ပရီးမီးယားလိဂ်မှာ စီးတီးနဲ့ လီဗာပူးကလွဲပြီး အောက်အသင်းတွေ အကုန် အမှတ်လျော့နိုင်တယ် လို့ ဖာဒီနန် သုံးသပ်

ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ တစ်နေရာတင် မက မန်ချက်စတာ ယူနိုက်တက်၊ စပါး၊ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ကြား ဒီရာသီ ထိပ်ဆုံးလေးနေရာ တိုက်ပွဲက အရှိန်ပြင်းထန်လို့နေပါတယ်။

ရက်ဖ်ရန်းနစ်ရဲ့အသင်းဟာ ဒီတပတ် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အနိုင် ၃ မှတ်ရခဲ့ပြီးနောက် စုစုပေါင်း ၃၅ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ဂန်းနားတွေက တစ်ပွဲလျော့ကစားထားပြီး ၃၅ မှတ် တူနေပေမယ့် စပါးကတော့ ၂ ပွဲလျော့ ကစားထားပြီး ၃၆ မှတ် ရရှိထားတာပါ။

ဒီရာသီမှာ မန်ယူအသင်း အတွက် ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ ဘယ်လောက် အရေးကြီးလဲဆိုတဲ့အပေါ် ရီယိုဖာဒီနန်နဲ့ စတီဗ် ဆစ်ဒ်ဝဲတို့က သုံးသပ်ခဲ့ကြပြီး ဖာဒီနန်ကတော့ မန်ယူ ပတ်လည်နားက အသင်းတွေကလည်း အချိန်မရွေး အမှတ်လျော့နိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

အမှတ်ပေးဇယားမှာ မန်ယူ နား က အသင်းတွေဟာလဲ အမှတ်တွေဆုံးရှုံးနိုင်တဲ့အသင်းတွေမို့လို့ ဒါက မန်ယူနိုက်တက် အတွက် ပြဿနာတစ်ခု မဖြစ်သင့်ဘူးလို့ ဖာဒီနန်က ယုံကြည်နေတာပါ။

“မန်ချက်စတာ ယူနိုက်တက်က ထိပ်ဆုံးလေးနေရာ အတွက် ရှိနေတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ပွဲဆက်တွေ ရခဲ့တယ်။ သူတို့နားက အသင်းတွေဆီကလဲ အမှတ်တွေ ရယူရမှာပါ။

လာမယ့်ပွဲတွေမှာ အမှတ်မလျော့မယ့် အသင်းဆိုတာ စီးတီးက လွဲရင် မရှိနိုင်ပါဘူး။ စီးတီးနဲ့ လီဗာပူး အောက်က ဘယ်အသင်းကမှ ၅ပွဲ၊ ၁၀ ပွဲဆက် အနိုင် မရနိုင်ဘူး။ ဒါကပဲ ရာသီကုန်အထိ အတက်အကျတွေ ဖြစ်စေမှာပါ”လို့ ဖာဒီနန်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZG

ပရီးမီးယားလိဂ္မွာ ခ်န္ပီယံ ျဖစ္ဖို႔ တစ္ေနရာတင္ မက မန္ခ်က္စတာ ယူႏိုက္တက္၊ စပါး၊ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္း ၾကား ဒီရာသီ ထိပ္ဆုံးေလးေနရာ တိုက္ပြဲက အရွိန္ျပင္းထန္လို႔ေနပါတယ္။

ရက္ဖ္ရန္းနစ္ရဲ႕အသင္းဟာ ဒီတပတ္ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ အႏိုင္ ၃ မွတ္ရခဲ့ၿပီးေနာက္ စုစုေပါင္း ၃၅ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ရွိေနပါတယ္။ ဂန္းနားေတြက တစ္ပြဲေလ်ာ့ကစားထားၿပီး ၃၅ မွတ္ တူေနေပမယ့္ စပါးကေတာ့ ၂ ပြဲေလ်ာ့ ကစားထားၿပီး ၃၆ မွတ္ ရရွိထားတာပါ။

ဒီရာသီမွာ မန္ယူအသင္း အတြက္ ထိပ္ဆုံးေလးသင္းထဲဝင္ဖို႔ ဘယ္ေလာက္ အေရးႀကီးလဲဆိုတဲ့အေပၚ ရီယိုဖာဒီနန္နဲ႔ စတီဗ္ ဆစ္ဒ္ဝဲတို႔က သံုးသပ္ခဲ့ၾကျပီး ဖာဒီနန္ကေတာ့ မန္ယူ ပတ္လည္နားက အသင္းေတြကလည္း အခ်ိန္မေရြး အမွတ္ေလ်ာ့နိုင္တဲ့ ျပိဳင္ဘက္ေတြ ျဖစ္ေၾကာင္း ဆိုလိုက္ပါတယ္။

အမွတ္ေပးဇယားမွာ မန္ယူ နား က အသင္းေတြဟာလဲ အမွတ္ေတြဆုံးရႈံးႏိုင္တဲ့အသင္းေတြမို႔လို႔ ဒါက မန္ယူႏိုက္တက္ အတြက္ ျပႆနာတစ္ခု မျဖစ္သင့္ဘူးလို႔ ဖာဒီနန္က ယုံၾကည္ေနတာပါ။

“မန္ခ်က္စတာ ယူႏိုက္တက္က ထိပ္ဆုံးေလးေနရာ အတြက္ ရွိေနတယ္။ သူတို႔ဟာ ေကာင္းမြန္တဲ့ ပြဲဆက္ေတြ ရခဲ့တယ္။ သူတို႔နားက အသင္းေတြဆီကလဲ အမွတ္ေတြ ရယူရမွာပါ။

လာမယ့္ပြဲေတြမွာ အမွတ္မေလ်ာ့မယ့္ အသင္းဆိုတာ စီးတီးက လြဲရင္ မရွိႏိုင္ပါဘူး။ စီးတီးနဲ႔ လီဗာပူး ေအာက္က ဘယ္အသင္းကမွ ၅ပြဲ၊ ၁၀ ပြဲဆက္ အႏိုင္ မရႏိုင္ဘူး။ ဒါကပဲ ရာသီကုန္အထိ အတက္အက်ေတြ ျဖစ္ေစမွာပါ”လို႔ ဖာဒီနန္က မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။