ဒီလစ်၊ ဒမ်ဘီလီ၊ မာလန်ဆား၊ ခရစ္စတန်ဆန်၊ ဂါဗီတို့နဲ့ ယနေ့ညပိုင်း ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းထံကနေ ကမ်းလှမ်းမှု ရရှိထားကြောင်း သိရပါတယ်။ ဒါပေမဲ့ ခရစ္စတန်ဆန်အနေနဲ့ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်မယ်ဆိုရင် ပြည်ပလိဂ်ကိုသာ ရွေးချယ်မှာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။
အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က ချဲလ်ဆီးဂိုးသမား မန်ဒီရဲ့ဘဝဟာ အတုယူဖွယ်ကောင်းကြောင်း၊ မန်ဒီ အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့ လက်ရှိအခြေအနေ လုံးဝကွဲပြားနေပြီဖြစ်ကြောင်း၊ မန်ဒီဟာ အာဖရိကက ဂိုးသမားတွေ သာမက ကမ္ဘာတစ်ဝှမ်းလုံးက ဂိုးသမားတွေအတွက် အတုယူဖွယ်ရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က ချဲလ်ဆီးမှာ လူကာကူရဲ့ အနာဂတ်က ဆက်ရှိမှာဖြစ်ကြောင်း၊ လူကာကူဟာ ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး မကြာခင် သူ့ရဲ့အချိန်ကောင်းတွေ ပြန်လာမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီး အနေနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း အီတလီ သတင်းဌာန က ဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ တူရင်မှာ မပျော်ရွှင်တော့ဘဲ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း အေးဂျင့် ရွိုင်အိုလာက ဖွင့်ဟထားပါတယ်။
စပါးနည်းပြ ကွန်တီကတော့ ဒီတစ်ပတ်ယှဉ်ပြိုင်ရမဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ကစားသမားတွေကို မက်လုံးပေး စည်းရုံးထားကြောင်း သိရပါတယ်။ ဒါကတော့ တကယ်လို့ ချဲလ်ဆီးကို အနိုင်ရမယ်ဆိုရင် လာမဲ့တစ်ပတ်အတွင်း နားရက် ပိုပေးမယ်လို့ ကွန်တီက မက်လုံးပေးထားခဲ့တာပါ။
ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒမ်ဘီလီရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီးဘာစီလိုနာက သူ့ကို ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

ခဲျလ်ဆီးအနေနဲ့ နောက်ခံလူ မာလန် ဆားအတွက် ကမ်းလှမ်းမှုနှစ်ခုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ လက်စတာနဲ့ ရိုးမားတို့က အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူဟာ ချဲလ်ဆီးရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေသေးတာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီကိုခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။ ၁၇ နှစ် အရွယ် ကြယ်ပွင့်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း၅၀ သာရှိနေပြီး ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။