ချဲလ်ဆီးတို့ ၄ ပွဲ ဆက် နိုင်ပွဲ ပျောက်လာတဲ့ အပေါ် ဆင်ခြေပေးလိုက်တဲ့ နည်းပြ တူချယ်

ညက ဘရိုက်တန်ကို သရေကျပြီးတဲ့နောက် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ခဲ့တာ ၄ပွဲဆက် ရှိပြီဖြစ်ပြီး စတန်းဖို့ဘရစ်ချ် မိုးကောင်ကင်းကို ရိုက်ခတ်လာခဲ့ပါတယ်။ ဒါဟာ နည်းပြတူချယ် အတွက်ပါ သက်ရောက်မှု ရှိခဲ့ပြီး ဒေါ့မွန်ကို ကိုင်တွယ်တဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ၄ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

တူချယ်ကတော့ ချဲလ်ဆီးအသင်းသားတွေက ပွဲပန်းလွန်းနေခဲ့ပြီး ကစားသမားတွေ နားရက်ယူ၊ အင်အားပြန်ဖြည့်ဖို့ လိုနေတယ်လို့ ဆိုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့လအစက ဇယားထိပ်ဆုံးမှာ ရှိနေခဲ့ပေမဲ့ နောက်ဆုံး ၉ပွဲမှာ ၂ပွဲသာ နိုင်ခဲ့ပြီးနောက် ဆုဖလား စိန်ခေါ်မှုပြိုင်ပွဲကနေ ထွက်ရမလို ဖြစ်နေခဲ့ပါတယ်။

တူချယ်ကတော့ အသင်းရဲ့ ပွဲစဉ်ဇယားအပေါ် ညည်းညူခဲ့ပြီး တော့တင်ဟမ်နဲ့ပွဲမတိုင်ခင် ကစားသမားတွေကို ၂ရက် အားလပ်ရက်ပေးသွားဖို့ စီစဉ်နေပါတယ်။

တူချယ်က “ကျွန်တော်တို့ ရလဒ်မကောင်းတဲ့ အကြောင်းအရင်းကို အကြိမ်ကြိမ် သုံးသပ်ကြည့်ပြီး ပါပြီ။ ကာလရှည် ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်ရယ်၊ ပွဲစဉ်ဇယားရယ်ကို ကြည့်လိုက်ရင် အဖြေကို ရမှာပါ”

“ကျွန်တော်တို့ လူရော စိတ်ရော ပင်ပန်းနေပြီး အဲ့ဒါကို ဒီနေ့ စွမ်းဆောင်ရည်မှာ မြင်တွေ့နိုင်ပါတယ်။ အဲ့ဒါကို မြင်ဖို့က လွယ်လွယ်လေးပါ။ ကျွန်တော်တို့ အားပြန်သွင်းဖို့ လိုပြီး ပြန်လည် ချိတ်ဆက်ရပါမယ်”

“ဒါက ကျွန်တော့်ခံစားချက်ဖြစ်ပြီး ဒါကြောင့်လည်း ကျွန်တော် ကစားသမားတွေကို ၂ရက်အနားပေးမယ်။ တနင်္ဂနွေည ပွဲ အတွက် သောကြာ၊ စနေကျမှ သူတို့ကို ပြန်သုံးပါမယ်”လို့ ဆိုခဲ့ပါတယ်။

ZG

ညက ဘရိုက္တန္ကို သေရက်ျပီးတဲ့ေနာက္ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေပ်ာက္ခဲ့တာ ၄ပြဲဆက္ ရွိၿပီျဖစ္ၿပီး စတန္းဖို႔ဘရစ္ခ်္ မိုးေကာင္ကင္းကို ရိုက္ခတ္လာခဲ့ပါတယ္။ ဒါဟာ နည္းျပတူခ်ယ္ အတြက္ပါ သက္ေရာက္မႈ ရွိခဲ့ၿပီး ေဒါ့မြန္ကို ကိုင္တြယ္တဲ့ ၂၀၁၆ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၄ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။

တူခ်ယ္ကေတာ့ ခ်ဲလ္ဆီးအသင္းသားေတြက ပြဲပန္းလြန္းေနခဲ့ျပီး ကစားသမားေတြ နားရက္ယူ၊ အင္အားျပန္ျဖည့္ဖို႔ လိုေနတယ္လို႔ ဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့လအစက ဇယားထိပ္ဆုံးမွာ ရွိေနခဲ့ေပမဲ့ ေနာက္ဆုံး ၉ပြဲမွာ ၂ပြဲသာ ႏိုင္ခဲ့ၿပီးေနာက္ ဆုဖလား စိန္ေခၚမႈၿပိဳင္ပြဲကေန ထြက္ရမလို ျဖစ္ေနခဲ့ပါတယ္။

တူခ်ယ္ကေတာ့ အသင္းရဲ႕ ပြဲစဥ္ဇယားအေပၚ ညည္းညဴခဲ့ၿပီး ေတာ့တင္ဟမ္နဲ႔ပြဲမတိုင္ခင္ ကစားသမားေတြကို ၂ရက္ အားလပ္ရက္ေပးသြားဖို႔ စီစဥ္ေနပါတယ္။

တူခ်ယ္က “ကြၽန္ေတာ္တို႔ ရလဒ္မေကာင္းတဲ့ အေၾကာင္းအရင္းကို အႀကိမ္ႀကိမ္ သံုးသပ္ၾကည့္ျပီး ပါၿပီ။ ကာလရွည္ ဒဏ္ရာျပႆနာေတြ၊ ကိုဗစ္ရယ္၊ ပြဲစဥ္ဇယားရယ္ကို ၾကည့္လိုက္ရင္ အေျဖကို ရမွာပါ”

“ကြၽန္ေတာ္တို႔ လူေရာ စိတ္ေရာ ပင္ပန္းေနၿပီး အဲ့ဒါကို ဒီေန႔ စြမ္းေဆာင္ရည္မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ အဲ့ဒါကို ျမင္ဖို႔က လြယ္လြယ္ေလးပါ။ ကြၽန္ေတာ္တို႔ အားျပန္သြင္းဖို႔ လိုၿပီး ျပန္လည္ ခ်ိတ္ဆက္ရပါမယ္”

“ဒါက ကြၽန္ေတာ့္ခံစားခ်က္ျဖစ္ၿပီး ဒါေၾကာင့္လည္း ကြၽန္ေတာ္ ကစားသမားေတြကို ၂ရက္အနားေပးမယ္။ တနဂၤေႏြည ပြဲ အတြက္ ေသာၾကာ၊ စေနက်မွ သူတို႔ကို ျပန္သုံးပါမယ္”လို႔ ဆိုခဲ့ပါတယ္။