သူ ခေါ်ထားတဲ့ နေမာလက်သစ် တိုက်စစ်သမားက အစွမ်းပြလိမ့်မယ် ယုံကြည်ထားတဲ့ ဂွာဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာ က အသင်း ရေရှည်အတွက်တိုက်စစ်ပိုင်းကို နွေမှာ ခေါ်ထားတဲ့ တိုက်စစ် ကစားသမားသစ်က ဖြေရှင်းနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
စီးတီးဟာ အဂူရိုထွက်ခွာပြီးနောက်ပိုင်း ဂွါဒီယိုလာဟာ တိုက်စစ်ပိုင်းအတွက် ဂါဘရီရယ်ဂျီးဆပ်စ်ကိုသာ အားထားနေခဲ့ရတာပါ။ ပြီးခဲ့တဲ့နွေကတော့ မန်စီးတီးဟာ နေမာလက်သစ်လို့ နာမည်ကျော်တဲ့ ဆယ်ကျော်သက် တိုက်စစ်သမား ကေကိုင်းကို ခေါ်ယူခဲ့ပါတယ်။

အသက် ၁၈ နှစ်သားကို နွေရာသီတုန်းက ပေါင် ၈.၇ သန်းနဲ့ ဖလူမီနီးစ်အသင်းထံကနေ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒဏ်ရာတွေကြောင့် ပါဝင်ကစားခွင့် မရရှိသေးပါဘူး။ ဘရာဇီးသားဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေတာဖြစ်ကာ ဂွါဒီယိုလာက နေမာလက်သစ်လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။
“သူ (ကေကိုင်း) က ဒီကိုရောက်တာမကြာသေးပါဘူး။ ဒူးဒဏ်ရာပြဿနာလည်းအနည်းငယ်ရှိနေပါတယ်။ အင်္ဂလိပ် ဘောလုံး ကစားဟန်ကိုသိအောင် သူ့ကိုကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်းထားပါတယ်။ သူက အရမ်းငယ်ပြီး အရည်အချင်း ရှိပါတယ်။ အချိန်တန်ရင် အသင်း တိုက်စစ်ပြသနာကို ဖြေရှင်းနိုင်မှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကေကိုင်း ကို ထရိန်နင်မှာ ဘရာဇီးသား စီနီယာတွေ ဖြစ်တဲ့ အီဒါဆန် နဲ့ ဖာနန်ဒင်ဟို တို့ကလည်း ဂရုစိုက်နေတယ်လို့လည်း ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။

ZG
မန္စီးတီးနည္းျပ ဂြါဒီယိုလာ က အသင္း ေရရွည္အတြက္တိုက္စစ္ပိုင္းကို ေႏြမွာ ေခၚထားတဲ့ တိုက္စစ္ ကစားသမားသစ္က ေျဖရွင္းႏိုင္တယ္လို႔ အရိပ္အႁမြက္ ေျပာၾကားလိုက္ပါတယ္။
စီးတီးဟာ အဂူ႐ိုထြက္ခြာၿပီးေနာက္ပိုင္း ဂြါဒီယိုလာဟာ တိုက္စစ္ပိုင္းအတြက္ ဂါဘရီရယ္ဂ်ီးဆပ္စ္ကိုသာ အားထားေနခဲ့ရတာပါ။ ျပီးခဲ့တဲ့ေႏြကေတာ့ မန္စီးတီးဟာ ေနမာလက္သစ္လို႔ နာမည္ေက်ာ္တဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္သမား ေကကိုင္းကို ေခၚယူခဲ့ပါတယ္။
အသက္ ၁၈ ႏွစ္သားကို ေႏြရာသီတုန္းက ေပါင္ ၈.၇ သန္းနဲ႔ ဖလူမီနီးစ္အသင္းထံကေန ေခၚယူခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ဒဏ္ရာေတြေၾကာင့္ ပါဝင္ကစားခြင့္ မရရွိေသးပါဘူး။ ဘရာဇီးသားဟာ စီနီယာအသင္းနဲ႔ ေလ့က်င့္ခန္း ဆင္းေနတာျဖစ္ကာ ဂြါဒီယိုလာက ေနမာလက္သစ္လို႔ မွတ္ခ်က္ျပဳထားခဲ့ပါတယ္။
“သူ (ေကကိုင္း) က ဒီကိုေရာက္တာမၾကာေသးပါဘူး။ ဒူးဒဏ္ရာျပႆနာလည္းအနည္းငယ္ရွိေနပါတယ္။ အဂၤလိပ္ ေဘာလုံး ကစားဟန္ကိုသိေအာင္ သူ႔ကိုကြၽန္ေတာ္တို႔နဲ႔အတူ ေလ့က်င့္ခန္း ဆင္းခိုင္းထားပါတယ္။ သူက အရမ္းငယ္ၿပီး အရည္အခ်င္း ရွိပါတယ္။ အခ်ိန္တန္ရင္ အသင္း တိုက္စစ္ျပသနာကို ေျဖရွင္းႏိုင္မွာပါ”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ေကကိုင္း ကို ထရိန္နင္မွာ ဘရာဇီးသား စီနီယာေတြ ျဖစ္တဲ့ အီဒါဆန္ နဲ႔ ဖာနန္ဒင္ဟိုတို႔ကလည္း ဂ႐ုစိုက္ေနတယ္လို႔လည္း ဂြာဒီယိုလာက ဆိုခဲ့ပါတယ္။