နည်းပြ အာတီတာကို အာဆင်နယ်ကနေ ထုတ်လိုက်ဖို့ တိုက်တွန်းလိုက်တဲ့ မော်ဂန်
အာဆင်နယ် ပရိသတ်ဖြစ်တဲ့ ပီယာ့စ်မော်ဂန် ကတော့ မကြာသေးခင်က ကလပ်အသင်းရဲ့ စွမ်းဆောင်ရည်တွေအတွက် အာဆင်နယ်နဲ့ နည်းပြ အာတီတာကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီ ၂၀၂၂ အတွင်းမှာ နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ပီယာ့စ်မော်ဂန် ကတော့ ကလပ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဆင့်(၄)အတွင်းဝင်ပြီး ရာသီ အဆုံး မသတ်နိုင်ရင်တော့ အာတီတာ ကို ထုတ်ပယ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေ အသင်းနဲ့ ဂိုးမရှိ သရေ ကျခဲ့တာပါ။ ဒါ့အပြင် လန်ဒန်ကလပ်ဟာ ဘန်လေနဲ့ ပွဲ အပါအဝင်နောက်ဆုံး(၄)ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒီ(၄)ပွဲမှာ လီဗာပူး ကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားက ထွက်ခဲ့ရသလို၊နောတင်ဟမ်ဖောရက်စ် ကို အရေးနိမ့်ပြီး အက်ဖ်အေ ဖလား ကနေလည်း ထွက်ခဲ့ရတာကြောင့် ဒီရာသီ ဖလား တစ်လုံးလောက် ယူဖို့ မျှော်လင့်ချက်ကိုလည်း မေ့လိုက်ရပြီ ဖြစ်ပါတယ်။
ဖလားပြိုင်ပွဲတွေကနေ ထွကခဲ့ရတာကြောင့် အာဆင်နယ် အသင်းအတွက် အာရုံစိုက်စရာက ပရီးမီးယားလိဂ်သာ ရှိတော့တာဖြစ်ပါတယ်။
ပီယာ့စ်မော်ဂန် က “ဒီရာသီမှာ အာတီတာ က ပေါင်သန်း(၁၅၀)သုံးပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပေမယ့် လိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နဲ့ ပြည်တွင်းဖလားကနေလည်း ထွက်ခဲ့ရပါပြီ။ ဒါပေမယ့် သူ့ကို ခရွန်ကီ က စာချုပ်သစ် ချုပ်တော့မယ် ဆိုပြီး အံသြစရာကောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်”
“ထိပ်သီး(၄)သင်းထဲ မဝင်ခဲ့ရင်တော့ ကလပ်အသင်းကြီး တသင်းအတွက် အလွန်နိမ့်ကျတဲ့ ရည်မှန်းချက်တခုပါပဲ။ အဲ့ဒါကြောင့် သူ့ကို လစာမတိုးပေးသင့်ပဲ ထုတ်ပစ်သင့်ပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ၂ မှတ် အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ZG
အာဆင္နယ္ ပရိသတ္ျဖစ္တဲ့ ပီယာ့စ္ေမာ္ဂန္ ကေတာ့ မၾကာေသးခင္က ကလပ္အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ အာဆင္နယ္နဲ႔ နည္းျပ အာတီတာကို ျပစ္တင္ ေဝဖန္လိုက္ပါတယ္။ အာဆင္နယ္ အသင္းဟာ ဒီ ၂၀၂၂ အတြင္းမွာ ႏိုင္ပြဲေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။
ပီယာ့စ္ေမာ္ဂန္ ကေတာ့ ကလပ္အသင္းအေနနဲ႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔အတြက္ အဆင့္(၄)အတြင္း၀င္ၿပီး ရာသီ အဆုံး မသတ္ႏိုင္ရင္ေတာ့ အာတီတာ ကို ထုတ္ပယ္သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ရက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဘန္ေလ အသင္းနဲ႔ ဂိုးမရွိ သေရ က်ခဲ့တာပါ။ ဒါ့အျပင္ လန္ဒန္ကလပ္ဟာ ဘန္ေလနဲ႔ ပြဲ အပါအ၀င္ေနာက္ဆုံး(၄)ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။
ဒီ(၄)ပြဲမွာ လီဗာပူး ကို အေရးနိမ့္ၿပီး ကာရာေဘာင္းဖလားက ထြက္ခဲ့ရသလို၊ေနာတင္ဟမ္ေဖာရက္စ္ ကို အေရးနိမ့္ၿပီး အက္ဖ္ေအ ဖလား ကေနလည္း ထြက္ခဲ့ရတာေၾကာင့္ ဒီရာသီ ဖလား တစ္လံုးေလာက္ ယူဖို႔ ေမွ်ာ္လင့္ခ်က္ကိုလည္း ေမ့လိုက္ရျပီ ျဖစ္ပါတယ္။
ဖလားျပိဳင္ပြဲေတြကေန ထြကခဲ့ရတာေၾကာင့္ အာဆင္နယ္ အသင္းအတြက္ အာ႐ုံစိုက္စရာက ပရီးမီးယားလိဂ္သာ ရွိေတာ့တာျဖစ္ပါတယ္။
ပီယာ့စ္ေမာ္ဂန္ က “ဒီရာသီမွာ အာတီတာ က ေပါင္သန္း(၁၅၀)သုံးၿပီး ကစားသမားသစ္ေတြကို ေခၚယူခဲ့ေပမယ့္ လိဂ္ၿပိဳင္ပြဲမွာ အဆင့္(၆)နဲ႔ ျပည္တြင္းဖလားကေနလည္း ထြက္ခဲ့ရပါၿပီ။ ဒါေပမယ့္ သူ႔ကို ခ႐ြန္ကီ က စာခ်ဳပ္သစ္ ခ်ဳပ္ေတာ့မယ္ ဆိုၿပီး အံၾသစရာေကာင္းတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္”
“ထိပ္သီး(၄)သင္းထဲ မ၀င္ခဲ့ရင္ေတာ့ ကလပ္အသင္းႀကီး တသင္းအတြက္ အလြန္နိမ့္က်တဲ့့ ရည္မွန္းခ်က္တခုပါပဲ။ အဲ့ဒါေၾကာင့္ သူ႔ကို လစာမတိုးေပးသင့္ပဲ ထုတ္ပစ္သင့္ပါတယ္” လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္ အသင္းဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားအဆင့္ ၄ ေနရာက မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ ၂ မွတ္ အကြာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။