တဲလက်စ်၊ အာရူဂျို၊ ပေါ့ဘာ၊ ဗန်ဒီဘတ်ချ်၊ ဟန်ဒါဆန် တို့နဲ့ ယနေ့ညပိုင်း မန်ယူ အပြောင်းအရွှေ့ သတင်းများ
မန်ယူ နည်းပြဟောင်း ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ခေါ်ယူလိုခဲ့တာ မဟုတ်လို့ ပထမအသင်းမှာ နေရာပေးဖို့အတွက် ဘယ်တုန်းကမှ စိတ်ကူးခဲ့ခြင်း မရှိကြောင်း ESPN က ဖော်ပြထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ အဒါဘင်း ညာစွန်ခံစစ်သမား ကယ်ဗင် ရမ်ဆေးကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန်သတင်းတွေက ဆိုပါတယ်။
မန်ယူနည်းပြရန်နစ်ကတော့ ဘရန်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ ရက်ဖို့ဒ်တို့ ပြန်ပါနိုင်ဖို့ မျှော့်လင့်နေပါတယ်။ “စီရော်နယ်ဒိုနဲ့ ရက်ဖို့ဒ်တို့ကမနေ့က လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ လေ့ကျင့်ခန်း အခြေအနေကို စောင့်ကြည့်ရမှာပါ”လို့ ရန်နစ်က ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က သူတို့ အဝတ်လဲခန်းအတွင်း စည်းလုံးမှုပြိုကွဲနေတယ် ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေနဲ့ အလိမ်အညာတွေသာဖြစ်ကြောင်း၊ သူ့အနေနဲ့ အသင်းဖော်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ ဘာစီလိုနာနောက်ခံလူ အာရူဂျိုကို ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေကြောင်း SPORT ကဖော်ပြထားပါတယ်။ အသက်၂၂ နှစ်အရွယ် ကစားသမားဟာ ဘာစီနဲ့စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး ဘာစီလိုနာကတော့ မြင့်မားတဲ့ လုပ်ခလစာနဲ့ သက်တမ်းတိုးလိုနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ်က လူငယ်ကြယ်ပွင့် အီလန်ဂါဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ အီလန်ဂါဟာ တဖြည်းဖြည်းချင်း အသင်းမှာပိုပြီး ပါဝင်လာနိုင်ကြောင်း၊ အီလန်ဂါကို ပိုင်ဆိုင်ထားတဲ့အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်က ရာသီကုန်မှာ ပေါ့ဘာကို ပြောင်းရွှေ့ အလွတ်နဲ့ လက်လွှတ်ရမယ် ဆိုရင်လည်း သဘောထား မပြောင်းဘဲ အသင်းအတွက် လိုအပ်တဲ့နေရာ သုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ တဲလက်စ်ကိုလည်း ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်း ထားကြောင်း စပိန်သတင်း က ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ အယ်လ်ဘာရဲ့ အရန်အဖြစ် ထားဖို့အတွက် ၂၉ နှစ် အရွယ် နောက်ခံလူကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
စပါးဂိုးသမားဟောင်းဂိုမက်စ်က မန်ယူဂိုးသမား ဒိန်းဟန်ဒါဆန်အနေနဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ချင်ရင် မန်ယူကနေ ထွက်ခွာရမှာ ဖြစ်ကြောင်း၊ ဒိန်းဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးနဲ့ နေရာလုနေရခြင်းဖြစ်ကြောင်း၊ ဒိန်းဟန်ဒါဆန်အနေနဲ့ မန်ယူကို ပြန်လာခဲ့တာ အမှားဖြစ်ခဲ့ကြောင်း သုံးသပ်ခဲ့ပါတယ်။