ယူရို သန်း ၄ဝ တန် တိုက်စစ်ပစ်မှတ်၊ ကာဆယ်ကို ငြင်းတဲ့ ဟာဇက်၊ ကာဇာဝါ၊ ဘရိုဂျာနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး နည်းပြ တူချယ် ဟာ သတင်းတွေ ထွက်ပေါ်နေသလို ပီအက်စ်ဂျီနောက်ခံလူ ကာဇာဝါကို ခေါ်ယူဖို့ ဆက်သွယ်နေခြင်း မရှိကြောင်း သိရပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ဒီရာသီ ကာရာဘောင်းဖလားကို ချဲလ်ဆီးအသင်း ဗိုလ်စွဲနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။ ချဲလ်ဆီးဟာ ဖလားပြိုင်ပွဲတွေမှာ ဘယ်လို ဗိုလ်စွဲအောင်လုပ်ရမလဲဆိုတာ ကောင်းကောင်း သိနေပြီလို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ဟာဇက် ဟာ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှု ရခဲ့ပြီး ရီးရဲလ်က လက်ခံလိုပေမယ့် ပယ်ချခဲ့ကြောင်း စပိန်သတင်းတွေ က ဖော်ပြထားပါတယ်။ ရီးရဲအနေနဲ့ ဟာဇက်ကို ယူရိုသန်း ၅၀ ရရင်ပဲ ရောင်းထုတ် တော့မှာဖြစ်ပြီး သူ့ကို ချဲလ်ဆီးကလည်း ပြန်ခေါ်ဖို့ ပစ်မှတ်ထားနေတာပါ။

ချဲလ်ဆီးအနေနဲ့ ပြင်သစ်ကလပ် ရိမ်းစ်အသင်းရဲ့ ၁၉ နှစ်အရွယ်တိုက်စစ်မှူး အီကီတီကီကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း သတင်းထွက်လာပါတယ်။ ချဲလ်ဆီးအနေနဲ့နွေရာသီမှာ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး သူ့တန်ကြေးက ယူရိုသန်း ၄၀ ရှိနေတာပါ။
ချဲလ်ဆီးနည်းပြတူချယ်က ဆောက်သမ်တန်ထံ အငှားချထားတဲ့ တိုက်စစ်မူှး ဘရိုဂျာကို ချီးကျူးစကား ဆိုခဲ့ပြီး ၎င်းကို ရောင်းချဖို့ မရှိကြောင်း အရိပ်မြွက် ဆိုလိုက်ပါတယ်။

ချဲလ်ဆီးအနေနဲ့ လိုင်လီနဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုဗစ် ကာကွယ်ဆေး မထိုးရသေးတဲ့ ကစားသမား တွေကို ခေါ်ဆောင်သွားနိုင်ခြင်း မရှိမဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ ပြင်သစ်အစိုးရ ကကိုဗစ်ကာကွယ်ဆေး ထိုးနှံထားတဲ့ လက်မှတ်ပါမှ နိုင်ငံထဲ ပေးဝင်တာ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက ကြိုးပမ်း လာပါတယ်။ ဒါပေမဲ့ ဆာဂျီနိုဒက်စ် ကတော့ အသင်းပြောင်းလိုခြင်းမရှိဘဲ ဘာစီလိုနာမှာပဲ နေရာလု တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။