ပွဲပြီးလို့ ၂ ရက်လောက်နေမှ ဘွားတေး မှားသွားတယ် လုပ်ခံရတဲ့ အာဆင်နယ်

အာဆင်နယ်အတွက် တကယ်ကို စိတ်ပျက်စရာ ကိစ္စကြီးပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သူတို့ လိုချင်တဲ့ အမှန်တရားအတွက် မျှတမှုကို ဒီကနေ့မှာ ရရှိသွားခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင် တဦး ဖြစ်သူ မိုက်ဒင်းဟာ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ရမယ့် ကွင်းလယ်ဒိုင်စာရင်း ကနေ ဖယ်ရှားခံခဲ့ရကြောင်း သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ် ၂-၂ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်ကို ကိုင်တွယ်ခဲ့စဉ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာကြောင့် အခုလို ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ပါတယ်။

အဆိုပါပွဲမှာ အာဆင်နယ်အသင်းဟာ အူဘာမီးယန်းရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှာ ပဲလေ့စ်ကို ၂ ဂိုးပြန်ပေးလိုက်ရတာကြောင့် အရှုံးနဲ့ ကြုံနိုင်မယ့် အနေအထား ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး နာကျင်အချိန်ပို မိနစ်ပိုင်းမှာ လာကာဇက်က ချေပဂိုး သွင်းနိုင်ခဲ့တာကြောင့် ၂-၂ နဲ့ သရေကျခဲ့ပါတယ်။

ထိုပွဲစဉ်အတွင်း မိုက်ဒင်းရဲ့ အကြီးမားဆုံး မှားယွင်းတဲ့ ဆုံးဖြတ်ချက် ကတော့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာကို ပဲလေ့စ် ကွင်းလယ်လူ အာသာက အနောက်ကနေ ကန်ကျောက်ခဲ့တာကို အဝါကတ်သာ ပြခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

ကစားသမား တဦးဟာ ဘောလုံးရယူရန် ရည်ရွယ်ချက် မရှိပဲ ပြိုင်ဘက် ကစားသမား တဦးအပေါ် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့ပါက တိုက်ရိုက် အနီကတ် ပြသရမှာ ဖြစ်ပေမယ့် မိုက်ဒင်း ကတော့ အာသာကို အဝါကတ်သာ ပြသခဲ့တာပါ။

အာဆင်နယ်မန်နေဂျာ အာတီတာကိုယ်တိုင်ကလည်း ဆာကာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ ဂျိမ်းမက်အာသာဟာ အနီကဒ်ရသင့်ပေမယ့် ဘာလို့ မပေးခဲ့လဲဆိုတာ နားမလည်နိုင်အောင်ပဲလို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ZG

အာဆင္နယ္အတြက္ တကယ္ကို စိတ္ပ်က္စရာ ကိစၥၾကီးပါပဲ။ ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက သူတို႔ လိုခ်င္တဲ့ အမွန္တရားအတြက္ မွ်တမႈကို ဒီကေန႔မွာ ရရွိသြားခဲ့ပါတယ္။

အဂၤလန္ ပရီးမီးယားလိဂ္ရဲ႕ ကြင္းလယ္ဒိုင္ တဦး ျဖစ္သူ မိုက္ဒင္းဟာ ယခုတပတ္မွာ ယွဥ္ၿပိဳင္ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ကိုင္တြယ္ရမယ့္ ကြင္းလယ္ဒိုင္စာရင္း ကေန ဖယ္ရွားခံခဲ့ရေၾကာင္း သိရပါတယ္။

သူဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္ ၂-၂ ခရစၥတယ္ ပဲေလ့စ္ ပြဲစဥ္ကို ကိုင္တြယ္ခဲ့စဥ္မွာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ခဲ့တာေၾကာင့္ အခုလို ဖယ္ရွားခံခဲ့ရျခင္း ျဖစ္ပါတယ္။

အဆိုပါပြဲမွာ အာဆင္နယ္အသင္းဟာ အူဘာမီးယန္းရဲ႕ အေစာပိုင္း သြင္းဂိုးနဲ႕ ပထမပိုင္းမွာ ဦးေဆာင္နုိင္ခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ ပဲေလ့စ္ကို ၂ ဂိုးျပန္ေပးလိုက္ရတာေၾကာင့္ အရွံဳးနဲ႕ ၾကံဳနိုင္မယ့္ အေနအထား ရွိခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး နာက်င္အခ်ိန္ပို မိနစ္ပိုင္းမွာ လာကာဇက္က ေခ်ပဂိုး သြင္းနုိင္ခဲ့တာေၾကာင့္ ၂-၂ နဲ႕ သေရက်ခဲ့ပါတယ္။

ထိုပြဲစဥ္အတြင္း မိုက္ဒင္းရဲ႕ အႀကီးမားဆုံး မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ ကေတာ့ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဆာကာကို ပဲေလ့စ္ ကြင္းလယ္လူ အာသာက အေနာက္ကေန ကန္ေက်ာက္ခဲ့တာကို အဝါကတ္သာ ျပခဲ့တဲ့ ဆုံးျဖတ္ခ်က္ပဲ ျဖစ္ပါတယ္။

ကစားသမား တဦးဟာ ေဘာလုံးရယူရန္ ရည္႐ြယ္ခ်က္ မရွိပဲ ၿပိဳင္ဘက္ ကစားသမား တဦးအေပၚ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈမ်ိဳး ျပဳလုပ္ခဲ့ပါက တိုက္႐ိုက္ အနီကတ္ ျပသရမွာ ျဖစ္ေပမယ့္ မိုက္ဒင္း ကေတာ့ အာသာကို အဝါကတ္သာ ျပသခဲ့တာပါ။

အာဆင္နယ္မန္ေနဂ်ာ အာတီတာကိုယ္တိုင္ကလည္း ဆာကာကို ျပစ္ဒဏ္ က်ဴးလြန္ခဲ့တဲ့ ဂ်ိမ္းမက္အာသာဟာ အနီကဒ္ရသင့္ေပမယ့္ ဘာလို႔ မေပးခဲ့လဲဆိုတာ နားမလည္ႏိုင္ေအာင္ပဲလို႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။