ဇန်နဝါရီ ချဲလ်ဆီးရဲ့ ပွဲဦးထွက် ခေါ်ယူမှု၊ ခံစစ် ပစ်မှတ် ဆိုဆာ၊ ဆက်ရှိဖွယ် ရူဒီဂါနဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်ကို မန်စီးတီးက မာရက်ဇ်နဲ့ နှိုင်းယှဉ် ချီးကျူးခဲ့ပြီး စပါးနဲ့ပွဲမှာ ဇီးယက်ချ်ဟာ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း၊ ဇီးယက်ချ်ရဲ့ဘယ်ခြေဟာ နှစ်လိုဖွယ် ကောင်းကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ဒါဘီအသင်းကနေ ၁၈ နှစ်အရွယ် ဘယ်နောက်ခံလူ ဒိုင်လန် ဝီလီယံကို ဖော်မပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးကို ပြောင်းရွှေ့ပြီးနောက် ဝီလီယံက ဂုဏ်ယူ မိကြောင်း၊ ချဲလ်ဆီး ကမ္ဘာအခမ်းနားဆုံးတွေထဲက တစ်သင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ အသင်းရဲ့ တိုက်စစ်မှုး လူကာကူကို စပါးတိုက်စစ်မူှး ဟယ်ရီကိန်းနဲ့ ခိုင်းနှိုင်းသွားခဲ့ပြီး ဟယ်ရီကိန်း ဟာ ရာသီအစတုန်းက ဝေဖန်ခံခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ သူကိုယ့်သူ သက်သေပြနိုင်ခဲ့ကြောင်း၊ လူကာကူ အတွက်လည်း အတူတူပဲ ဖြစ်ကြောင်း၊ လူကာကူဟာ ဂိုးများစွာကို သွင်းယူနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဂျင်မီရက်နက်က သီယာဂိုဆေးလ်ဗားကို ခေါ်ယူစဉ်က အသက်အရွယ် ကြောင့် သံသယ ဖြစ်ခဲ့ပေမဲ့ သူဟာ အံ့ဖွယ်စွမ်းရည်ကို ပြသနေကြောင်း၊ သီယာဂိုဆေးလ်ဗားဟာ အဝတ်လဲခန်း အတွင်းမှာလည်း တခြားကစားသမားတွေ အပေါ် လွှမ်းမိုးမှုရှိကြောင်း ချီးကျူးခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ စတုဂတ် နောက်ခံလူ ဆိုဆာကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဘယ်နောက်ခံ လူနေရာကို အားဖြည့်ဖို့ ကြိုးပမ်းလျက်ရှိနေပြီး ဆိုတာကိုမျက်စီကျနေတာပါ။ စတုဂတ်ကတော့ သူတို့ ကစားသမား အတွက် ယူရိုသန်း ၃၀ အလိုရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း မာလူဒါက သူ့အသင်းဟောင်း အနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို အားဖြည့်ဖို့ လိုအပ်နေကြောင်း၊ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်နဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီတို့ကို ခေါ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ ကတော့အသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်တဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်း သစ္စာရှိကြောင်း၊ အသင်းနဲ့သူ့အကြား ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရူဒီဂါအနေနဲ့ မိသားစု အထိုင်ကျနေတဲ့ လန်ဒန်ကနေ မပြောင်းလိုတာကြောင့် ချဲလ်ဆီးနဲ့ သက်တမ်းတိုးဖွယ် ရှိကြောင်းလည်း သိရပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ သူတို့ရဲ့ ကစားသမားဟောင်း အေဘရာဟမ်ချ်ရဲ့လုပ်ရပ်တစ်ခုနဲ့ ပတ်သက်ပြီး သဘောကျ နေပါတယ်။ ဒါကတော့ အိုဒွိုင်း အနေနဲ့ စပါးကို နိုင်ပြီးနောက် London is blue တို့ Twitter မှာ Tweet ခဲ့ပါတယ်။ ဒါကို အေဘရာဟမ်ချ်က “ဒါက အမြဲတမ်း ဖြစ်ခဲ့တာပဲ”လို့ဆိုပြီး တုံ့ပြန်ခဲ့တာပါ။