လူကာကူ မဟန်ရင် အစားထိုးဖို့ ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီး ကိုပါ ချိန်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ တိုက်စစ်မှုး လူကာကူ ခြေစွမ်း မဟတန်တာကြောင့် ၎င်း ရဲ့နေရာမှာ အစားထိုးဖို့ စဉ်းစားမယ်ဆိုရင် လီဝန်ဒေါစကီး ကို စဉ်းစားနိုင်တယ်လို့ နောက်ဆုံးထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လူကာကာကို အင်တာမီလန် ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူ ဟာ အခုနောက်ပိုင်း ဂိုးရှေ့မှာ သွင်းဂိုးရဖို့ ရုန်းကန်နေရပါတယ်။

လူကာကူ ဟာ နောက်ဆုံးကစားခဲ့တဲ့ (၁၈)ပွဲမှာ (၃)ဂိုးသွင်းယူထားတာပါ။ လူကာကူ ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျုးကြောင့် အသင်းမှာ ကာလကြာရှည်ရှိနိုင်တဲ့ သူ့ရဲ့အနာဂတ်ဟာ မသေချာတာ ဖြစ်ပါတယ်။

လန်ဒန်ကလာတဲ့ သတင်းတွေမှာ ချဲလ်ဆီး အသင်းဟာ လူကာကူ နေရာမှာ အစားထိုးဖို့ နွေရာသီမှာ လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းကလည်း ပိုလန်တိုက်စစ်မှူး အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဘူးဆိုရင် ရောင်းချသွားဖွယ် ရှိနေတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ဇွန်လမှာ ကုန်ဆုံးတော့မှာပါ။

အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းက လီဝန်ဒေါစကီးကို (၂)နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာ ဖြစ်ပြီး အခြေအနေက မထူးဘဲ ရှိနေပါတယ်။

တိုက်စစ်မှုး လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ မန်စီးတီးကလည်း စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ခဲ့ပြီး အခု ချဲလ်ဆီး အသင်းပါ ပါဝင်လာတာပါ။ လီဝန်ဒေါစကီး ကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ထုတ်ပြောထားဖူးပါတယ်။

ဖီဖာရဲ့တနှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားတဲ့ လီဝန်ဒေါစကီး ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၂၇)ပွဲပါဝင်ကစားထားပြီး (၃၄)ဂိုးသွင်းယူထားတာပါ။

ZG

ခ်ဲလ္ဆီး အသင္းဟာ တိုက္စစ္မႈး လူကာကူ ေျခစြမ္း မဟတန္တာေၾကာင့္ ၄င္း ရဲ႕ေနရာမွာ အစားထိုးဖို႔ စဥ္းစားမယ္ဆိုရင္ လီဝန္ေဒါစကီး ကို စဥ္းစားႏိုင္တယ္လို႔ ေနာက္ဆံုးထြက္လာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီကမွ လူကာကာကို အင္တာမီလန္ ကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လူကာကူ ဟာ အခုေနာက္ပိုင္း ဂိုးေရွ႕မွာ သြင္းဂိုးရဖို႔ ႐ုန္းကန္ေနရပါတယ္။

လူကာကူ ဟာ ေနာက္ဆုံးကစားခဲ့တဲ့ (၁၈)ပြဲမွာ (၃)ဂိုးသြင္းယူထားတာပါ။ လူကာကူ ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အျငင္းပြားဖြယ္ အင္တာဗ်ဳးေၾကာင့္ အသင္းမွာ ကာလၾကာရွည္ရွိႏိုင္တဲ့ သူ႔ရဲ႕အနာဂတ္ဟာ မေသခ်ာတာ ျဖစ္ပါတယ္။

လန္ဒန္ကလာတဲ့ သတင္းေတြမွာ ခ်ဲလ္ဆီး အသင္းဟာ လူကာကူ ေနရာမွာ အစားထိုးဖို႔ ေႏြရာသီမွာ လီဝန္ေဒါစကီး ကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ ေဖာ္ျပခဲ့တာပါ။

ဘိုင္ယန္ျမဴးနစ္ အသင္းကလည္း ပိုလန္တိုက္စစ္မႉး အေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပဘူးဆိုရင္ ေရာင္းခ်သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။ လီဝန္ေဒါစကီးနဲ႔ ဘိုင္ယန္ျမဴးနစ္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃)ဇြန္လမွာ ကုန္ဆုံးေတာ့မွာပါ။

အဲ့ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အသင္းက လီဝန္ေဒါစကီးကို (၂)ႏွစ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားတာ ျဖစ္ျပီး အေျခအေနက မထူးဘဲ ရွိေနပါတယ္။

တိုက္စစ္မႈး လီဝန္ေဒါစကီး ကို ေခၚယူဖို႔ မန္စီးတီးကလည္း စိတ္ဝင္စားေၾကာင္း သတင္းေတြ ထြက္ခဲ့ျပီး အခု ခ်ဲလ္ဆီး အသင္းပါ ပါဝင္လာတာပါ။ လီဝန္ေဒါစကီး ကလည္း ပရီးမီးယားလိဂ္မွာ ကစားခ်င္ေၾကာင္း ထုတ္ေျပာထားဖူးပါတယ္။

ဖီဖာရဲ႕တႏွစ္တာ အေကာင္းဆုံး အမ်ိဳးသား ကစားသမားဆုကို ပူပူေႏြးေႏြး ရရွိထားတဲ့ လီဝန္ေဒါစကီး ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ(၂၇)ပြဲပါဝင္ကစားထားၿပီး (၃၄)ဂိုးသြင္းယူထားတာပါ။