ဟာလန်းနဲ့ သူနဲ့ တစ်ယောက်ကိုပဲ ရွေးလို့ ရီးရဲလ်မက်ဒရစ်အား ရာဇသံပေးထားတဲ့ ဘန်ဇီမာ
ရီးရဲလ်မက်ဒရစ် က လာမယ့် နွေမှာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူလိုက်မယ် ဆိုရင် သူ အသင်းကနေ ထွက်ခွာသွားရလိမ့်မယ်လို့ ဘန်ဇီမာက ခြိမ်းခြောက်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဘန်ဇီမာက သူနဲ့ ဟာလန်းထဲက တစ်ယောက်ကိုပဲ ရွေးလို့ ရီးရဲလ်ကို ပြောဆိုထားကြောင်း သိရပါတယ်။
အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုး ဘန်ဇီမာ ဟာ ဒီရာသီ ရီးရဲလ်အတွက် ၂၇ ပွဲ ကစားပြီး ၂၄ ဂိုး သွင်းယူထားတာပါ။ ဘန်ဇီမာ ဂိုးသွင်းကောင်းနေပေမယ့် ရီးရဲလ် မက်ဒရစ်ကတော့ တိုက်စစ်ကို စဉ်ဆက်မပြတ် အားဖြည့်လိုတာကြောင့် နွေမှာ ဟာလန်းကို ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဘန်ဇီမာကတော့ ဟာလန်းကို ခေါ်လိုက်ရင် သူ့ရဲ့ နံပါတ် ၉ တိုက်စစ်မှုးနေရာကို ဝင်ယူလာမှာ အမျက်ထွက်နေပြီး ကလပ်အသင်း အနေနဲ့ နှစ်ယောက်တည်းက တစ်ယောက်ကိုပဲ ရနိုင်မယ်လို့ သတိပေးထားကြောင်း စပိန် သတင်းတွေက ဖော်ထုတ်ထားပါတယ်။
ဘန်ဇီမာရဲ့ လက်ရှိ စာချုပ်ကတော့ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ၎င်းက ကစားသမား ဘဝ နားသည်ထိ ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တဲ့ ဆန္ဒရှိကြောင်းလည်း အသင်း အကြီးအကဲ ပီရက်ဇ်ကို ပြောဆိုထားပါတယ်။
ဘန်ဇီမာက ကစားသမား ဘဝကိုတော့ အဆုံးမသတ်လိုသေးတာကြောင့် ရီးရဲလ်ကနေ ထွက်ခွာပြီး အသင်းသစ် ပြောင်းသွားတာမျိုး ဖြစ်ဖို့ များနေတာပါ။
ဟာလန်းကတော့ ရာသီကုန်ရင် ဒေါ့မွန်ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပြီး ထိုအချိန်မှာ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၄ သန်းကလည်း အသက်ဝင်မှာ ဖြစ်လို့ ဥရောပ ထိပ်သီးကလပ်တွေက အပြိုင် ကြိုးစားလာကြဦးမှာ ဖြစ်ပါတယ်။

ZG
ရီးရဲလ္မက္ဒရစ္ က လာမယ့္ ေႏြမွာ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူလိုက္မယ္ ဆိုရင္ သူ အသင္းကေန ထြက္ခြာသြားရလိမ့္မယ္လို႔ ဘန္ဇီမာက ျခိမ္းေျခာက္ထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ဘန္ဇီမာက သူနဲ႕ ဟာလန္းထဲက တစ္ေယာက္ကိုပဲ ေရြးလို႔ ရီးရဲလ္ကို ေျပာဆိုထားေၾကာင္း သိရပါတယ္။
အသက္ ၃၄ နွစ္ အရြယ္ တိုက္စစ္မႈး ဘန္ဇီမာ ဟာ ဒီရာသီ ရီးရဲလ္အတြက္ ၂၇ ပြဲ ကစားျပီး ၂၄ ဂိုး သြင္းယူထားတာပါ။ ဘန္ဇီမာ ဂိုးသြင္းေကာင္းေနေပမယ့္ ရီးရဲလ္ မက္ဒရစ္ကေတာ့ တိုက္စစ္ကို စဥ္ဆက္မျပတ္ အားျဖည့္လိုတာေၾကာင့္ ေႏြမွာ ဟာလန္းကို ေခၚဖို႔ ပစ္မွတ္ထားေနပါတယ္။
ဘန္ဇီမာကေတာ့ ဟာလန္းကို ေခၚလိုက္ရင္ သူ႔ရဲ႕ နံပါတ္ ၉ တိုက္စစ္မႈးေနရာကို ဝင္ယူလာမွာ အမ်က္ထြက္ေနျပီး ကလပ္အသင္း အေနနဲ႕ နွစ္ေယာက္တည္းက တစ္ေယာက္ကိုပဲ ရနိုင္မယ္လို႔ သတိေပးထားေၾကာင္း စပိန္ သတင္းေတြက ေဖာ္ထုတ္ထားပါတယ္။
ဘန္ဇီမာရဲ႕ လက္ရွိ စာခ်ဳပ္ကေတာ့ ၂၀၂၃ မွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ၄င္းက ကစားသမား ဘဝ နားသည္ထိ ရီးရဲလ္မက္ဒရစ္မွာ ကစားခ်င္တဲ့ ဆႏၵရွိေၾကာင္းလည္း အသင္း အၾကီးအကဲ ပီရက္ဇ္ကို ေျပာဆိုထားပါတယ္။
ဘန္ဇီမာက ကစားသမား ဘဝကိုေတာ့ အဆံုးမသတ္လိုေသးတာေၾကာင့္ ရီးရဲလ္ကေန ထြက္ခြာျပီး အသင္းသစ္ ေျပာင္းသြားတာမ်ိဳး ျဖစ္ဖို႔ မ်ားေနတာပါ။
ဟာလန္းကေတာ့ ရာသီကုန္ရင္ ေဒါ့မြန္ကေန ထြက္ခြာဖို႔ လမ္းဖြင့္ထားျပီး ထိုအခ်ိန္မွာ သူ႔ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေပါင္ ၆၄ သန္းကလည္း အသက္ဝင္မွာ ျဖစ္လို႔ ဥေရာပ ထိပ္သီးကလပ္ေတြက အျပိဳင္ ၾကိဳးစားလာၾကဦးမွာ ျဖစ္ပါတယ္။