ပေါင် သန်း ၆၀ တန် လာဇီယို ကွင်းလယ်ကို ခေါ်ယူဖို့ ချိတ်ဆက်လာတဲ့ လီဗာပူးအသင်း
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးအသင်းဟာ လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဖို့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာဇီယိုအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ကာ ၁၇ ဂိုးသွင်း ၁၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဆာဗစ်ကိုပရီးမီးယားလိဂ်ကလပ်အသင်းတွေက ချိတ်ဆက်နေတာ ကြာမြင့်နေပြီဖြစ်ကာ ယူနိုက်တက် ကလည်း ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ မာကာတို သတင်းဌာနကတော့ လီဗာပူးအသင်းဟာ ဆားဘီးယားသားကို လာမယ့်ရာသီသစ်မတိုင်ခင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ ဆာဗစ်ကိုခေါ်ယူဖို့ ပေါင်သန်း ၆၀ လောက်အထိ အသုံးပြုရဖွယ်ရှိနေပါတယ်။ ဆာဗစ် ကိုတော့ ဒီနွေမှာ ထွက်ခွာသွားတဲ့ ဝိုက်နယ်ဒန်နေရာအတွက် အစားထိုးဖွယ် ရှိနေပါတယ်။

ZG – ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြအရ လီဗာပူးအသင္းဟာ လာဇီယို ကြင္းလယ္လူ မီလန္ကိုဗစ္ ဆာဗစ္ကို ေခၚယူဖို႔ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
အသက္ ၂၆ ႏွစ္သားဟာ ၿပီးခဲ့တဲ့ရာသီတုန္းက လာဇီယိုအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ကာ ၁၇ ဂိုးသြင္း ၁၇ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။
ဆာဗစ္ကိုပရီးမီးယားလိဂ္ကလပ္အသင္းေတြက ခ်ိတ္ဆက္ေနတာ ၾကာျမင့္ေနၿပီျဖစ္ကာ ယူႏိုက္တက္ ကလည္း ခ်ိတ္ဆက္ခဲ့ေသးတာျဖစ္ပါတယ္။ မာကာတို သတင္းဌာနကေတာ့ လီဗာပူးအသင္းဟာ ဆားဘီးယားသားကို လာမယ့္ရာသီသစ္မတိုင္ခင္ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
လီဗာပူးအသင္းအေနနဲ႔ ဆာဗစ္ကိုေခၚယူဖို႔ ေပါင္သန္း ၆၀ ေလာက္အထိ အသုံးျပဳရဖြယ္ရွိေနပါတယ္။ ဆာဗစ္ ကိုေတာ့ ဒီေႏြမွာ ထြက္ခြာသြားတဲ့ ၀ိုက္နယ္ဒန္ေနရာအတြက္ အစားထိုးဖြယ္ ရွိေနပါတယ္။