အူဘာမီယန်းကို အံ့ဖွယ် မဖြစ်စလောက် ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ဖွယ် ရှိတဲ့ အာဆင်နယ်

ဆော်ဒီကလပ် အယ်နက်ဆာအသင်းရဲ့ ကမ်းလှမ်းမှုကိုရရှိခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အာဆင်နယ်ကနေ အံ့အားသင့်ဖွယ် အသင်းပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဂါဘွန်လက်ရွေးစင်ဟာ စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးခဲ့ရသလို လူစာရင်း ကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ နည်းပြ အာတီတာဟာ အူဘာမီယန်ကို ဒီဇင်ဘာ ၆ ရက်နေ့က အဲဗာတန် ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ကစားခွင့် မပေးတော့ပါဘူး။

သတင်းတွေအရတော့ အယ်နက်ဆာအသင်းဟာ ကနဦးအငှားနဲ့ ကမ်းလှမ်းထားပြီး ပေါင် ၆.၅ သန်းတည်းနဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ပါဝင်နေပါတယ်။ အာဆင်နယ်ကတော့ ကမ်းလှမ်းမှုကို စဉ်းစားနေဆဲဖြစ်ပေမယ့် ဂါဘွန်သားကို ရောင်းထုတ်ချင်နေတာကတော့ သေချာပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်းကို ခေါ်ယူစဉ်က ပေါင် ၅၆ သန်းထိ ပေးခဲ့ရပြီး ၂၀၂၀ စက်တင်ဘာကမှ တစ်ပတ်ကို ပေါင် ၂၅၀၀၀၀ နဲ့ ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။ ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၁၆၃ ပွဲကစားခဲ့ပြီး သွင်းဂိုး ၉၂ ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။

အူဘာမီယန်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ကင်မရွန်းကို ထွက်ခွာခဲ့ပေမယ့် မကြာသေးမီကမှ အာဆင်နယ်ကို ပြန်လည် ျရောက်လာခဲ့ပြီး အကြောင်းအရင်းကတော့ မူမမှန်တဲ့ နှလုံးခုန်နှုန်းကြောင့်လို့ ဂါဘွန်ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ပါတယ်။

ZG

ေဆာ္ဒီကလပ္ အယ္နက္ဆာအသင္းရဲ႕ ကမ္းလွမ္းမႈကိုရရွိခဲ့ၿပီးေနာက္ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းအေနနဲ႔ အာဆင္နယ္ကေန အံ့အားသင့္ဖြယ္ အသင္းေျပာင္းေ႐ႊ႕ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

ဂါဘြန္လက္ေ႐ြးစင္ဟာ စည္းကမ္းေဖာက္ဖ်က္မႈေတြေၾကာင့္ အသင္းေခါင္းေဆာင္ရာထူး ဆုံးရႈံးခဲ့ရသလို လူစာရင္း ကေနလည္း ခ်န္လွပ္ခံခဲ့ရပါတယ္။ နည္းျပ အာတီတာဟာ အူဘာမီယန္ကို ဒီဇင္ဘာ ၆ ရက္ေန႔က အဲဗာတန္ ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း ကစားခြင့္ မေပးေတာ့ပါဘူး။

သတင္းေတြအရေတာ့ အယ္နက္ဆာအသင္းဟာ ကနဦးအငွားနဲ႔ ကမ္းလွမ္းထားၿပီး ေပါင္ ၆.၅ သန္းတည္းနဲ႔ အၿပီးသတ္ ဝယ္ယူခြင့္လည္း ပါဝင္ေနပါတယ္။ အာဆင္နယ္ကေတာ့ ကမ္းလွမ္းမႈကို စဥ္းစားေနဆဲျဖစ္ေပမယ့္ ဂါဘြန္သားကို ေရာင္းထုတ္ခ်င္ေနတာကေတာ့ ေသခ်ာပါတယ္။

အာဆင္နယ္ဟာ အူဘာမီယန္းကို ေခၚယူစဥ္က ေပါင္ ၅၆ သန္းထိ ေပးခဲ့ရၿပီး ၂၀၂၀ စက္တင္ဘာကမွ တစ္ပတ္ကို ေပါင္ ၂၅၀၀၀၀ နဲ႔ ၃ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံ ၁၆၃ ပြဲကစားခဲ့ၿပီး သြင္းဂိုး ၉၂ ဂိုးလည္း သြင္းယူေပးခဲ့ပါတယ္။

အူဘာမီယန္း အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ဖို႔ ကင္မ႐ြန္းကို ထြက္ခြာခဲ့ေပမယ့္ မၾကာေသးမီကမွ အာဆင္နယ္ကို ျပန္လည္ ်ေရာက္လာခဲ့ၿပီး အေၾကာင္းအရင္းကေတာ့ မူမမွန္တဲ့ ႏွလုံးခုန္ႏႈန္းေၾကာင့္လို႔ ဂါဘြန္ေဘာလုံးအဖြဲ႕ခ်ဳပ္ ထုတ္ျပန္ပါတယ္။