟာ ဈေးကွက်ပေါက်ဈေး ယူရို သန်း ၁၅ဝ ရှိခဲ့ပေမယ့် လက်ရှိ မှာတော့ ဈေးကွက်မှာ ယူရို ၁၈ သန်းသာ တန်ကြေး ရှိပါတော့တယ်။ ဒါကြောင့် တန်ကြေး ၁ဝ ဆ နီးပါး ကျဆင်း သွားတယ် ဆိုရမှာပါ။

အသက် ၃၁ နှစ် အရွယ် တောင်ပံတိုက်စစ်သမားဟာ လက်ရှိတော့ ရီးရဲလ် အရန်ခုံမှာပဲ ရှိနေပြီး ဒီရာသီ ၁၆ ပွဲ ကစားထားကာ တစ်ဂိုးမှတော့ မသွင်းရသေးပါဘူး။ လတ်တလောမှာတော့ ရီးရဲလ်နဲ့ အတူ စပိန်စူပါဖလား ပြိုင်ပွဲမှာ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားပါတယ်။

ZG

အီဒင္ဟာဇက္ ဟာ ေစ်းကြက္တန္ေၾကးမွာ အဆမတန္ က်ဆင္းလာေနျပီး ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာလိုေနျပီ ျဖစ္ေၾကာင္း စပိန္ဘက္က သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ထိုသတင္း ကို ဘယ္လ္ဂ်ီယံ လက္ေရြးစင္ အသင္းနဲ႕ အတူ ရွိေနက် စိတ္ခ်ရတဲ့ သတင္းေထာက္ တစ္ဦး ျဖစ္တဲ့ Sacha Tavolieiri က ေဖာ္ထုတ္ခဲ့တာပါ။

ဟာဇက္ဟာ ၂ဝ၁၉ မွာ ခ်ဲလ္ဆီးအသင္းကေန ရီးရဲလ္ထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁ဝ၃ သန္းနဲ႕ ေျပာင္းခဲ့တာပါ။ အဲဒီေနာက္ စပိန္ေျမမွာ ေမွ်ာ္လင့္သလို အစြမ္း မျပနိုင္ဘဲ ေတာက္ေလ်ာက္ ရုန္းကန္ေနရပါတယ္။

ဒါေၾကာင့္ ဘယ္လ္ဂ်ီယံသားဟာ ရာသီကုန္ ေႏြမွာ ျဖစ္ျဖစ္ အသင္းေျပာင္းဖို႔ စဥ္းစားလာခဲ့ျပီ ျဖစ္ပါတယ္။ ဟာဇက္ အသင္းေျပာင္းျဖစ္ရင္ ၄င္းရဲ႕ ျဖစ္နုိင္ဖြယ္ လားရာေတြက အသင္းေဟာင္း ခ်ဲလ္ဆီး အျပင္ ဝက္စ္ဟမ္းနဲ႕ နယူးကာဆယ္ အသင္းတို႔လည္း ရွိေနပါတယ္။

လန္ဒန္ကေန ထြက္ခြာလာခ်ိန္က ဟာဇက္ရဲ႕ တန္ေၾကးဟာ ေစ်းကြက္ေပါက္ေစ်း ယူရို သန္း ၁၅ဝ ရွိခဲ့ေပမယ့္ လက္ရွိ မွာေတာ့ ေစ်းကြက္မွာ ယူရို ၁၈ သန္းသာ တန္ေၾကး ရွိပါေတာ့တယ္။ ဒါေၾကာင့္ တန္ေၾကး ၁ဝ ဆ နီးပါး က်ဆင္း သြားတယ္ ဆိုရမွာပါ။

အသက္ ၃၁ နွစ္ အရြယ္ ေတာင္ပံတိုက္စစ္သမားဟာ လက္ရွိေတာ့ ရီးရဲလ္ အရန္ခံုမွာပဲ ရွိေနျပီး ဒီရာသီ ၁၆ ပြဲ ကစားထားကာ တစ္ဂိုးမွေတာ့ မသြငး္ရေသးပါဘူး။ လတ္တေလာမွာေတာ့ ရီးရဲလ္နဲ႕ အတူ စပိန္စူပါဖလား ျပိဳင္ပြဲမွာ ပူပူေႏြးေႏြး ခ်န္ပီယံ ျဖစ္ထားပါတယ္။