ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ဘယ်အသင်းတက်သွားမလဲ မိုက်ကယ်အိုဝင် ခန့်မှန်းလိုက်ပါပြီ
ယနေ့ညမှာတော့ အာဆင်နယ်နဲ့ လီဗာပူး တို့ဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်ကို အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။
ပထမ အကျော့ အန်ဖီးမှာတုန်းကတော့ လီဗာပူးဟာ အာဆင်နယ်ကို တစ်ယောက် အသာနဲ့ ကစားရပေမယ့် ဂိုးမရှိ သရေသာ ရထားပါတယ်။
မိုက်ကယ်အိုဝင်က ယနေ့ည ပွဲစဉ် အပြီးမှာ ဘယ်အသင်း ဖိုင်နယ်ကို တက်သွားမလဲ ဆိုတာကို ယခုလို ခန့်မှန်း ပေးခဲ့ပါတယ်။

အိုဝင်က “ကျွန်တော့် အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူးကို အန်ဖီးမှာ သရေ ကစားသွားခဲ့တဲ့ အာဆင်နယ်ရဲ့ performance နဲ့ ပက်သက်ပြီး အတော်လေး သဘောကျမိခဲ့တယ်လို့ ဝန်ခံ သွားရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်လျော့နဲ့ လီဗာပူးကို အချိန် အကြာကြီး ရင်ဆိုင် ကစားခဲ့ရပေမယ့် ဒီလို ရလဒ်မျိုးကို ရယူနိုင်ခဲ့တာဟာ အာဆင်နယ်တို့ ရလေ့ ရှိခဲ့တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။
လီဗာပူးဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားခဲ့ပြီး သူတို့ အနေနဲ့ ၃ ဂိုးထက်တောင် ပိုရခဲ့သင့်ပါတယ်။ မာဆေးဆိုက် ကလပ် အနေနဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဆာလား နဲ့ မာနေး တို့ကို အာဖရိကဖလား အတွက် လက်လွှတ်ပေးထား ရတာ ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။
ဒါပေမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အောက်စလိတ်ချိန်ဘာလိန် နဲ့ ဂျိုတာ တို့ဟာ တစ်ပွဲလုံး ခြေစွမ်း ထက်မြက်ခဲ့ပါတယ်။
ကျွန်တော် ကတော့ အာဆင်နယ် အနေနဲ့ ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ ပွဲတုန်းကထက်တော့ ဘောလုံး ပိုမို ကိုင်ကစားခွင့် ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ အာဆင်နယ်ကို တန်ပြန် တိုက်စစ်တွေနဲ့ ပြသနာတွေ များပြား စေလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။
လီဗာပူးတို့ အမ်းမရိတ်မှာ ၂-၁ နဲ့ အနိုင်ယူပြီး ဖိုင်နယ် တက်သွားပါလိမ့်မယ်။” လို့ ခန့်မှန်း ပေးလိုက်ပါတယ်။
အာဆင်နယ်နဲ့ လီဗာပူးတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းဟာ စပါးကို ကျော်ဖြတ်ကာ ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

ZG
ယေန႔ညမွာေတာ့ အာဆင္နယ္နဲ႔ လီဗာပူး တို႔ဟာ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္ကို အမ္းမရိတ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားသြားၾကမွာ ျဖစ္ပါတယ္။
ပထမ အေက်ာ့ အန္ဖီးမွာတုန္းကေတာ့ လီဗာပူးဟာ အာဆင္နယ္ကို တစ္ေယာက္ အသာနဲ႕ ကစားရေပမယ့္ ဂိုးမရွိ သေရသာ ရထားပါတယ္။
မိုက္ကယ္အို၀င္က ယေန႔ည ပြဲစဥ္ အၿပီးမွာ ဘယ္အသင္း ဖိုင္နယ္ကို တက္သြားမလဲ ဆိုတာကို ယခုလို ခန္႔မွန္း ေပးခဲ့ပါတယ္။
အို၀င္က “ကြၽန္ေတာ့္ အေနနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က လီဗာပူးကို အန္ဖီးမွာ သေရ ကစားသြားခဲ့တဲ့ အာဆင္နယ္ရဲ႕ performance နဲ႔ ပက္သက္ၿပီး အေတာ္ေလး သေဘာက်မိခဲ့တယ္လို႔ ၀န္ခံ သြားရမွာ ျဖစ္ပါတယ္။ လူတစ္ေယာက္ေလ်ာ့နဲ႔ လီဗာပူးကို အခ်ိန္ အၾကာႀကီး ရင္ဆိုင္ ကစားခဲ့ရေပမယ့္ ဒီလို ရလဒ္မ်ိဳးကို ရယူႏိုင္ခဲ့တာဟာ အာဆင္နယ္တို႔ ရေလ့ ရွိခဲ့တဲ့ ရလဒ္မ်ိဳး မဟုတ္ပါဘူး။
လီဗာပူးဟာ ၿပီးခဲ့တဲ့ ဘရန္႔ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ေျခစြမ္းျပ ကစားခဲ့ၿပီး သူတို႔ အေနနဲ႔ ၃ ဂိုးထက္ေတာင္ ပိုရခဲ့သင့္ပါတယ္။ မာေဆးဆိုက္ ကလပ္ အေနနဲ႔ အဓိက ကစားသမားေတြ ျဖစ္ၾကတဲ့ ဆာလား နဲ႔ မာေနး တို႔ကို အာဖရိကဖလား အတြက္ လက္လႊတ္ေပးထား ရတာ ကေတာ့ ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္ပါတယ္။
ဒါေပမယ့္ ဘရန္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ေအာက္စလိတ္ခ်ိန္ဘာလိန္ နဲ႔ ဂ်ိဳတာ တို႔ဟာ တစ္ပြဲလုံး ေျခစြမ္း ထက္ျမက္ခဲ့ပါတယ္။
ကြၽန္ေတာ္ ကေတာ့ အာဆင္နယ္ အေနနဲ႔ ဒီပြဲစဥ္မွာ ၿပီးခဲ့တဲ့ ပြဲတုန္းကထက္ေတာ့ ေဘာလုံး ပိုမို ကိုင္ကစားခြင့္ ရလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးဟာ အာဆင္နယ္ကို တန္ျပန္ တိုက္စစ္ေတြနဲ႔ ျပသနာေတြ မ်ားျပား ေစလိမ့္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။
လီဗာပူးတို႔ အမ္းမရိတ္မွာ ၂-၁ နဲ႔ အႏိုင္ယူၿပီး ဖိုင္နယ္ တက္သြားပါလိမ့္မယ္။” လို႔ ခန္႔မွန္း ေပးလိုက္ပါတယ္။
အာဆင္နယ္နဲ႔ လီဗာပူးတို႔ ပြဲစဥ္က အႏိုင္ရတဲ့ အသင္းဟာ စပါးကို ေက်ာ္ျဖတ္ကာ ဖိုင္နယ္ကို တက္ေရာက္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ ကစားသြားရမွာ ျဖစ္ပါတယ္။