မန်ယူ နိုင်မယ် လို့ကို မပြောချင်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ မန်ယူ – ဝက်စ်ဟမ်းပွဲ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန် စနေနေ့မှာ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဇန်နဝါရီ ၂၂ ရက်၊ စနေနေ့၊ ည ၉း၃ဝ နာရီမှာပါ။

ဂန်းနားဟောင်း ဂုရုကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ပွဲမှာ မန်ယူ ဘက်က မနေချင်ဘူး ဆိုပြီး အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ကျနော်ကတော့ လောလောဆယ်မှာ မန်ချက်စတာ ယူနိုက်တက် ဘက်က မရှိချင်ဘူး။ သူတို့ အရင်ပွဲ ဘရန့်ဖို့ဒ်နဲ့ နိုင်သွားတာကလည်း ကပျက်ကချော်နဲ့ပါပဲ။ အသင်းငယ်လေး ဆိုတဲ့ ဘရန့်ဖို့ဒ်က ပထမပိုင်းမှာ သူတို့ကို ဘောလုံး သင်ခန်းစာတွေတောင် ပေးသွားသလိုပဲ။ ယူနိုက်တက် အဲဒီကနေ လွတ်မြောက်ဖို့ ဒီဂီယာပဲ ထပ် ကယ်ခဲ့ရတာ။

ဒီလို ဖြစ်နေတာက အကြိမ်ရေ တော်တော် များနေပါပြီ။ နယူးကာဆယ်နဲ့ ပွဲတုန်းကလည်း ဦးဆောင် ထားပြီးမှ ချေပဂိုး ပေးလိုက်ရတယ်။ အက်စတွန်ဗီလာနဲ့ ပွဲတုန်းကလည်း သရေ ကျဖို့ အတော်လုပ်ရတယ်။

ဒီလိုပြောပေမယ့် ဝက်စ်ဟမ်းကလည်း သိပ်ကြီး တည်ငြိမ်နေတာတော့ မဟုတ်ဘူး။ သူတို့ ခြေစွမ်းကောင်းတွေ ပြန်ရပြီ ထင်ကာမှ အိမ်ကွင်းမှာ လိဒ်စ်ကို ရှုံးပြန်တယ်။ ခုနေမှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်လို့ ကျနော် ခန့်မှန်းလို့ကို မရဘူး ဖြစ်နေတယ်။ ဧရိယာထဲမှာ ဝက်စ်ဟမ်းက သူတို့ကို ပြသနာတွေ ပေးဦးမှာပါ။ ” လို့ ပေါမာဆန်က သုံးသပ် ထားပါတယ်။

ပေါမာဆန် ရလဒ် ခန့်မှန်းထားတာ ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဝက်စ်ဟမ်း ယူနိုက်တက် ဖြစ်ပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ဟာ မနက္ျဖန္ စေနေန႔မွာ ဝက္စ္ဟမ္း အသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဇန္နဝါရီ ၂၂ ရက္၊ စေနေန႔၊ ည ၉း၃ဝ နာရီမွာပါ။

ဂန္းနားေဟာင္း ဂုရုၾကီး ေပါမာဆန္က မန္ခ်က္စတာ ယူနုိက္တက္နဲ႕ ဝက္စ္ဟမ္း ပြဲမွာ မန္ယူ ဘက္က မေနခ်င္ဘူး ဆိုျပီး အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” က်ေနာ္ကေတာ့ ေလာေလာဆယ္မွာ မန္ခ်က္စတာ ယူနိုက္တက္ ဘက္က မရွိခ်င္ဘူး။ သူတို႔ အရင္ပြဲ ဘရန္႔ဖို႔ဒ္နဲ႕ နိုင္သြားတာကလည္း ကပ်က္ကေခ်ာ္နဲ႕ပါပဲ။ အသငး္ငယ္ေလး ဆိုတဲ့ ဘရန္႔ဖို႔ဒ္က ပထမပိုင္းမွာ သူတို႔ကို ေဘာလံုး သင္ခန္းစာေတြေတာင္ ေပးသြားသလိုပဲ။ ယူနုိက္တက္ အဲဒီကေန လြတ္ေျမာက္ဖို႔ ဒီဂီယာပဲ ထပ္ ကယ္ခဲ့ရတာ။

ဒီလို ျဖစ္ေနတာက အၾကိမ္ေရ ေတာ္ေတာ္ မ်ားေနပါျပီ။ နယူးကာဆယ္နဲ႕ ပြဲတုန္းကလည္း ဦးေဆာင္ ထားျပီးမွ ေခ်ပဂိုး ေပးလိုက္ရတယ္။ အက္စတြန္ဗီလာနဲ႔ ပြဲတုန္းကလည္း သေရ က်ဖို႔ အေတာ္လုပ္ရတယ္။

ဒီလိုေျပာေပမယ့္ ဝက္စ္ဟမ္းကလည္း သိပ္ၾကီး တည္ျငိမ္ေနတာေတာ့ မဟုတ္ဘူး။ သူတို႔ ေျခစြမ္းေကာင္းေတြ ျပန္ရျပီ ထင္ကာမွ အိမ္ကြင္းမွာ လိဒ္စ္ကို ရံႈးျပန္တယ္။ ခုေနမွာ မန္ခ်က္စတာ ယူနိုက္တက္ကို အနုိင္လို႔ က်ေနာ္ ခန္႔မွန္းလို႔ကို မရဘူး ျဖစ္ေနတယ္။ ဧရိယာထဲမွာ ဝက္စ္ဟမ္းက သူတို႔ကို ျပသနာေတြ ေပးဦးမွာပါ။ ” လို႔ ေပါမာဆန္က သံုးသပ္ ထားပါတယ္။

ေပါမာဆန္ ရလဒ္ ခန္႔မွန္းထားတာ ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၁-၁ ဝက္စ္ဟမ္း ယူနိုက္တက္ ျဖစ္ပါတယ္။