ယူရို သန်း ၁၃ဝ သုံးပြီး ဘာစီလိုနာ ကစားသမား ၃ ယောက် ခေါ်မယ့် ချဲလ်ဆီးအသင်း
ပြီးခဲ့တဲ့ နွေရာသီမှာ မက်ဆီကို လက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာတို့ ကွင်းပြင်ပ စီးပွားရေး ပြန်လည် ဦးမော့လာခြင်း မရှိသေးသလို ကွင်းတွင်း ရလဒ်တွေကလည်း အားရစရာမရှိသေးပါဘူး။
ဘာစီလိုနာက ဒီရာသီ လာလီဂါမှာ ချန်ပီယံဆုမျှော်လင့်ချက် စွန့်လွှတ်လိုက်ရတဲ့အပြင် ရာသီကုန်မှာ ဥရောပဝင်ခွင့် အတွက်တောင် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ ချန်ပီယံလိဂ်မှာလည်း အုပ်စုကနေ ယူရိုပါလိဂ်ပြိုင်ပွဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီလို အထိနာနေတဲ့ ဘာစီလိုနာဆီကနေ ဓနအင်အားတောင့်နေတဲ့ ချဲလ်ဆီးအသင်းက ကစားသမား (၃) ယောက် ဝယ်ယူဖို့ ကြိုးစားနေကြောင်း သတင်းထွက်လာပါတယ်။ ထို ၃ ယောက်ကို ချဲလ်ဆီးတို့ ယူရိုသန်း (၁၃ဝ) တည်းနဲ့ အရခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
ချဲလ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ကိုယ်တိုင်က ဒီအတွက် စိတ်အားထက်သန်နေပြီး ဂါဗီ၊ ဖရန်ကီဒီဂျောင်၊ ဆာဂျီနိုဒက်စ် တို့ကို အလိုရှိနေတာ ဖြစ်ပါတယ်။
ဖရန်ကီ ဒီဂျောင်က ချဲလ်ဆီးရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ပြီး အဆိုပါ နယ်သာလန် ကွင်းလယ်လူကလည်း အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ တက်သစ်စ ကွင်းလယ်ကစားသမားလေး ဂါဗီကိုလည်း ဘာစီလိုနာတို့ စာချုပ်သစ် ကမ်းလှမ်းဖို့ ငွေကြေးအခက်အခဲဖြစ်နေပြီး ယူရိုသန်း (၅၀) ဝန်းကျင်နဲ့ ချဲလ်ဆီးတို့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ခြေစွမ်းခြေစရှိတဲ့ ဆာဂျီနိုဒက်စ်ကလည်း ဒန်နီအဲလ်ဗက်စ် ရောက်လာပြီးနောက်ပိုင်း ဘာစီလိုနာက ပြန်လည်ထွက်ခွာဖို့ စီစဉ်နေပြီး ချဲလ်ဆီးကလည်း ရီစီဂျိမ်းစ်ရဲ့ နေရာအတွက် ဆာဂျီနိုဒက်စ်ကို စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ZG
ၿပီးခဲ့တဲ့ ေႏြရာသီမွာ မက္ဆီကို လက္လႊတ္ခဲ့ရတဲ့ ဘာစီလိုနာတို႔ ကြင္းျပင္ပ စီးပြားေရး ျပန္လည္ ဦးေမာ့လာျခင္း မရွိေသးသလို ကြင္းတြင္း ရလဒ္ေတြကလည္း အားရစရာမရွိေသးပါဘူး။
ဘာစီလိုနာက ဒီရာသီ လာလီဂါမွာ ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္ စြန္႔လႊတ္လိုက္ရတဲ့အျပင္ ရာသီကုန္မွာ ဥေရာပဝင္ခြင့္ အတြက္ေတာင္ ခက္ခက္ခဲခဲ ႀကိဳးစားေနရပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း အုပ္စုကေန ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ေရာက္ရွိသြားခဲ့ျပီ ျဖစ္ပါတယ္။
ဒီလို အထိနာေနတဲ့ ဘာစီလိုနာဆီကေန ဓနအင္အားေတာင့္ေနတဲ့ ခ်ဲလ္ဆီးအသင္းက ကစားသမား (၃) ေယာက္ ဝယ္ယူဖို႔ ၾကိဳးစားေနေၾကာင္း သတင္းထြက္လာပါတယ္။ ထို ၃ ေယာက္ကို ခ်ဲလ္ဆီးတို႔ ယူ႐ိုသန္း (၁၃ဝ) တည္းနဲ႔ အရေခၚယူဖို႔ ျပင္ဆင္ေနတာပါ။
ခ်ဲလ္ဆီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ ကိုယ္တိုင္က ဒီအတြက္ စိတ္အားထက္သန္ေနၿပီး ဂါဗီ၊ ဖရန္ကီဒီေဂ်ာင္၊ ဆာဂ်ီႏိုဒက္စ္ တို႔ကို အလိုရွိေနတာ ျဖစ္ပါတယ္။
ဖရန္ကီ ဒီေဂ်ာင္က ခ်ဲလ္ဆီးရဲ႕ ဦးစားေပး ပစ္မွတ္ျဖစ္ၿပီး အဆိုပါ နယ္သာလန္ ကြင္းလယ္လူကလည္း အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနပါတယ္။ တက္သစ္စ ကြင္းလယ္ကစားသမားေလး ဂါဗီကိုလည္း ဘာစီလိုနာတို႔ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ေငြေၾကးအခက္အခဲျဖစ္ေနၿပီး ယူ႐ိုသန္း (၅၀) ဝန္းက်င္နဲ႔ ခ်ဲလ္ဆီးတို႔ ေခၚယူႏိုင္မွာျဖစ္ပါတယ္။
ေျခစြမ္းေျခစရွိတဲ့ ဆာဂ်ီႏိုဒက္စ္ကလည္း ဒန္နီအဲလ္ဗက္စ္ ေရာက္လာၿပီးေနာက္ပိုင္း ဘာစီလိုနာက ျပန္လည္ထြက္ခြာဖို႔ စီစဥ္ေနၿပီး ခ်ဲလ္ဆီးကလည္း ရီစီဂ်ိမ္းစ္ရဲ႕ ေနရာအတြက္ ဆာဂ်ီႏိုဒက္စ္ကို စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။