တိုက်စစ်မှုး ဆာလာ နေရာ အစားထိုးဖို့ လီဗာပူး ဘယ်သူ့ကို ခေါ်သင့်သလဲ အကြံပေးတဲ့ ကတ်စ်ကာရီနို
လီဗာအသင်းဟာ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့တိုက်စစ်မှူး မိုဟာမက် ဆာလာကို ဆုံးရှုံးလိုက်ရပါက ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း အိုင်ယာလန် လက်ရွေးစင် ကစားသမားဟောင်း ကတ်စ်ကာရီနို ကအကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီအကုန်မှာသာ ဆာလာကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက အသင်းကနေ ရောင်းထုတ်ရတာ ဒါမှမဟုတ် နောက်ရာသီ အကုန်မှာ ဆာလာကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးရတာမျိုး ကြုံတွေ့နိုင်ပြီး ကတ်စ်ကာရီနို ကတော့ လီဗာပူးဟာ ဆာလာကို ဆုံးရှုံးလိုက်ရရင် ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း ဆိုလိုက်ပါတယ်။

ကတ်စ်ကာရီနိုက – “တကယ်လို့ မိုဟာမက် ဆာလာကိုသာ ဆုံးရှုံးလိုက်ရင် လီဗာပူးက ဘယ်သူ့ကို ပြန်ခေါ်သင့်လဲ။ ကျွန်တော်က ဒီမေးခွန်းကို မကြာခဏ စဉ်းစားမိပါတယ်။ ကျွန်တော့်အတွက် ဆာလာရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား ကတော့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ပါပဲ။
ဘိုဝင်က တဖက်အသင်းရဲ့ ဂိုးဧရိယာထဲကို တိုးဝင်နိုင်တယ်။ ပြီးတော့ ကြံ့ခိုင်တယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက ထိပ်တန်းအဆင့် တခုမှာ ရှိမနေပေမယ့် ထိပ်တန်း ကစားသမား တယောက် လိုအပ်နေတဲ့ အဆင့်အတန်းမျိုးကိုတော့ ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် ကျွန်တော်ကတော့ ဘိုဝင်လိုမျိုး တောင်ပံထွက်ပြီး ကစားနိုင်သလို တဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးက ကလော့ပ်ရဲ့ တိုက်စစ်နဲ့ အံဝင်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။
အသက် ၂၉နှစ် အရွယ် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်ပါတယ်။ ဆာလာက ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားပြီး ဂိုး ဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်သူပါ။
ဒါကြောင့်ပဲ လီဗာပူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ မိုဟာမက် ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဒီရာသီ စတင်ကတည်းက ကြိုးစားခဲ့ပေမယ့် ဆာလာက တပတ် လုပ်ခလစာ ပေါင် ၄သိန်း ဝန်းကျင် အထိ ပေးချေဖို့ တောင်းဆိုထားတာကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေက ရပ်ဆိုင်းနေပါတယ်။

ZG
လီဗာအသင္းဟာ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အဆင္မေျပ ျဖစ္ေနတဲ့တိုက္စစ္မႉး မိုဟာမက္ ဆာလာကို ဆုံးရႈံးလိုက္ရပါက ဝက္စ္ဟမ္း တိုက္စစ္မႉး ဘိုဝင္ကို ျပန္လည္ ေခၚယူသင့္ေၾကာင္း အိုင္ယာလန္ လက္ေ႐ြးစင္ ကစားသမားေဟာင္း ကတ္စ္ကာရီႏို ကအႀကံေပး တိုက္တြန္းသြားခဲ့ပါတယ္။
လီဗာပူးဟာ ဒီရာသီအကုန္မွာသာ ဆာလာကို စာခ်ဳပ္သစ္ မခ်ဳပ္ဆိုႏိုင္ပါက အသင္းကေန ေရာင္းထုတ္ရတာ ဒါမွမဟုတ္ ေနာက္ရာသီ အကုန္မွာ ဆာလာကို အလြတ္နဲ႔ ထြက္ခြာခြင့္ ေပးရတာမ်ိဳး ႀကဳံေတြ႕ႏိုင္ၿပီး ကတ္စ္ကာရီႏို ကေတာ့ လီဗာပူးဟာ ဆာလာကို ဆုံးရႈံးလိုက္ရရင္ ဝက္စ္ဟမ္း တိုက္စစ္မႉး ဘိုဝင္ကို ျပန္လည္ ေခၚယူသင့္ေၾကာင္း ဆိုလိုက္ပါတယ္။
ကတ္စ္ကာရီႏိုက – “တကယ္လို႔ မိုဟာမက္ ဆာလာကိုသာ ဆုံးရႈံးလိုက္ရင္ လီဗာပူးက ဘယ္သူ႔ကို ျပန္ေခၚသင့္လဲ။ ကြၽန္ေတာ္က ဒီေမးခြန္းကို မၾကာခဏ စဥ္းစားမိပါတယ္။ ကြၽန္ေတာ့္အတြက္ ဆာလာရဲ႕ ေနရာကို အစားဝင္ႏိုင္မယ့္ ကစားသမား ကေတာ့ ဝက္စ္ဟမ္း တိုက္စစ္မႉး ဘိုဝင္ပါပဲ။
ဘိုဝင္က တဖက္အသင္းရဲ႕ ဂိုးဧရိယာထဲကို တိုးဝင္ႏိုင္တယ္။ ၿပီးေတာ့ ႀကံ့ခိုင္တယ္။ သူ႔ရဲ႕ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈက ထိပ္တန္းအဆင့္ တခုမွာ ရွိမေနေပမယ့္ ထိပ္တန္း ကစားသမား တေယာက္ လိုအပ္ေနတဲ့ အဆင့္အတန္းမ်ိဳးကိုေတာ့ ပိုင္ဆိုင္ထားပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ ဘိုဝင္လိုမ်ိဳး ေတာင္ပံထြက္ၿပီး ကစားႏိုင္သလို တဖက္အသင္းရဲ႕ ခံစစ္ေၾကာင္းကို ဒုကၡေပးႏိုင္စြမ္း ရွိတဲ့ ကစားသမားမ်ိဳးက ကေလာ့ပ္ရဲ႕ တိုက္စစ္နဲ႔ အံဝင္မယ္လို႔ ထင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။
အသက္ ၂၉ႏွစ္ အ႐ြယ္ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလာဟာ လီဗာပူးရဲ႕ မရွိမျဖစ္ တိုက္စစ္မႉး တဦး ျဖစ္ပါတယ္။ ဆာလာက ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၂၆ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၂၃ဂိုး သြင္းယူထားျပီး ဂိုး ဖန္တီးမႈ ၉ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။
ဒါေၾကာင့္ပဲ လီဗာပူးဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္သာ က်န္ေတာ့တဲ့ မိုဟာမက္ ဆာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဒီရာသီ စတင္ကတည္းက ႀကိဳးစားခဲ့ေပမယ့္ ဆာလာက တပတ္ လုပ္ခလစာ ေပါင္ ၄သိန္း ဝန္းက်င္ အထိ ေပးေခ်ဖို႔ ေတာင္းဆိုထားတာေၾကာင့္ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြက ရပ္ဆိုင္းေနပါတယ္။